အီတလီနိုင်ငံမှ ရဟန်းမင်းအမတ် အာခီးလီး စေဘက်စတရီးနီ ပျံလွန်တော်မူခြင်းအတွက် ရဟန်းမင်းကြီး အရှင်သူမြတ် ဝမ်းနည်းသဝဏ်လွှာပေးပို့ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် - ရဟန်းမင်းအမတ် အာခီးလီး စေဘက်စတရီးနီ

အီတလီနိုင်ငံမှ ရဟန်းမင်းအမတ် အာခီးလီး စေဘက်စတရီးနီ ပျံလွန်တော်မူခြင်းအတွက် ရဟန်းမင်းကြီး အရှင်သူမြတ် ဝမ်းနည်းသဝဏ်လွှာပေးပို့ခြင်း
သြဂုတ်လ ၃၀၊ ၂၀၁၉

အီတလီနိုင်ငံမှ ရဟန်းမင်းအမတ် အာခီးလီး စေဘက်စတရီးနီ သည် သြဂုတ်လ ၂၉ ရက်နေ့က ရောမမြို့တွင် အသက်တော် ၉၅ နှစ်အရွယ်တွင် ပျံလွန်တော်မူခဲ့ပါသည်။ ကာဒီနယ်ကြီး ပျံလွန်တော်မူ့ခြင်းအတွက်ဝမ်းနည်းပူဆွေးနေကြသူများထံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဝမ်းနည်းသဝဏ်လွှာပေးပို့ ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာတွင် ကာဒီနယ်ကြီးမှ ရဟန်းမင်းကြီးရုံးတော်၏ ကြီးမားသော တာဝန်များကို နှစ်ပေါင်းများစွာပေးဆပ်အနစ်နာခံလုပ်ဆောင်ခဲ့မူ့များအတွက်ကျေးဇူးတင်ကြောင်း၊ သူ၏ ခေါ်တော်မူခြင်းအသက်တာတလျှောက် လိုအပ်သူများ ကိုရူမြင်တပ်ခြင်း၊ ပြည့်ဝသော အရည်အခြင်းရှိခြင်း၊ သူ၏တာဝန်များတွင်ကြွမ်းကျင်ပိုင်နိုင်မူ့ရှိခြင်း နှင့် နုပ်ကပတ်တော်နှင့်အသင်းတော်အပေါ် တွင် သစ္စာစောင့်သိခြင်း များအတွက် ကျေးဇူးတင်ကြောင်း ပြောကြာပြီး ကာဒီနယ်ကြီး၏ ဆွေမျိုးသားခြင်းများ၊ သာသနာနယ်မှ သိုးစုများ နှင့်အတူ ဝမ်းနည်းရကြောင်း၊ အဖ ဘုရားသခင်သည် ကောင်းကင်ဘုံမှ ကြိုစိုနေပါမည့်အကြောင်း သဝဏ်လွှာကို ကာဒီနယ်ကြီး၏ တူမဖြစ်သူ မာရီယား လွီးဇာထံ ပေးပိုခဲ့ပါသည်။

By Kyi Maung
Credit to Vatican News
https://bit.ly/2lkTacE

Add new comment

3 + 10 =