Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အီတလီသို့ထွက်ပြေးလာရာပင်လယ်၌လှေမှောက်၍ရေနစ်သေဆုံးသော သူများအတွက်ပုပ်ဖရန်စစ် ၀မ်းနည်းပူဆွေး
အီတလီသို့ထွက်ပြေးလာရာပင်လယ်၌လှေမှောက်၍ရေနစ်သေဆုံးသော သူများအတွက်ပုပ်ဖရန်စစ် ၀မ်းနည်းပူဆွေး
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတတ်သည် Cutro မှအီတလီနိုင်ငံသို့၀င်ရောက်လာသောဒုက္ခသည်များပင်လယ်ပြင်၌လှေတိမ်းမှောက်၍ လူတစ်ဒါဇင်ခန့်အသက်ဆုံးရှုံးခဲ့ရပြီး အမြောက်အများရေနစ်ခဲ့ကြသူများအတွက်၀မ်းနည်းစကားဆိုသည်။
ဤအဖြစ်နှင့်စပ်လျင်း၍ ရဟန်းမင်းကြီးက လူကုန်ကူးနေကြသောသူများသည် အပြစ်မဲ့သောလူ့အသက်ပေါင်းမြောက်များစွာတို့ကို အသက်ဘေးနှင့်နီးသောဤအဖြစ်မျိုးသို့တွန်းပို့ခြင်းမှရပ်တန့်ကြပါစေ။
မျှော်လင့်ချက်ရေလမ်းသည် ဘ၀နိဂုံးချုပ်သောသေလမ်းအဖြစ်နောက်နောင်ဘယ် တော့မှမဖြစ်ရပါစေနှင့်။
ကြည်လင်ရှင်းသန့်နေသောမြေထဲပင် လယ်၏ ရေမျက် နှာပြင်သည် ယခုကဲ့သို့သောအဖြစ်ဆိုးကြောင့် ဘယ်တော့မှသွေးချောင်းဖြန့်ကျက်နေသောရေပြင်မဖြစ်ရပါစေနှင့်။
ဘုရားသခင်သည် ကျွန်ုပ်တို့အားအနိဌာရုံဖြစ်အင်ကိုနားလည်နိုင်ရန်ခွန်အားကိုလည်းကောင်း၊ ၀မ်းနည်းစိတ်မကောင်းဖြစ်တတ်သောစိတ်ကိုလည်းပေးသနားတော်မူပါစေဟု၀မ်းနည်းစွာဖြင့်ဆုတောင်းပေးခဲ့့သည်။
ထို့အတူ ဂရိနိုင်ငံ၌လည်း ရထားမတော် တဆမှုဖြစ်ပွားပြီး လူ (၄၀) ထက်မနည်းအသက်ဆုံးရှုံးခဲ့ရသည့်သတင်းကြောင့်လည်းထပ်မံ၀မ်းနည်းပူဆွေးရပြန်သည်။ ရထားမတော်တဆမှု၌အသက်ဆုံးရှုံးသွားခဲ့သူအများပိုင်းသည် ဆက်ကျော်သက်များဖြစ်ကြသည်။ အသက်ဆုံးရှုံးသွားသူများအတွက်ဆုတောင်းပေးလျှက်ရှိသည်။ ထို့အတူ ဒဏ်ရာရရှိသောခရီး သည်များ၊ ၄င်းတို့အားလုံး၏မိသားစု၀င်များအား အမိမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းဖြင့်နှစ်သိမ့်ခြင်းခွန်အားကိုရရှိကြပါစေဟုတနင်္ဂနွေနေ့မွန်းတည့်ချိန် အန်ဂျေလူးဆုတောင်း မေတ္တာရွတ်ဆိုချိန်၌မိန့်ကြားခဲ့သည်။
ယခုတစ်ကြိမ်သည် ဥပုသ်စောင့်ပြီးနောက် ရဟန်းမင်းကြီးမှ ပထမဦးဆုံးတစ်ကြိမ်လူထု၏မျက်မှောက်သို့ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ (romereports)
အာဗီအေဘာသာပြန်- ဖာသာရ် ကလဲမင့်အားတယ်
Add new comment