အီတလီသမ္မတသည် ပုပ်ပေါလ် (၆) ၏အပြည်ပြည်ဆိုင်ရာဆုတံဆိပ်လက်ခံရရှိ

အီတလီသမ္မတသည် ပုပ်ပေါလ် (၆) ၏အပြည်ပြည်ဆိုင်ရာဆုတံဆိပ်လက်ခံရရှိ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဤဆုကိုပြီးခဲ့သောတနင်္လာနေ့က သမ္မတကြီးအားပေးအပ်ခဲ့သည်။ ဤဆုကို ရဟန်းမင်းကြီး (၆) အားကြည်ညိုလေးစားသောသူများအဖွဲ့က (၁၉၇၉) တွင်စတင်သတ်မှတ်ပေးအပ်လာခဲ့သည်။

ရဟန်းမင်းကြီးပေါလ် (၆) သည် ရဟန်းမင်းကြီးဂျွန် (၂၃) အား ဆက်ခံခဲ့ပြီး ရဟန်းမင်းကြီးဂျွန် (၂၃) စတင်ခဲ့သော ‘ဗာတီကန် (၂) အစည်းအဝေး ကိုရဟန်းမင်း ကြီးပေါလ် (၆) ကပြီးဆုံးသည်အထိဆက်လက်ဦးဆောင်းကျင်းပခဲ့သည်။ ကမ္ဘာပေါ်၌ ဘာသာရေးအ နစ်သာရပြန့်ပွားအောင်ကြိုးစားလုပ်ဆောင်သောသူများအား ဤဆုကိုချီးမြှင့်လေ့ရှိသည်။

ဤဆုကို ဗာတီကန်ရှိ ‘ကလဲမဲန်တိုင်း’ ခမ်းမ၌ချီးမြှင့်ခဲ့သည်။ အခမ်းအနားသို့တက်ရောက် လာကြသောပရိသတ်များအား ရဟန်းမင်းကြီးပေါလ် (၆) မှပြီးစီးအောင်ဦးဆောင်ကျင်းပပေးခဲ့သော ဗာတီကန် (၂) ၏ကြေညာချက်သည် အလွန်အရေးကြီးကြောင်း၊ အထူးသဖြင့်ဘာသာတူခရစ်ယာန်တို့၏တာ၀န်နှင့်လုပ်ပိုင်ခွင့်များကိုဦးစားပေးဖော်ပြထားကြောင်း၊ အထူးသဖြင့်နိုင်ငံ့အရေး၌ ဘာသာတူများပါ၀င်ခြင်းသည် အမြင့်ဆုံးသောကရုဏ ရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

နိုင်ငံ့အရေးကိုလုပ်ဆောင်ရာ၌ အဘယ်သို့ကရုဏာရေးလုပ်ငန်းအဖြစ်သို့ပြောင်းလဲနိုင်မည်၊ နိုင်ငံ့အရေးလုပ်ဆောင်ရင်း ချစ်ခြင်းမေတ္တာ၌အဘယ်သို့ရှင်သန်ရမည်ကိုစဉ်းစားရမည်။ ဤအဖြေကား ‘အလုပ်အကျွေးပြုခြင်း’ ဟူသည့်စကားလုံး၌ပူးတွဲပါပြီးဖြစ်သည်။

ရဟန်းမင်းကြီးစိန်ပေါလ် (၆) သည်လည်း ရာထူးရာခံကြီးမားသူများအနေဖြင့် ၄င်းတို့သည် နိုင်ငံသားတို့၏အစေခံများဖြစ်ကြသည်ကိုမမေ့ရန်၊ ထို့ကြောင့် ကိုယ်ကျိုးမငဲ့ဘဲ ရိုးသားဖြောင့်မတ်စွာဖြင့် ၄င်းတို့၏ တာ၀န်ကိုထမ်းဆောင်ရမည်။

ရဟန်းမင်းကြီးဖရန်စစ်က အကယ်၍ အလုပ်ကျွေးပြု ရန်အသက်မရှင်လျှင် သူသည်အသက်လည်းမရှင်ကြောင်း၊ အခြားသူများအတွက်လုပ်ဆောင်ရန်ဟုပြောရာ၌လွယ်ကူသလောက် လက်တွေ့၌ခက်ခဲကြောင်ကို ယေဇူးသခင်ကိုယ်တော်တိုင်လည်းမိန့် ကြားခဲ့သည်။

ယခုကဲ့သို့ ရဟန်းမင်းကြီးပေါလ် (၆) ၏ဆုတံဆိပ်ကိုချီးမြှင့်ခြင်းဖြင့် အီတလီသမ္မတအား သူအလုပ်အကျွေးပြုခဲ့သည်ကို ထိုက်တန်စွာဂုဏ်ပြုခွင့်ရခြင်းဖြစ်ကြောင်း၊ လူသားတစ်ဦး၏အသက်တာ၌အမြတ်ဆုံးသောဆွတ်ခူးမှုဖြစ်ကြောင်း၊ သမ္မတသည် အနားယူရန်ကြာမြင့်စွာစောင့်စားနေခဲ့သော်လည်း နိုင်ငံတော်၊ ပြည်သူ၏ လို အပ်ချက်ကိုငဲ့၍ ပြန်လည်အမှုထမ်းခြင်းဖြစ်သည်ကိုလည်းထည့်သွင်းမိန့်ကြားခဲ့သည်။

အလုပ်သည်တာ၀န်ခံမှုနှင့်ဘက်မျှစွာဖော်ဆောင်ရသည်။ လုပ်ဆောင်ရန်အသင့် ရှိကြောင်း ပြသနိုင်ရမည်။ မိမိလက်ခံသည့်အတိုင်းလည်းကြိုးစားလုပ်ဆောင်ရမည်။ အခြားသူများလုပ်ဆောင် သည်အထိစောင့်စိုင်းရန်မဟုတ်။ တာ၀န်ခံမှုနှင့်အစေခံခြင်သည် ရဟန်းမင်းကြီးစိန့်ပေါလ် (၆) ၏ လူမှုရေးအဖွဲ့အစည်း၏အခြေခံအုတ်မြစ်ပင်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/45z5ZSx

Add new comment

1 + 4 =