အီတလီလေကြောင်းလိုင်းအသစ်နဲ့ ပုပ်ဖရန်စစ် တမန်တော်ကြီးခရီးစဉ်အတွက်ပြင်ဆင်ခဲ့

အီတလီလေကြောင်းလိုင်းအသစ်နဲ့ ပုပ်ဖရန်စစ် တမန်တော်ကြီးခရီးစဉ်အတွက်ပြင်ဆင်ခဲ့

အီတလီလေကြောင်းလိုင်းအသစ်နဲ့ ပုပ်ဖရန်စစ် တမန်တော်ကြီးခရီးစဉ်အတွက်ပြင်ဆင်ခဲ့

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဒီဇင်ဘာလထဲမှာ ဆိုင်းပရပ်စ် ကို တမန်တော်ကြီးခရီးစဉ်ပြုဘို့ စီစဉ်ခဲ့တာဖြစ်ပြီး ပုံမှန်သွားနေကျ အီတလီလေကြောင်းလိုင်းဖြစ်တဲ့ အာလ်အီတားလီယာ လေကြောင်းနဲ့ မဟုတ်တော့ပဲ ဒီတခါမှာတော့ အီတလီနိုင်ငံပိုင်လေကြောင်းလိုင်းအသစ်ဖြစ်တဲ့ အိုင်တီအေ လေကြောင်းနဲ့ ခရီးထွက်ခွာမှာဖြစ်ပါတယ်။

Pope St. Paul VI အချိန်အခါကထဲက ယခုထိတိုင်အောင် ၅၇ နှစ်တာ ဗာတီကန်နဲ့ ချိပ်ဆက်ခဲ့တဲ့ အာလ်အီတားလီယာ လေကြောင်းလိုင်းဟာ အောက်တိုဘာ ၁၅ ရက်နေ့ကထဲက ဒေဝါလီခံလိုက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

Aviaci အွန်လိုင်းသတင်းအရ၊ လေကြောင်းအသစ်ဟာ အာလ်အီတားလီယာ ကဲ့သို့ပင် ပုံစံရှိတဲ့ လေကြောင်းဖြစ်ကြောင်း သို့သော် ယခင်လေကြောင်းလိုင်းရဲ့ ထုံးတမ်းစဉ်လာ အတိုင်း “Shepherd One” လို့ခေါ်တဲ့  ပုပ်ရဟန်းမင်းကြီးများအတွက် ဝန်ဆောင်မှုပေးကာပြေးဆွဲပေးတဲ့ လေကြောင်းလိုင်းဖြစ်မည် မဖြစ်မည်ကိုတော့ ဖော်ပြခြင်းမရှိသေးပါဘူး။

ITA လေကြောင်းလိုင်းရဲ့ စီအီးအို တာဝန်ခံအရာရှိကတော့ ၎င်းတို့လေကြောင်းလိုင်းအသစ်မှာ  ပါပါးဖရန်စစ် စီးနင်းလိုက်ပါခြင်းအပေါ် စိတ်လှုပ်ရှားဝမ်းမြောက်ပျော်ရွှင်ရတယ်လို့ဆိုပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3lruR9j

 

Add new comment

3 + 0 =