အီတလီရောက်မြန်မာမိသားစုများစုပေါင်း၍ ရန်ပုံငွေဈေးရောင်းပွဲတော်ပြုလုပ်ကာ ရရှိသည့်ငွေများအား ကရင်နီပြည်နယ်သို လှူဒါန်းမည်

အီတလီရောက်မြန်မာမိသားစုများစုပေါင်း၍ ရန်ပုံငွေဈေးရောင်းပွဲတော်ပြုလုပ်ကာ ရရှိသည့်ငွေများအား ကရင်နီပြည်နယ်သို လှူဒါန်းမည်

အီတလီရောက်မြန်မာမိသားစုများစုပေါင်း၍ ရန်ပုံငွေဈေးရောင်းပွဲတော်ပြုလုပ်ကာ ရရှိသည့်ငွေများအား ကရင်နီပြည်နယ်သို လှူဒါန်းမည်
 
မြန်မာနိုင်ငံအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် ရန်ပုံငွေစျေးပွဲတော်ကို ရောမမြို Largo domus de Maria, 7, 00148, Ponte Galeria ဒေသတွင်တည်ရှိသော Parrocchia – Santuario S. Maria Madre della Divina Grazia ၌ မတ်လ ၁၂ ရက်၊ စနေနေ့တွင်  ပြုလုပ်သွားမည်ဟု အစီအစဉ်ကို ဦးဆောင်ပြုလုပ်မည့် အီတလီရောက် မြန်မာကက်သလစ်ဘုန်းတော်ကြီးတစ်ပါး၏ ပြောပြချက်အရသိရပါသည်။
 
မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ၊ မြန်မာ့စားစရာ နေ့လယ်စာ၊ ကလေးများအတွက် အထူးအစီအစဥ်များ၊ အစားအသောက်နှင့် အမှတ်တရပစ္စည်းများ ရောင်းချပေးခြင်းများအပြင် တိုင်းရင်းသားရိုးရာအကများ၊ တေးသီချင်းများဖြင့် နံနက် ၁၁:၀၀ နာရီမှ မွန်းလွဲ  ၃:၀၀ နာရီအထိ ကျင်းပ ပြုလုပ် သွားမှာဖြစ်ကြောင်း၊ထိုကဲ့သို ကျင်းပ၍ တစ်နေ့တာ ရရှိသည့် အလှူငွေများအားလုံးကို ကရင်နီပြည်နယ်သို ရာနှုန်းပြည့် ထောက်ပံ့ကူညီခြင်းဖြင့် လှူဒါန်းသွားမည်ဖြစ်ကာ ကရင်နီဘက်သို လှူဒါန်းရခြင်းသည် “ကရင်ပြည်နယ်ဘက်ရှိညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေဟာ တော်တော်လေးကို ဆိုးဝါးနေတယ်လိုကြားသိရတယ်။ အဲ့လိုကြားရတော့ ဘုန်းဘုန်း စိတ်ထဲမှာမကောင်းဘူး။ ငါတို လုပ်ပေးနေတဲ့ လက်သုံးချောင်းထောင်နေရုံ ၊ ဆု တောင်း ပေးနေရုံနဲ့ မဖြစ်တော့ဘူး။ ဘာလုပ်ပေးနိုင်မလဲလိုတွေးမိတယ်။ အဲ့ဒါနဲ့ တွေးရင်း အခုလိုမျိုး ရန်ပုံငွေရှာပြီး ရတဲ့ငွေကို လှူဒါန်းမယ့်အစီအစဉ်လေးဖြစ်လာခဲ့တာပေါ့။ သူတိုအတွက် ထိရောက်တဲ့ အကူအညီမျိုးကိုပေး ချင်တယ်။ အများကြီး မလှူနိုင်သေး ပေးမယ့် တောထဲမှာရောက်နေတဲ့ သူတိုအတွက် စားစရာနဲ့ ကျန်းမာရေးအတွက် ဆေးဖိုးလောက်တော့ အသုံးပြုလိုရမှာပါ ‘’ ဟု ၎င်းဘုန်းတော်ကြီးက RVA News ကိုပြောပြပါသည်။

အီတလီရောက်မြန်မာများအနေဖြင့် ယခင်ကလည်း မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တရားမျှတပြီး ပြန်လည်သင့်မြတ်စေရေးအတွက် ဘုရားဖူးလမ်းလျှောက်ခြင်းများ၊ ဆန္ဒထုတ်ဖော်ြခင်းများ၊ ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို အခါအားလျှော်စွာ လုပ်ဆောင်ပေးခဲ့ကြပါသည်။ 
 
ကရင်နီ/ကယားပြည်နယ်တွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ယခုနှစ်အစ ပိုင်းမှစတင်ကာ တိုက်ပွဲများပိုမိုပြင်းထန်လာရာ ကရင်နီပြည်နယ်အတွင်းရှိ ကက်သလစ်တိုက်နယ် (၁၆) ခု ပိတ်သိမ်းထားလိုက် ရသည်ဟု လွိင်ကော် သာသနာအတွင်းမှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကလည်း ပြောကြားထားပါသည်။
 
ကရင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် ဘုရားကျောင်း (၆) ကျောင်းသည်  လက်နက်ကြီးများကျခြင်းကြောင့် ပျက်စီးမှုများ ရှိခဲ့သည်။
စစ်ပွဲအရှိန် ပြင်းထန်လာမှုကြောင့် ကရင်နီပြည်နယ်အတွင်းမှ  ကက်သလစ် ဘုန်းတော် ကြီးများ ၊ သီလရှင်များအပါအဝင် ပြည်သူ တစ်သိန်းခုနှစ်သောင်းကျော် စစ်ဘေး ရှောင်နေကြရပြီး လက်ရှိတွင် ဒီမောဆို ၊ မိုးဗြဲ အပါအဝင် ကရင်နီဒေသနေရာ တော်တော်များများ၌ နှစ်ဖက်တိုက်ပွဲများ ၊ လေကြောင်းမှ ပစ်ခက်မှုများဖြင့် တိုက် ခိုက်ခံ နေရဆဲဖြစ်သည်ဟု ဒေသခံ မီဒီယာများ၏ ဖော်ပြထား ချက်များအရလည်းသိရပါသည်။
 
သတင်း-ပင်ကီ

Add new comment

8 + 7 =