အီတလီရောက်မြန်မာကက်သ လစ် ကိုယ်စားလှယ်များ ပုပ်ဖရန်စစ်နှင့် အထူးမစ္ဆားအတွက် ဗာတီကန်၌ ကြိုတင်အစည်း အဝေးပြုလုပ်

အီတလီရောက်မြန်မာကက်သ လစ် ကိုယ်စားလှယ်များ ပုပ်ဖရန်စစ်နှင့် အထူးမစ္ဆားအတွက် ဗာတီကန်၌ ကြိုတင်အစည်း အဝေးပြုလုပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ မအားလပ်တဲ့ အချိန်ဇယားများကြားမှ မြန်မာပြည်အတွက်သတိယစဉ်းစားပေးကာ ရောမရောက်မြန်မာများနဲ့ အတူ မြန်မာပြည်အတွက် အထူးဆုတောင်း ဝတ်ပြုခြင်းမစ္ဆားတရားတော်မြတ်ကို မေလ ၁၆ ရက် သခင်ယေဇူးကောင်း ကင်ဘုံသို့ တက်သောပွဲတော်နေ့ကြီးမှာ အထူးပူဇော်ပေးသွားဘို့ အချိန်ဇယား ယာထားပြီးဖြစ်ပါတယ်။

အထက်ပါအထူးမစ္ဆားတရားတော်အတွက် ဒီနေ့ ( ၄ ၊ ၅ ၊ ၂၀၂၁) မှာတော့ ရောမရောက်မြန်မာကက်သလစ် ရဟန်း၊ သီလရှင်များအဖွဲ့ရဲ့ ကိုယ် စားလှယ်တော် ရဟန်းသီလရှင်အချို့ဟာ ဗာတီကန်မှာ အ စည်းအဝေး တက်ရောက်ခဲ့ကြတာပါ။

ကိုယ်စားလှယ်တော်များဟာ ဝတ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီ၏ တာဝန်ခံ မွန်ဆီညော် Monsignor Guido Marini နဲ့ ဗာတီကန်မှာတွေ့ ဆုံခဲ့ကြပြီး၊ အီတလီရောက်မြန်မာများအနေနဲ့ အထက်ပါပုပ်ဖရန်စစ်နှင့်အထူးဆုတောင်းဝတ်ပြုခြင်းမစ္ဆား အစီစဉ်မှာ မည်သည့်ကဏ္ဍမှ ပါ ဝင် ကူညီပေးနိုင်မယ့်အ ကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း၊

ဆုံးဖြတ်ချက်အရ မစ္ဆားတရားတော်ကို မေလ ၁၆ ရက် သခင်ယေဇူးကောင်းကင်ဘုံတက်သော ပွဲတော်နေ့ကြီးမှာ၊ ဗာတီကန်အတွင်းရှိ စိန့်ပီတာဘာဆီးလီကား ဘုရားကျောင်းတော်ကြီးမှာ ရောမစံတော်ချိန် နံနက် ၁၀:၀၀ နာရီ ( မြန်မာစံတော်ချိန် မွန်းလွဲ ၂:၃၀ နာရီ) ၌ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊

"အရှင်သူမြတ်အနေနဲ့ မြန်မာပြည်နဲ့ပြည်သူပြည်သားများကိုအထူးချစ်ခင်မြတ်နိုးပြီး အခုလို အထူးဆုတောင်းပွဲအတွက် တကူးတက အချိန်ပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း၊ မြန်မာပြည်အတွက် တတ်နိုင်တဲ့ဘက်မှ ပါဝင် လုပ်ဆောင်ပေးခွင့်ရလို့ ကြည်နူးမိပါကြောင်း၊ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ တာဝန် ခံ မွန်ဆီညော် Guido Marini နဲ့ တွေ့ဆုံခဲ့ကြတဲ့ကိုယ်စားလှယ်များကတော့ Fr.Moris Moe Aung, MF

Fr. Bosco Mung Sawng (Bamaw Diocese)

Sr .Cecilia Win SCCG နဲ့ ၎င်းကိုယ်တိုင်ပင်ဖြစ်ပါတယ်" လို့ အစီအစဉ် တာဝန်ခံ ယေဇူးအသင်းဂိုဏ်းမှ Bro. PV Joseph Buan Sing ,SJ က ပြောကြားခဲ့ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

#PrayForMyanmar #peaceandjusticeformyanmar #SaveMyanmar #grazie #Vatican #stpeterbasilica #PapalMassforMyanmar

Add new comment

2 + 15 =