အီတလီမှ ကက်သလစ်ဘုန်းတော်ကြီးတပါးမှ အီစတာမစ္ဆား ကို ဘုရားကျောင်း အမိုးပေါ်မှ ဟောကြား

အီတလီမှ ကက်သလစ်ဘုန်းတော်ကြီးတပါးမှ အီစတာမစ္ဆား ကို ဘုရားကျောင်း အမိုးပေါ်မှ ဟောကြား

ကိုရိုနာကပ်ဘေးကြောင့် ဘုရားကျောင်းများ ပိတ်ပြီး အိမ်မှာပဲ နေကြရတဲ့ ဘာသာဝင်များ အီစတာပွဲတော် မစ္ဆားဝတ်ပြုခြင်းမှာ ပါ၀င်နိုင်ဘို့ ရောမမြို့မှ ကက်သလစ် ရဟန်း တပါးဟာ ဘုရားကျောင်းခေါင်မိုးပေါ်မှာ ပြင်ဆင်ပြီး မစ္ဆားဟောကြားခဲ့ရာမှာ ဘာသာဝင်များမှ ၄င်းတို့ရဲ့ အိမ်ပြတင်းပေါက်များ စင်္ကြန်များကနေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အခုလို မြင်သာအောင် မစ္ဆားဟောပေးခြင်းက ဘာသာ၀င်များအတွက် သူတို့တွေဟာ အထီးကျန်နေကြသူတွေမဟုတ်ပါဘူး သိုးထိန်းက ၄င်းတို့နဲ့ အတူရှိနေပါတယ် ဆိုတာကို ပြခြင်း ခံစားစေခြင်းဖြစ်ပါတယ်လို့ ဘုန်းတော်ကြီး Fr. Carlo Purgatorio ကပြောကြားခဲ့ပါတယ်။

တချို့ကလည်း Live stream မစ္ဆားကို ပါ၀င်ကြကြောင်းနဲ့ ကျောင်းခေါင်မိုးက ဟောကြားတဲ့ မစ္ဆားမှာတော့ မိသားစု ၁ ဒါဇင်ထက်မက ပါ၀င်ကြကြောင်း
ရဟန်းဘုန်းတော်ကြီးဆိုတာ Showman မင်းသားမဟုတ်ပါဘူး ဧဝံဂေလိ သတင်းကောင်းကို ကြေငြာဘို့ နှိမ့်ချစွာနဲ့ ယုံကြည်ခြင်းကို သက်သေခံဘို့ အမြဲသတိယသူ သာဖြစ်ပါတယ်လို့ Fr.Carlo က CNA ကို ပြောကြားခဲ့တာပါ။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/34BCLmO

 

Add new comment

1 + 14 =