အီတလီမှာ ကေဘယ်ကား ပျက်ကျ၍ သေဆုံးခဲ့သူ ၁၄ ဉီးအတွက် ဆရာတော်ကြီးများ ဆုတောင်း

အီတလီမှာ ကေဘယ်ကား ပျက်ကျ၍ သေဆုံးခဲ့သူ ၁၄ ဉီးအတွက် ဆရာတော်ကြီးများ ဆုတောင်း

အီတလီမှာ ကေဘယ်ကား ပျက်ကျ၍ သေဆုံးခဲ့သူ ၁၄ ဉီးအတွက် ဆရာတော်ကြီးများ ဆုတောင်း

အီတလီနိုင်ငံ မြောက်ပိုင်း၊ Mottarone Mountain ဘက်ခြမ်းမှာ မေလ ၂၃ ရက်နေ့က ကေဘယ် လျှပ်စစ် ကား ပျက်ကျမှုဖြစ်ပွားခဲ့ပြီး ၁၄ ဉီး သေဆုံးခဲ့ ပါတယ်။

အီတလီကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ဉက္ကဌ ဖြစ်သူ
Cardinal Gualtiero Bassetti က သေဆုံးသူများနဲ့ ကျန်ရစ်သူမိသားစုများနဲ့ ထပ်တူဝမ်းနည်းကြောင်း နီးကပ်စွာရှိနေပါကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ရုတ်တရက်ကြားရတဲ့ ဒီအဖြစ်အတွက် ကျွန်ုပ်တို့အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။ အပန်းဖြေကာလ မိသားစု လိုက်အပန်းဖြေ ထွက်နေကြသူတွေလည်းပါတော့ ပိုပြီးစိတ်မကောင်းဖြစ်ရတယ်လို့ ဆရာတော်ကြီးကဆိုပါတယ်။

လျှပ်စစ်ကား ပျက်ကျခဲ့သည့် နေရာ Novara သာသနာ မှ ဆရာတော်ကြီး Bishop Franco Giulio Brambilla ကလည်း သန့်ရှင်းသော၀ိညာဉ်တော်၏ အလင်းကျေးဇူးတော်သည် မိသားစုများအပေါ်သက်ရောက်ပ့စေရန် ဆုတောင်းပေးခဲ့ပါတယ်။

ကိုဗစ်ကာလ အတော်ကြာပိတ်ထားခဲ့ရာမှ မိုးပျံ ကေဘယ် ကားများ ပြန်လည်ပြေးဆွဲခွင့်ကို အီတလီမှ တရားဝင်ခွင့်ပြုအပြီး နောင်တရက်မှာ ဒီမတော်တဆမှုဖြစ်ခဲ့ကြောင်း

ပျက်ကျရခြင်းအ​ကြောင်းအရင်း အားနည်းချက်များကို စမ်းသပ်စစ်ဆေးမှုများပြုနေဆဲဖြစ်ကြောင်း

သေဆုံးသူများထဲတွင် ကလေးငယ် တဉီး နှင့် အီစရာအဲလ်မှ ၆ ဉီးပါဝင်ကြောင်း၊ နောက်ထပ်ကလေးငယ်တဉီးကတော့ အသက်ရှင်ကျန်ခဲ့ပေမယ့် တူရင်း ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း

သာသနာအတွင်းမှာ ၀မ်းနည်းကြေကွဲခြင်းနဲ့အတူ သေဆုံးသူများနဲ့ ကျန်ရစ်သူ မိသားစု များ ဆေးကုသ နေ့သည့်ကလေးငယ် အားလုံးအတွက်အထူးဆုတောင်းပေးနေကြတာပါ။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3uftTi1

Add new comment

11 + 3 =