အီတလီမှာ ကိုဗစ်ကြောင့် ရဟန်းတော် ၂၈ ပါး ပြန်လွန်

အီတလီမှာ ကိုဗစ်ကြောင့် ရဟန်းတော် ၂၈ ပါး ပြန်လွန်

အီတလီမှာ ကိုဗစ်ကြောင့် ရဟန်းတော် ၂၈ ပါး ပြန်လွန်

အီတလီ နိုင်ငံ မီလန်မြို့အနီးတဝိုက် ရှိ သာသနာများ၏ သတင်းပေးပို့ချက်အရ အီတလီ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စုစုပေါင် ရဟန်း အပါး ၃၀ လောက် ပျံလွန်ပြီးဖြစ်တယ်လို့ဆိုပါတယ်။

အီတလီ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ပိုင် သတင်းစာ ဖြစ်တဲ့ Avvenire မှာတော့ ၂၈ ပါး ပျံလွန်ကြောင်း ဖော်ပြထားပါတယ်။ ပျံလွန်သည့် ရဟန်းများထဲတွင် အသက်အငယ်ဆုံး တပါးပါ၀င်ပြီး ၄င်းဟာ သက်တော် ၅၄ နှစ်ရှိပြီဖြစ်​ကာ ၃ပါး မှာ သက်တော် ၇၀ နှင့် ကျန်သည့် ရဟန်းများကတော့ သက်တော် ၈၀ ရှိပြီဖြစ်ကြောင်း ဆိုပါတယ်။

ရဟန်းအများဆုံး ပျံလွန်သော သာသနာမှာ Bergamo သာသနာမှဖြစ်ပြီး ပုပ်ဖရန်စစ်ကလည်း မတ်လ ၁၈ ရက်နေ့က အထက်သာသနာ ၏ ဆရာတော်အား ဆုတောင်းပေးနေကြောင်းနှင့် ဆုတောင်းခြင်းအားဖြင့် နီးကပ်လျှက်ရှိကြောင်းမြွက်ဆိုခဲ့ပါတယ်။

အီတလီနိုင်ငံမှာ စုစုပေါင်း လူ ၃၀၀၀ နီးပါးဟာ တလအတွင်းမှာ သေဆုံးသွားကြကြောင်းနှင့် မတ်လ ၁၈ ရက် စစ်တမ်းအရ ကူးစက်ခံရသူ ဉီးရေ ၃၅၇၀၀ ရှိပြီဖြစ်ကြောင်း ကို CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: AFP via Getty Images

https://bit.ly/3b9eFBW

 

Add new comment

2 + 4 =