အီတလီမြောက်ပိုင်းသို့ ပုပ်ဖရန်စစ် စာရေးသားပေးပို့

အီတလီမြောက်ပိုင်းသို့ ပုပ်ဖရန်စစ် စာရေးသားပေးပို့

အီတလီမြောက်ပိုင်းသို့ ပုပ်ဖရန်စစ် စာရေးသားပေးပို့

ကိုဗာစ် ၁၉ ကိုရိုနာရောဂါပိုး ၏ရလာဒ်အဖြစ် ဒုက္ခခံနေကြရသူများအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အီတလီမြောက်ပိုင်းသို့စာရေးသားပေးပို့ခဲ့ပြီး ဒီစာကိုပါဒူအာ နေ့စဉ်သတင်းစာမှာ ဖော်ပြထုတ်ဝေခဲ့တယ်လို့ဆိုပါတယ်။
ပါဒူအာ သတင်းစာအားဖြင့် ထုတ်ဝေခဲ့ခြင်းသည် တမြို့လုံးသို့ သတင်းရောက်ရှိနိုင်ရန်ဖြစ်ပြီး ဤနည်းအားဖြင့် အားလုံးဆီသို့ စာရောက်ရှိရန် နှင့် အားလုံးကိုရေးခြင်းဖြစ်​သည်ဟု ဆိုပါသည်။
အီတလီမြောက်ပိုင်းဒေသ မြို့လေးဖြစ်တဲ့ ပါဒူအာ ဟာ ဒီနှစ်အတွက် ဉရောပရဲ့ စေတနာ့၀န်ထမ်းဆက်ကပ်မြို့တော်အဖြစ်သတ်မှတ်ခြင်းခံထားရတာမို့ ၄င်းတို့ရဲ့ အချိန်နဲ့ အတတ်ပညာများကို ကမ္ဘာသိအောင် မျှ ဝေ ပေးတဲ့အတွက် ဂုဏ်ယူကြဘို့ ဆိုရင်း ပါဒူအာက ရွေးချယ်ထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "အီတလီကို အတူတကွဖာထေးချုပ်ခြင်း" ဆိုသည့်ဆောင်ပုဒ်ဖြင့် ၄င်း၏ စာထဲတွင် အရှင်သူမြတ်က အခုလို အဆုံးသတ်ထားပါတယ်။ Stitch ဆိုသည့် စကားလုံးသည် ဖာထေးရာ ချုပ်ရာတွင် အသုံးပြုတာမို့ အနာတရတွေ ပေါက်ပြဲထိရှ ခြင်းတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ကြောင်းဆိုကာ ကိုရိုနာပိုးကြောင့် ဒုက္ခရောက်နေသူများ သက်​ကြီးရွယ်အိုများနှင့် ချစ်ခင်သူများ သေဆုံးရခြင်းကြောင့် ၀မ်းနည်းနေကြသူအားလုံးအတွက် ၄င်းရဲ့ ဆုတောင်းမေတ္တာနှင့် ကောင်းကြီးမင်္ဂလာကိုပေးခဲ့ပါသည်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo courtesy: ANSA

 

http://bit.ly/2U1QrT9

 

Add new comment

1 + 4 =