အီတလီနိုင်သမ္မတအဖြစ် ဒုတိယသက်တမ်းပြန်လည်ရွေးကောက်ခံရသော Mattarella အား ပုပ်ဖရန်စစ်သည် ဂုဏ်ပြုစကားမိန့်ကြားခဲ့

အီတလီနိုင်သမ္မတအဖြစ် ဒုတိယသက်တမ်းပြန်လည်ရွေးကောက်ခံရသော Mattarella အား ပုပ်ဖရန်စစ်သည် ဂုဏ်ပြုစကားမိန့်ကြားခဲ့

အီတလီနိုင်သမ္မတအဖြစ် ဒုတိယသက်တမ်းပြန်လည်ရွေးကောက်ခံရသော Mattarella အား ပုပ်ဖရန်စစ်သည် ဂုဏ်ပြုစကားမိန့်ကြားခဲ့

 

အီတလီနိုင်ငံ၏သမ္မတအဖြစ် ဒုတိယသက်တမ်းအတွက်ပြန်လည်အရွေးခံရသော Sergio Mattarella အား ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကြိုဆိုဂုဏ်ယူကြောင်း ကြေးနန်း စာဖြင့်ပေးပို့ခဲ့သည်။

စည်းလုံးခြင်းရှိစေရန်လုပ်ဆောင်ရာ ၌ ယခင်ကထက်ပိုမို လုပ်ဆောင်ရန် ကိုလည်း မျှော်လင့်ပါကြောင်းကိုလည်းထည့်သွင်းမိန့်ကြားခဲ့သည်။

သမ္မတသည် အသက် (၈၀) ရှိပြီဖြစ်ပြီး၊ သူသည် မဲပေးသူ (၉၈၃) မဲအနက် (၇၅၉) မဲဖြင့် အပြတ် အသတ်အနိုင်ရခဲ့ကြောင်း  ဤမဲအ ရေအတွက်သည် သတ်မှတ်ချက် ထက်များစွာ ကျော်လွန် ခဲ့သည်။ လိုအပ်သော မဲအရေအတွက်မှာ (၅၀၅) မဲသာဖြစ် သည်။ ယခုသူရလိုက်သောမဲသည် ပထမသက်တမ်း (၂၀၁၅) က သူရလိုက်သော မဲ (၆၆၅) ထက်လည်းများစွာကျော် လွန်ခဲ့သည်။ ဒုတိယသက်တမ်းအတွက် သူအရွေးခံရသောနေ့သည် (၇) သက်တမ်းရှိ ပထမသက်တမ်းကုန်ဆုံးမည့် ဖေဖော်၀ါရီလ (၃) ရက်နေ့မတိုင်မီအတောအတွင်းဖြစ်သည်။

ရဟန်းမင်းကြီးမှပြီးခဲ့သော စနေနေ့ညနေပိုင်းကပေးပို့သည့် ကြေးနန်းစာတွင် ယခုကဲ့သို့နိုင်ငံ၏ အမြင့် ဆုံးရာ ထူးကို လက်ခံပေးသည့်အတွက်ဂုဏ်ယူပါကြောင်း၊ ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေ၍ လူတိုင်း အကြပ်အတည်းနှင့်ရင် ဆိုင်နေရချိန်လည်းဖြစ်ပြီး၊ မသေချာမရေရာမှုနှင့် စိုးရိမ်မှုပေါင်းများစွာ နေရာ တိုင်း၌၊ အထူးသဖြင့်လုပ်ငန်းခွင်များ၌ တွေ့နေရသည်။ ထိုအခြေအနေနှင့် အတူချို့တဲ့နွမ်းပါးမှုများ လည်းမရှောင်လွှဲနိုင်ဘဲ ရင်ဆိုင်ရချိန်တွင် အခြားသူများ အားကူညီရန်ထက် မိမိအရေးဖြင့် ငယ်ထိပ် ရောက်နေကြချိန် အတူတကွစည်းလုံးခြင်းကိုဖော်ဆောင်ရာ၌  သူ၏တာ၀န် ထမ်းဆောင်မှုသည် ပို၍လိုအပ် နေမည်ဖြစ်ကြောင်း၊ တိုင်ပြည်အားပိုမိုတည်ငြိမ်အေးချမ်းမှုကိုဆင့်ပွားပေး နိုင်ပါစေ ကြောင်း၊ သမ္မတကြီးအနေဖြင့်လည်း ချစ်ရပါသော အီတလီလူမျိုး၏ညီအစ်ကိုရင်းစိတ်ဓာတ်တည်ဆောက်ခြင်း၊ အနာဂတ်ကိုရင်ဆိုင်ရာ၌ သတ္တိရှိရန်တို့ကိုပိုမိုတိုး၍လုပ်ဆောင်နိုင်ရန် ရဟန်းမင်းကြီး အနေဖြင့် ဆုတောင်းခြင်းဖြင့် ကူညီနေမည်ဖြစ်ကြောင်းမိန့်ကြားထားပါသည်။      

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3sax7nV

Add new comment

8 + 10 =