အီတလီနိုင်ငံ Bologna မြို့ Basilica dei Santi Bartolomeo e Gaetano ဘုရားကျောင်းတော်ကြီးတွင် မြန်မာနိုင်ငံအတွက် အထူး ဆုတောင်းခြင်း

*************************************************************

အီတလီနိုင်ငံ Bologna မြို့ Basilica dei Santi Bartolomeo e Gaetano ဘုရားကျောင်းတော်ကြီးတွင် l’Arcivescovo Card. Matteo Zuppi မှ မြန်မာနိုင်ငံအတွက် အထူး ဆုတောင်းခြင်းကို အောက်တိုဘာလ (၂၀) ရက်နေ့က ပြုလုပ်ပေးခဲ့သည်ဟု Myanmar Community In Italy Page ၏ ရေးသားချက်အရသိရပါသည်။

မှောင်မိုက်ဖုံးချိန်မှာ အားမလျှော့၊ စိတ်မပျက်ဘဲ အလင်းရှာနိုင်ဖို့ရန်နှင့် တစ်ဦးချင်းစီ နှလုံးသားမှာ သန့်ရှင်းသောဝိညာဥ်တော် ကိန်းဝပ်နိုင်မှသာ ငြိမ်းချမ်းရေးသံတမန်များအဖြစ် လမ်းပြနိုင်မှာဖြစ်ကြောင်း မိန့်ကြားကာ မြန်မာနိုင်ငံမှ စစ္စတာအန်နာကို ဥပမာပေး မိန့်ကြားခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံဟာ အားနည်းသူတွေကို ဂရုစိုက်နိုင်မှသာ အားကြီးတဲ့နိုင်ငံ၊ ဆင်းရဲသူတွေကို ဖေးမမှသာ ချမ်းသာတဲ့နိုင်ငံ၊ ချို့တဲ့အားနည်းသူများကို ဦးစားပေးမှသာ ကြံ့ခိုင်သန်မာတဲ့ နိုင်ငံတစ်ခုဖြစ်လာနိုင်မယ်ဆိုတဲ့ ရဗ္ဗိဂျောနသန်ဆက်ခ်၏ စကားများကို ဝေမျှမိန့်ကြားပြီးနောက် မြန်မာနိုင်ငံအတွင်း တရားမျှတရေးနှင့် ငြိမ်းချမ်းရေးရရှိနိုင်ဖို့ရန် ဆုတောင်းမေတ္တာပို့သပေးခဲ့သည်ဟု သိရပါသည်။

မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲကို Sant’Egidio အဖွဲ့မှ ဦးစီးပြုလုပ်ပေးခြင်းဖြစ်ပြီး မြန်မာ့အရေးတွင် အစဥ်တစိုက် တက်ကြွပါဝင်နေသည့် Association for Italy Myanmar Friendship (Giuseppe Malpeli) ဥက္ကဌ Albertina Soliani လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ ဆုတောင်းပွဲတွင် အီတလီရောက်မြန်မာတစ်ဦးမှလည်း အားမလျှော့သည့် ပြည်သူများ၏ နွေဦးတော်လှန်ရေးအကြောင်းကို ပြောကြားကာ တက်ရောက်လာသူများကို စစ်အာဏာသိမ်း မြန်မာပြည်အခြေအနေများကို ရေးသားထားသော လက်ကမ်းစာစောင်များ ဝေငှခဲ့ပါသည်ဟု Myanmar Community In Italy ၏ ရေးသားချက်အရသိရပါသည်။

#MyanmarCommunityInItaly #rvamyanmar #rvapastoralcare #Myanmar

Photo Credit - Myanmar Community In Italy

Add new comment

1 + 1 =