အီတလီနိုင်ငံ စစ္စလီကျွန်းရှိ နာမည်ကြီး မယ်ရီယန်ဆင်းတုကို ကမ္ဘာတစ်ဝှမ်းကရက်တဲ့ ရက်ထည်အပိုင်းအစ ( ၁၅၀၀) နဲ့ ပြုလုပ်ထားတဲ့ ဝတ်ရုံနဲ့ တန်ဆာဆင်

အီတလီနိုင်ငံ စစ္စလီကျွန်းရှိ နာမည်ကြီး မယ်ရီယန်ဆင်းတုကို ကမ္ဘာတစ်ဝှမ်းကရက်တဲ့ ရက်ထည်အပိုင်းအစ ( ၁၅၀၀) နဲ့ ပြုလုပ်ထားတဲ့ ဝတ်ရုံနဲ့ တန်ဆာဆင်

အီတလီတောင်ပိုင်းရှိ ထင်ရှားကျော်ကြားတဲ့ မယ်ရီယန်ရဲ့ မြင့်မြတ်ရာ နေရာတစ်ခုမှာ မက်ဒေါနား ဒယ်လ်ဆိုကော်ဆို လို့ခေါ်တဲ့ (Our Lady of Succor) ရဲ့ ပွဲနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ ဘာသာတူတွေဆီကနေ စုဆောင်းရရှိတဲ့ အထည်ပေါင်း ( ၁၅၀၀ ) ခန့်ကို ဝတ်ရုံတစ်ခုအဖြစ် ချုပ်လုပ်ပြီး လှူဒါန်းခဲ့ပါတယ်။

မယ်တော်ရဲ့ပွဲနေ့ ဩဂုတ်လ 21 ရက်မတိုင်ခင်ထိ လှူဒါန်းပူဇော် မှုကို Castellammare del Golfo မြို့မှာ ပေးအပ်ခဲ့ကြပြီး အထည်ချုပ်သူ ဆယ်ဦးခန့်ဟာ ( 1500 7X7 ) စင်တီမီတာရှိတဲ့အထည်အပိုင်းအစတွေကို တွဲချည်ချုပ်လုပ်ပြီးတော့ ကပ်ရောဂါဖြစ်ပွားနေတဲ့ကြားထဲမှာ (၂) နှစ်ကြာ ချုပ်လုပ်ခဲ့ရပြီး မတူညီတဲ့အသွင်အပြင်နဲ့ အရောင်တွေပါရှိတဲ့ အထည်အပိုင်းအစတွေဟာ အီတလီလူမျိုးတွေအပြင် နိုင်ငံရပ်ခြားမှာရှိတဲ့ ဘာသာတူတွေကလည်း မယုံနိုင်တဲ့ကုသပေးခြင်း ဒါမှမဟုတ် ကလေးမွေးဖွားခြင်း လိုမျိူးရရှိလာတဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ကျေးဇူးတုံ့ပြန် တဲ့ အနေနဲ့ ဒီသန့်ရှင်းရာဌာနကို ပေးပို့ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ချို့အထည်တွေမှာ မှန်ကန်တဲ့ ဘဝလက်တွဲဖော်ကိုရှာဖွေဖို့အတွက်ဆိုပြီး မင်္ဂလာ ဆောင်အဝတ်ဗီရိုကြီးတစ်ခုရဲ့ အစိတ်အပိုင်းပုံတွေကိုလည်း ပေးပို့လှုဒါန်းကြသလို အထည်အပိုင်းအစတွေနဲ့အတူ စာအုပ်ငယ်အဖြစ် ပြုစုထားတဲ့ စာတိုများ နဲ့ ဆုတောင်းစာများလည်း ပေးပို့ ခဲ့ကြကြောင်း

အဆိုပါ မယ်တော်အတွက် ဝတ်ရုံ အထည်ကို တစ်ချိန်က အမေရိကန်ပြည်ထောင်စုမှာ အထည်အလိပ်စက်ရုံမှာ လုပ်ကိုင်ခဲ့ဖူးတဲ့အသက် ( ၈၃ ) နှစ်အရွယ်ရှိတဲ့ Lina ဆိုတဲ့ အမျိူးသမီး တစ်ဦးရဲ့ စိစစ်မှုအောက်မှာ ချုပ်လုပ်ကြပြီး ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ သူမရဲ့ဆိုင်ခန်းမှာ အထည်အလိပ်တွေအားလုံးရောက်ရှိလာပြီးတော့ အပ်ချုပ်ဆိုင်တစ်ခု အဖြစ်နဲ့ ကူးပြောင်းသွားခဲ့တာဖြစ် ေကြာင်း

သူတို့အဖွဲ့သားတွေကလည်း သေသေချာချာ စေ့စေ့စပ်စပ်ချုပ်လုပ်ခဲ့ကြကြောင်းဤထူးခြားတဲ့အမိမယ်တော်ရဲ့ ဆင်းတုအတွက် ဝတ်ရုံကို ဝတ်ဆင်ပေးပြီးလှူဒါန်းတဲ့ စိတ်ကူးဟာ ဒေသအတွင်းမှာရှိတဲ့ စစ္စလီမှာ သီဆိုထားသော ရိုးရာစိပ်ပုတီးတစ်ခုရဲ့ စာသားကနေ ဆင်းသက်လာခြင်းဖြစ်ကြောင်းကို Quantummari Association ရဲ့ ဥက္ကဌ Baldo Sabella က အီတလီဘာသာရေးသတင်းအေဂျင်စီ Avvenire ကို ပြောကြားခဲ့ပြီး ဘာသာတူများနဲ့ တီးဝိုင်းအဖွဲ့သားတွေနဲ့အတူ တခြားအသင်းအဖွဲ့ဝင်တွေဟာ မကြာသေးမီက မယ်ရီယန်ရဲ့သန့်ရှင်းရာဌာနကို စီတန်းလှည့်လည်ပြီး အထူးဝတ်ရုံကို ယူဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဆရာတော် Pietro Maria Fragnelli ကနေ Mass ကို ဦးဆောင် ကျင်းပခဲ့ပြီ အဆိုပါမြို့မှာနေထိုင်သူတွေဟာ ( ၁၇၁၈) ခုနှစ်မှာ အံ့သြဖွယ်ရာတန်ခိုးကြောင့် အဂ်လိပ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့မြို့ကို ကယ်တင်မှုအတွက် ဂုဏ်ပြုတဲ့အနေနဲ့ Our Lady of Succor ကို ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ကျင်းပကြခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

photo courtesy of Shalom World 

https://bit.ly/3AKpb29

Add new comment

3 + 1 =