အီတလီနိုင်ငံ၌ အီတလီနိုင်ငံသားမဟုတ်သည့် ကက်သလစ်ဘုန်းတော်ကြီးများတစ်နေ့တခြားတိုးပွားလျက်ရှိ

အီတလီနိုင်ငံ၌ အီတလီနိုင်ငံသားမဟုတ်သည့် ကက်သလစ်ဘုန်းတော်ကြီးများတစ်နေ့တခြားတိုးပွားလျက်ရှိ

နို၀င်ဘာလ (၁၁)ရက် (၂၀၂၁)

အီတလီနိုင်ငံ၌ နိုင်ငံရပ်ခြားမှလာရောက် ပညာသင်ကြားရင်း ရဟန်းသိက္ခာရရှိသွားကြပြီး ထိုနိုင်ငံ၌ အစေခံနေသူများတစ်နေ့တခြားများပြားလာနေသည်ဟု ဒေတာအရ သိရသည်ဟုဆိုသည်။

အီတလီနိုင်ငံအပြင်ဘက် ရေမြေရပ်ခြား၌ သာသနာပြုနေသော အီတလီဘုန်းတော်ကြီးများအရေအတွက်မှာမူ လွန်စွာကျဆင်းနေသည်။ (၂၀၂၀) ဒေတာအရ အီတလီ၌ ဘုန်းတော်ကြီးအရေတွက်မှာ (၃၁၇၉၃)ပါးသာရှိပြီး တစ်နေ့တခြားလျော့ကျနေကြောင်း သိရသည်။ နိုင်ငံရပ်ခြားဘုန်းတော်ကြီးအရေတွက်မှာမူ ဆယ်ဆ တိုးလာသည်။ ယခင်နှစ်များတွင် (၂၀၄)ပါးရှိခဲ့ရမှာ ယခုမူ အပါး(၂၆၃၁)ထိတိုးလာကြောင်း (၂၀၂၀) ဒေတာများအရ သိရသည်။

အီတလီနိုင်ငံတွင် ဘုန်းတော်ကြီးတိုက်နယ် (၂၅၅၉၅)ခုရှိသော်လည်း ဘုန်းတော်ကြီးမှာ (၁၅၁၃၃)ပါးသာရှိပြီး ဘုန်း‌ တော်ကြီးတစ်ပါးလျှင် ဘာသာ၀င်ဦးရေ အယောက် (၄၁၆၀) တာ၀န်ယူနေရသည့် ပုံစံဖြစ်နေသည်။

"အီတလီ ကက်သလစ် ဆရာတော်ကြီးအစည်းအဝေးမှာ ပုပ်ရဟန်းမင်းကြီးက ခေါ်တော်မူခြင်းအရမ်းတွေကျဆင်းနေလို့ စိုးရိမ်တဲ့အကြောင်း ပြောပြတာတော့ရှိတယ်" ဟု အီတလီနိုင်ငံ၌ တာ၀န်ထမ်းဆောင်နေသော ဘုန်းတော်ကြီးတစ်ပါးမှ ဆိုသည်။

https://bit.ly/31TiOL5

Credit to 1001NEWS

gettyimage

Add new comment

9 + 8 =