အီတလီနိုင်ငံ၌ ကက်သလစ်တက္ကသိုလ်သစ်ဖွင့်လှစ်

အီတလီနိုင်ငံ၌ ကက်သလစ်တက္ကသိုလ်သစ်ဖွင့်လှစ်

အီတလီနိုင်ငံ၊ ကာဆယ်ဂန်ဒိုးဖို၌ အမေရိကန်ကက်သလစ်နည်းပညာတက္ကသိုလ်တစ်ခုကိုဖွင့်လှစ်ခဲ့သည်။

ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ မျိုးဆက်သစ်ရဟန္တာများ၊ ကက်သလစ်ပညာရှင်များ၊ သိပ္ပံပညာရှင်များမွေးထုတ်ပေးရန်ဖြစ်သည်။ ပထမဦးဆုံးအသုတ်ကို (၂၀၂၄) နွေးဦး၌စတင်မည်ဖြစ်သည်။ ဤတက္ကသိုလ် ၏ရုံးချုပ်မှာ မက်ဆာချူးဆက်ပြည်နယ်၊ ကမ်းဘရစ်ချ်၌ဖြစ်သည်။

တက္ကသိုလ်မှတာ၀န်ရှိသူ၏သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ကက်သလစ်နည်းပညာတက္ကသိုလ်ကို မွေးဖွားရန်အတွေးရလာခဲ့သည်မှာ ဇနှီးမောင်နှံအဖွဲ့ဖြစ်သော Alexis နှင့် Bill Haughey တို့၏ကိုယ်တွေ့မှအခြေခံလာခဲ့ခြင်းဖြစ်သည်။ Bill သည် ကျွမ်းကျင်သောလုပ်ငန်းရှင်ဖြစ်ပြီး၊ Alexis မှာပညာရပ်ဆိုင်ရာသု တေသနပြုခြင်း၊ ဆန်းသစ်ခြင်းနှင့်လုပ်ငန်းများဖော်ဆောင်သည့်နောက်ခံရှိသည်။

ယခုကဲ့သို့ဖွင့်လှစ်နိုင်ရခြင်းမှာ ထင်ရှားလူသိများသောပညာရှင်လည်းဖြစ်ပြီး လက်ရှိ၌ ကက်သလစ်နည်းပညာရပ်ဆိုင်ရာဌာန၏ ဥက္ကဌလည်းဖြစ်သည့် ဘောစတွန် လက်ထောက်ဂိုဏ်းချုပ်ဆရာတော် Arthur Kennedy၊ ၏အားပေးတိုက်တွန်းမှုကြောင့်ဖြစ်လာခဲ့ရသည်ဟုဆိုပါသည်။

ဘွဲ့ပေးသည့်အစီအစဉ်ဖြစ်ပြီး အဓိကအားဖြင့် အင်ဂျင်နီယာ၏စစ်မှန်သောကမ္ဘာဆိုင်ရာ၊ ဒဿန၊ သီဩလိုဂျီ၊ ဘာသာရပ်ဆိုင်ရာလေ့လာသုတေသနပြုခြင်းကိုဇောင်းပေးထားသည်။

တက္ကသိုလ်၏လူမှုကွန်ရက်စာမျက်နှာ၌ သင်ကြားပို့ချသော ဘာသာရပ်အတော်များများသည် STEM နှင့်ဆိုင်သော သီဩလိုဂျီနှင့်ဖီလိုဆိုဖီဆိုင်ရာရူထောင့်ကိုဖွံ့ဖြိုးလာစေရန်ရည်ရွယ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားစစ်စစ်နှင့်နည်းပညာတို့သည်အဘယ်သို့ကွာခြားသည်ကိုသိရှိနားလည်စေရန်ဖြစ်သည်။ အေအိုင်တို့ကဲ့သို့နည်းပညာ၏ကျင့်၀တ်များနှင့်တာ၀န်များ၊ နည်းပညာဆန်းသစ်တီထွင်မှုများကြောင့် ယဉ်ကျေးမှုအားအဘယ်သို့ရိုက်ခတ်မှုများရှိလာသည်တို့ကိုသိရှိနားလည်စေလိုသည်။

ဤတက္ကသိုလ်ဖွင့်လှစ်ရခြင်းသည် နည်းပညာကိုထဲထဲ၀င် ၀င်အသုံးပြုတတ်ပြီး ဤနည်းပညာများဖြင့်လူသားတို့အားဘုရားသခင်နှင့်ထိတွေ့နိုင်သော ဧ၀ံဂေလိတရားကို သန့်ရှင်းစင်ကြယ်စွာကြေညာဟောပြောနိုင်ရန်မျိုးဆက်သစ်များကိုမွေးထုတ်ပေးရန်ဖြစ်ကြောင်း Co-Founder of CatholicTech ပူးတွဲတည်ထောင်သူ Alexis Haughey က Catholic Faith လူမှုကွန်ရက်၏ မေးမြန်းသည်ကိုဖြေကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက် နေ့စဉ်မစ္ဆားပူဇော်ခြင်း၊ တစ်ပတ်လျှင် (၃) ကြိမ် ကိုယ်တော်မြတ်ဖူးခြင်းရှိမည်။ ကျောင်းသူကျောင်းသားများသည် နေ့စဉ်စိပ်ပုတီးစိပ်ကြရန်ကိုလည်းအားပေးတိုက်တွန်းထားသည်။ ကျောင်းအနေဖြင့်အဆောင်းဌားရမ်းခြင်း၊ ကျောင်းအပ်ခြင်း၊ ငွေကြေးဆိုင်ရာများ ၌ ကက်သလစ်ယုံကြည်ခြင်းကိုအဓိကထား၍ဆုံးဖြတ်လုပ်ဆောင်မည်ဖြစ်သည်။ ကျောင်းတော်ကြီးအနေ ဖြင့် ဧ၀ံဂေလိတရားဟောကြားခြင်း၊ ဘုရားစကားသင်ကြားခြင်း၊ ၀ိညာဉ်တော်၏ဗိ မာန်တော်ဖြစ်သော ခန္ဓာ ကိုယ်အားမညစ်ညူးစေဘဲစင်ကြယ်စွာကြိုးစားနေထိုင်နိုင်သည့်အသက်တာကိုပြညွှန်ရန် စသောကက်သ လစ်ပညာရေးကိုဇောင်းပေးလုပ်ဆောင်မည်ဖြစ်ကြောင်း တက္ကသိုလ်၏ကြေညာချက်ထဲ၌ဖော်ပြထားပါသည်။

ယခုဖွင့်လှစ်မည့် ကက်သလစ်တက္ကသိုလ်သစ်နှင့်စပ်လျင်း၍ရှင်းလင်းချပြရသည်မှာ လွန်စွာစိတ်လှုပ်ရှားရကြောင်း၊ ယနေ့လူမှုအသိုင်းအ၀ိုင်းအား အကြီးမားဆုံးခြိမ်းခြောက်မှုမှာ အခြေခံလူမှုကျင့်၀တ်၊ လူမှုနီတိမရှိသောသူများ၏လက်ထဲသို့မယုံကြည်နိုင်သောနည်းပညာရောက်ရှိနေပြီး အလွဲသုံးစားပြုနေခြင်း ဖြစ်သည်။ ယခုဖွင့်လှစ်သော ကက်သလစ်နည်းပညာတက္ကသိုလ်အနေဖြင့်ဤစိန်ခေါ်မှုကိုကူညီဖြေရှင်းရန်ဖြစ်ကြောင်းဖြင့် Classic Learning Test (CLT) ကျောင်းတည်ထောင်သူ Jeremy Tate ကဇန္န၀ါရီလ (၁၈) ရက်နေ့က X လူမှုကွန်ရက်ပေါ်တွင်ရေးတင်ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/3ajjk
 

Add new comment

12 + 1 =