အီတလီနိုင်ငံ၊ စစ္စလီကျွန်း၊ ပါလဲမို Palermo မြို့ တော်ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပုံအားယနေ့ချိတ်ဆွဲ

အီတလီနိုင်ငံ၊ စစ္စလီကျွန်း၊ ပါလဲမို Palermo မြို့ တော်ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပုံအားယနေ့ချိတ်ဆွဲ

အီတလီနိုင်ငံ၊ စစ္စလီကျွန်း၊ ပါလဲမို Palermo မြို့ တော်ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပုံအားယနေ့ချိတ်ဆွဲ

အီတလီနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စစ္စလီကျွန်းကြီးမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းသာယာတဲ့ အနာဂတ်အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းဖြစ် ကြောင်း သက်သေထူလိုက်ပါပြီ။

ယနေ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ မြေထဲပင်လယ်ရဲ့ အကြီးဆုံးကျွန်းကြီးလို့ တင် စားကြတဲ့ စစ္စလီကျွန်းကြီးရဲ့ မြို့တော်၊ Palermo မြို့၊ မြို့ တော်ဝန်ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ဂုဏ်ပြုချိတ်ဆွဲခဲ့ကြပါတယ်။

ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်လို့ အနေအထားအရရော၊ သ မိုင်းကြောင်းတစ်လျှောက်ပါ အရေးပါခဲ့တဲ့ ပါလဲမိုမြို့ရဲ့ မြို့ တော်ဝန်ဟာ အီတလီရောက်မြန်မာများကိုယ်စားလှယ် Naw Zabina နဲ့ အဖွဲ့ကိုလက် ခံတွေ့ဆုံခဲ့ပါတယ်။ ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီကနေ ဧပြီလ ၁၆ ရက်နေ့မှာ ကြေငြာဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလက်ခံဖို့ တိုက်တွန်းစာကို ပေးအပ်နိုင်ခဲ့သလို လက်ရှိအခြေအနေ၊ စစ်အုပ်စု အကြမ်းဖက်မှု ဖြစ် ရပ်မှန်များနဲ့ ပြည်သူများကြုံ တွေ့နေရတဲ့ အခက်အခဲ ဒုက္ခများကိုပါ ပြောဆိုခွင့်ရခဲ့ပါတယ်။

သမိုင်းအဆက်ဆက်မှာ ဂရိ၊ ရောမလူမျိုးတွေအပြင် လူမျိုး စုံ၊ ဘာသာယဉ်ကျေးမှုစုံနဲ့ အ ရောင်အသွေးမျိုးစုံ လူမျိုးစုတွေဟာ စစ္စလီကျွန်းကြီးမှာအ ခြေချနေထိုင်ခဲ့ဖူးပါတယ်။ အခုအချိန်မှာ လူမျိုးစုံ၊ ဘာ သာစုံက ဆင်းသက်လာတဲ့ မျိုးဆက်တွေဟာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှုကို သက်သေအပြနိုင်ဆုံး နေရာလို့ယူဆမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

ဒီလို ထင်ရှားသမိုင်းဝင်တဲ့ စစ္စလီကျွန်းကြီးကပါ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းသာယာတဲ့ အနာ ဂတ်အတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေနဲ့အတူ ထပ်တူရှိနေကြောင်း ဖော်ပြလိုက်ပါပြီ။

 

Source Credit: MCII

Add new comment

13 + 1 =