အီတလီနိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် ရဟန်းဘုန်းတော်ကြီးများ (၁၆၇)ပါးအထိ ပျံလွန်တော်မူခဲ့ပြီးဖြစ်

Cemetery

အီတလီနိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် ရဟန်းဘုန်းတော်ကြီးများ (၁၆၇)ပါးအထိ ပျံလွန်တော်မူခဲ့ပြီးဖြစ်

 

အီတလီနိုင်ငံတွင် COVID-19ရောဂါကြောင့် ပျံလွန်တော်မူခဲ့သော ရဟန်းအရေအတွက် နိုဝင်ဘာတစ်လထဲတွင်ပင် (၄၃)ပါးရှိခဲ့ပြီး ရဟန်းဘုန်းတော်ကြီးစုစုပေါင်း (၁၆၇)ပါး ပျံလွန်တော်မူခဲ့ပြီးဖြစ်သည်။ ပျံလွန်တော်မူခဲ့ပြီး ရဟန်းဘုန်းတော်ကြီးများတွင် မီလန်မြို့၏ Auxiliary Bishopအဖြစ်မှ အငြိမ်းစားယူသွားသော Marco Virgilio Ferrar နှင့် Casale Monferrato Diocese မှ Msgr. Luigi Portaတို့ပါ ပါဝင်ခဲ့သည်။ အီတလီဆရာတော်ကြီးများအဖွဲ့၏ ထုတ်ပြန်ချက်အရ ရဟန်းဘုန်းတော်ကြီးများထဲမှ နောက်ဆုံးပျံလွန်တော်မူခဲ့သောသူမှာ အသက်တော်(၈၂)နှစ်ရှိပြီဖြစ်သော Msgr. Paolo Rigonဖြစ်သည်။ COVID-19ရောဂါ ကူးစက်ခံထားရသော အီတလီဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဠ နှင့် Perugia-Citta della Pieveမြို့၏ ဂိုဏ်းချုပ်ဆရာတော်ဖြစ်သော Cardinal Gualtiero Bassesttiသည် ရောမရှိ Gemelliဆေးရုံသို့ မပြောင်းရွှေ့မှီက Perugiaဆေးရုံတွင်ပင် (၁၁)ရက်အကြာ အထူးကုသမှု ခံယူခဲ့ရသေးသည်။ Cardinal Gualtiero Bassesttiမှ “ဆေးရုံတွင်နေထိုင်ခဲ့ရသည် (၁၁)ရက်အတွင်း ၀န်ထမ်းများအားလုံး၏ လူသားချင်းစာနာမှု၊ ကျွမ်းကျင်လိမ်မာမှု နှင့် မမောမပန်း ပေးဆပ်နေမှုတို့ကို တွေ့ကြုံခံစားခဲ့ရကြောင်း၊ ၀န်ထမ်းများအားလုံးနှင့် ကုသမှုခံယူလျှက်ရှိနေကြသောသူများ အားလုံးအတွက် ဆုတောင်းပေးနေမည်ဖြစ်ကြောင်း” ကတိစကား ပြောကြားခဲ့ပြီး ထိုသူများအား ဘုရားရှင်၏ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်ခြင်းတို့၌ ဆက်လက်ပြီး တစ်လုံးတစ်ဝတည်းရှိရန် နှင့် ဘုရားရှင်သည် ကျွန်ုပ်တို့အား ပစ်ပယ်မထားဘဲ ကြည့်ရှုစောင့်ရှောက်နေမည်ဖြစ်ကြောင်း နှစ်သိမ့်အားပေးစကား ပြောဆိုခဲ့သည်။

ဘာသာပြန်-Bro. Patrick Aye Shine Aung

Photo Credit to Piero CRUCIATTI | AFP

https://bit.ly/33Pr78V

Add new comment

5 + 5 =