အီတလီတွင် မကြာမီက သစ်သားဘုရားကျောင်း တစ်ခုအားကောင်းကြီးပေးဖွင့်လှစ်ခဲ့

အီတလီတွင် မကြာမီက သစ်သားဘုရားကျောင်း တစ်ခုအားကောင်းကြီးပေးဖွင့်လှစ်ခဲ့

အီတလီတွင် မကြာမီက သစ်သားဘုရားကျောင်း တစ်ခုအားကောင်းကြီးပေးဖွင့်လှစ်ခဲ့

            ထိုဘုရားကျောင်းကို အီတလီနိုင်ငံ၊ Ferrara ၌ဆောက်လုပ်ထားသည်။ ဘုရားကျောင်း ၏ဘွဲ့အမည်ကို ‘စိန့်ဂျိမ်းစ်’ ဟုပေးသည်။ ဆောက်လုပ်ပြီးစီးရန် ဗိသုကာပညာရှင်အား (၁၀) နှစ်ခန့်ကြာစေခဲ့ပြီး၊ အလွန်ထူးခြားသောဘုရားတစ်ဆောင်ဖြစ်လာခဲ့သည်။ သူ၏အမိုးမှာလည်း အလွန်ထိမိဆန်းပြားလှသည်။ ဗိသုကာပညာရှင်မှာ Benedetta Tagliabue ဖြစ် သည်။ ဤသို့သော ပုံစံဆန်းကိုတီထွင်ခဲ့ရသည်မှာ နေရာဒေသအပေါ်၌လည်းမှုတည်ကြောင်း၊ အပြင်ပိုင်း၌ ထူးခြား အမြင်ဆန်းသောပုံစံများဖြင့်ချယ်မှုန်းထားသော်လည်း အတွင်းပိုင်း၌မှု အလွန်ရိုးရှင်းသော အပြင် အဆင်သာဖြစ်သည်။

ဘုရားကျောင်းကို သစ်သားဖြင့်တည်ဆောက်ထားသည်။ သဘာ၀အလင်းကို အဓိကထားထားသည်။ သစ်သားဖြင့်တည်ဆောက်ရခြင်းမှာ သစ်ပင်သည် ဖန်ဆင်းခြင်းအစကပင်ရှိသော ၀တ္ထုဖြစ်ကြောင်း၊ လိုသည့်အရာရှိနေခြင်းသည် အလွန်အရေးကြီးကြောင်းကိုမီး‌မောင်းထိုးပြရန်ဖြစ်ကြောင်း၊ ဗိသုကာပညာရှင်အဖွဲ့က မစ္ဆားပလ္လင်ကို အသားပေးလုပ်ဆောင်ရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။ မစ္ဆားပလ္လင်သည် ကျောက်ဖြင့်ထုလုပ်ထားပြီး၊ ဤကျောက်ပေါ်၌ ယေဇူးသခင်က သူ၏သာ သနာတော်ကြီးကိုတည် ဆောက်သည့်ဓိပ္ပါယ်ကိုဖော်ဆောင်သည်။

ထိုကျောက်သည် ထုဆစ်ထားခြင်းမရှိ။ ပြုပြင်ထားခြင်းမရှိ။ အရိုင်းတုံးကြီးကိုအသုံးပြုထားသည်။ ဤဘုရားကျောင်းတည်ဆောက်သောမြို့ လေးသည် လူဦးရေ (၁၃၀၀၀၀) သာနေထိုင် သော်မြို့လေးတစ်မြို့ဖြစ်သော်လည်း အီတစ်လီတစ်ခွင်၌ အလွန်ထူးခြားဆန်းပြားသော သစ်သားဘုရားကျောင်းရှိသည်ဟု ဂုဏ်ယူ၀င့်ကြွား နိုင်ပေပြီ ဟုအဓိက ဗိသုကာပညာရှင် Benedetta Tagliabue ကရှင်းပြခဲ့သည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3BRm5bK

Add new comment

5 + 2 =