အီတလီတွင် ဘုရားကျောင်းများကို ဆက်လက်ဖွင့်လစ်ခွင့်ရရှိ

အီတလီတွင် ဘုရားကျောင်းများကို ဆက်လက်ဖွင့်လစ်ခွင့်ရရှိ

အီတလီတွင် ဘုရားကျောင်းများကို ဆက်လက်ဖွင့်လစ်ခွင့်ရရှိ

ဥရောပဒေသတွင် ကိုဗစ်ကူးစက်လူနာများပြန်လည်တိုးပွားလာမှုကြောင့် အီတလီအစိုးရက ထုတ်ပြန်ချက်အ သစ်ကိုကြေညာခဲ့သည်။သို့ သော်လည်း ဆုတောင်းရန်နှင့်မစ္ဆားတရားပူဇော်ရန် ဘုရားကျောင်းများကို ဆက်ဖွင့်ခွင့်ရပြီး အစိုးရ၏စည်းကမ်းကို လိုက်နာရမည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက ဗာတီကန်ပြတိုက်များကို ပြန်ပိတ်စေခဲ့ပြီး သူ၏တစ်ပတ်တစ်ခါ လူထုနှင့်တွေ့ဆုံမှုများကိုလည်း ရပ်နားပြီး ရုပ်သံဖြင့်သာ တိုက်ရိုက်ထုတ်လွှင့်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် အစိုးရ၏ခွင့်ပြုချက်ကို အီတလီဆရာတော်များအဖွဲ့က ကြေညာခဲ့ခြင်းဖြစ်သည်။ယခုအခါ နိုင်ငံအတွင်း အဝါ၊လိမ္မော်၊အနီအဆင့်များသတ် မှတ်၍ ရောဂါများပြားရာဒေသများတွင် ကာကွယ်ရေးကို တိုးမြှင့်ထားသည်။

ယခုအခါ အီတလီတွင် ည ၁၀ နာရီမှ နံနက် ၅နာရီ အထိ ညမထွက်ရအမိန့်ထုတ်ထားသည်။ ထိုအချိန်အတော အ တွင်း အားကစားခန်းမ၊ရုပ်ရှင်ရုံနှင့်ပြတိုက်များကို လုံးဝပိတ်ထားရမည်ဖြစ်သည်။ကျောင်း သားများကလည်း ကျောင်းများပြန်ပိတ်ထား၍ အွန်လိုင်းမှ ပြန်လည်လေ့လာနေကြသည်။

ဤအခြေအနေတွင်ဆရာ တော်များက ဘုန်းတော်ကြီးများကို ခေတ်မီနည်းပညာနှင့်အညီဆောင်ရွက်ရန်နှင့် ထုတ်ပြန်ထားသော စည်းကမ်းနှင့်အညီ သာသနာပြုလုပ်ငန်းများကိုဆောင်ရွက်ကြရန် တိုက်တွန်းထာသည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Vincenzo PINTO | AFP

https://bit.ly/2H5kV4g

Add new comment

1 + 2 =