အီတလီတွင် ခရစ္စမတ်သန်း ခေါင်ယံမစ္ဆားကိုတားမြစ်

အီတလီတွင် ခရစ္စမတ်သန်း ခေါင်ယံမစ္ဆားကိုတားမြစ်

အီတလီနိုင်ငံတွင် ကိုဗစ်ကူးစက်မှုကိုဟန့်တားနိုင်ရန် ခရစ္စမတ်သန်းခေါင်ယံမစ္ဆားပူဇော်ခြင်းကို တားမြစ်ထား သည်။ ထို့အပြင် ဒေသတစ်ခုမှတစ်ခုသို့ သွားလာခြင်းကိုလည်း ကန့်သတ်ထားသည်။

အီတလီတွင် ကိုရိုနာကြောင့် လူပေါင်း၆သောင်းသေဆုံးခဲ့ပြီး တရုတ်နိုင်ငံပြီးလျှင် ဒုတိ ယမြောက်အထိအနာဆုံးနိုင်ငံဖြစ်သည်။

လွန်ခဲ့သော ဒီဇင်ဘာလ ၃ ရက်နေ့တစ်ရက်တည်းတွင် လူ ၉၉၃ ယောက် သေဆုံးပြီး ၁၄ ရက်အတွင်းသေဆုံးမှုရာခိုင်နှုန်းမှာ ၂၁ရာခိုင်နှုန်းအထိတိုးလာသည်။

ကျန်းမာရေးဌာနကလည်း ညသန်းခေါင်မစ္ဆားကိုညရှစ်နာ ရီခွဲထက်နောက်မကျစေဘဲ အ ဆုံးသတ်ကြရန်နှင့် ခရစ္စ မတ်ကို မိသားစုဝင်များနှင့်သာ နေ အိမ်တွင်ကျင်းပရန်ပြောကြားထားသည်။

ကိုဗစ်ပထမလှိုင်းကတည်း က ဒေသတစ်ခုနှင့်တစ်ခုအ ကြားခရီးသွားလာခြင်းကို

ကန့်သတ်ခဲ့သည်။ ဒီဇင်ဘာ လ၂၀ နောက်ပိုင်းတွင် ဒေသတစ်ခုမှတစ်ခုသို့ အရေးပေါ်ကိစ္စများဖြင့်သာ သွားရောက်ကြရမည်ဖြစ်သည်။

အီတလီကက်သလစ်အသင်းတော်ကမူ ဤအစိုးရ၏ ထုတ်ပြန်ချက်များကို ထောက်ပံ့လိုက်နာသွားမည်ဟု ကနဦးထုတ်ပြန်ထားသည်။အီတလီကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း ကိုဗစ်စည်းမျဉ်းအတိုင်း မစ္ဆားတ ရား ကျင်းပရန် ထုတ်ပြန်ခဲ့သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: ANDREAS SOLARO | AFP

https://bit.ly/2K9R0co 

Add new comment

4 + 6 =