အီတလီစာတိုက်ကြီးမှ ပုပ်ဘေနေဒစ် (၁၆) အားဂုဏ်ပြုသောအားဖြင့်တံဆိပ်ခေါင်းပုံနှိပ်ထုပ်ဝေ

အီတလီစာတိုက်ကြီးမှ ပုပ်ဘေနေဒစ် (၁၆) အားဂုဏ်ပြုသောအားဖြင့်တံဆိပ်ခေါင်းပုံနှိပ်ထုပ်ဝေ

အီတလီနိုင်ငံ၏ စာတိုက်ကြီးမှ မေလ (၁၆) ရက်နေ့ကယခင်နှစ်ကပျံလွန်သွားခဲ့သော ရဟန်းမင်းကြီးဘေနေဒစ် (၁၆) အားဂုဏ်ပြုသောအားဖြင့် ရဟန်းမင်းကြီး၏ရုပ်ပုံနှင့်တံဆိပ်ခေါင်းကိုစတင်ဖြန်ချီခဲ့သည်။

ရဟန်းမင်းကြီးသည် (၂၀၀၅) ခုနှစ်တွင် ရဟန်းမင်းကြီးအဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသည်။ တံဆိပ်ခေါင်းပေါ်၌ အီတလီဘာသာဖြင့် 'PAPA BENEDETTO XVI' (ပါးပါဘေနေဒစ် (၁၆) ဟုရေးထိုးထားသည်။

လက်ရှိ၌ တံဆိပ်ခေါင်းအရေအတွက်ကို (၅) သိန်းနှင့် (၂၄) ခုရိုက်နှိပ်ထားသည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏အမိမယ်တော်သဒ္ဓါကြည်ညိုသည့်အမွေအနစ်ကိုဂုဏ်ပြုသည့်အနေဖြင့်လည်း ယခုနှစ်ဇန္န၀ါရီလဆန်း၌လည်း ဗာတီကန်စာတိုက်မှ ရဟန်းမင်းကြီးဘေနေဒဏ် (၁၆) မယ်တော့်ဆင်းတုတော်ဘေး၌ရပ်နေသည့်ပုံဖြင့်တံဆိပ်ကောင်းရိုက်နှိပ်ထုတ်‌ေ၀ခဲ့ခြင်းဖြစ်သည်။

ဤနေရာ၌ရှင်းလင်းလိုသည်မှာ ဗာတီကန်သည်လည်း သူ၏စာတိုက်နှင့်တံဆိပ်ခေါင်းသပ်သပ်ရှိပြီး၊ အီတလီစာတိုက်ကြီးသည်လည်း အီတလီနိုင်ငံ၏တံဆိပ်ခေါင်းသပ်သပ်ရှိသည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏ရဟန်းမင်းကြီးဖြစ်မလာမီကအမည်မှာ 'ဂျိုးဇက်ရာဇင်ဂါ' ဖြစ်သည်။ သူ့အား (ဧပြီလ ၁၆၊ ၁၉၂၇) ဂျာမဏီနိုင်ငံ၊ Bavaria မြို့၌မွေးဖွားခဲ့သည်။ ရဟန်းဖြစ်လာရန်အတွက်သင်ကြားရမည့်ဖိလိုဆိုဖီနှင့်သီဩလိုဂျီဘာသာရပ်များကိုဂျာမဏီနိုင်ငံ၏မြို့တော် 'မြူးနစ်' တက္ကသိုလ်၌ သင်ကြားခဲ့သည်။

ရဟန်းမင်းကြီးအဖြစ်ရွေးချယ်မခံရမီက ဗာတီကန်အတွင်းရှိအမှုတော်များစွာ၏တာ၀န်ဖြစ်ခဲ့သည်။ နိုင်ငံတကာနှင့်ဆိုင်သောသီဩလိုဂျီကော်မရှင်လည်းပါသည်။ သူ၏ရဟန်းမင်းကြီးသက်တမ်းမှာ (၈) နှစ်ကြာခဲ့သည်။ ထိုသက်တမ်းအတွင်း၌ 'စာချွန်တော်' (၃) စောင်ကိုရေးသားထုတ်‌ေ၀နိုင်ခဲ့ပြီး 'Deus Caritas est' (God is Love ဘုရားသခင်သည်ချစ်ခြင်းဖြစ်၏) စာစောင်လည်းပါပါသည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် (ဒီဇင်ဘာ ၃၁၊ ၂၀၂၂) သက်‌တော် (၉၅) တွင်ပျံလွန်သွားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/43eetwU

Add new comment

4 + 6 =