အီဇရာအဲလ်နိုင်ငံရှိ အဆင်းသဏ္ဍန်ပြောင်းလဲခြင်း ဘာစီလီကာ တောမီးလောင်မှုမှ ကင်းလွတ်

အီဇရာအဲလ်နိုင်ငံရှိ အဆင်းသဏ္ဍန်ပြောင်းလဲခြင်း ဘာစီလီကာ တောမီးလောင်မှုမှ ကင်းလွတ်

အီဇရာအဲလ်နိုင်ငံရှိ အဆင်းသဏ္ဍန်ပြောင်းလဲခြင်း ဘာစီလီကာ တောမီးလောင်မှုမှ ကင်းလွတ်

အီဇရာအဲလ်နိုင်ငံမြောက်ပိုင်းရှိသော တာဘောရ်တောင် (Mt. Tabor)တွင် လောင်ကျွမ်းခဲ့သော တောမီးသည် သခင်ခရစ်တော်၏အဆင်းသဏ္ဍန်ပြောင်းလဲခြင်း ဘာစီလီကာအနီးသို့ ရောက်ရှိခဲ့သော်လည်း မီးသတ်သမားများမှ အချိန်မှီတားဆီးနိုင်ခဲ့သည်။

ထိုမီးလောင်မှုသည် စနေနေ့တွင် ဘာစီလီကာ၏တောင်ဖက်ရှိ Al-Ghanamကျေးရွာအနီးမှ စတင်ခဲ့သည်။ ဘာစီလီကာကျောင်းတော်၏ အကြီးအကဲ ဖရန်စစ္စကန်ဘုန်းတော်ကြီး Rev. Fr. Ricardo Bustosမှ ထိုဒေသတွင် မိုးမရွာသည်မှာ လအတော်ကြာပြီဖြစ်သောကြောင့် အတော်ကိုပူပြင်းကာ ခြောက်သွေ့နေကြောင်း

တနင်္လာနေ့က အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ အာဂျင်တီးနားနိုင်ငံဖွားဖြစ်သော Fr. Bustosမှ ဆုတောင်းပေးကြရန် သူ၏သူငယ်ချင်းများကို facebookစာမျက်နှာမှ မေတ္တာရပ်ခံခဲ့ကာ “အရာအားလုံးအတွက် ဘုရားရှင်အား ကျေးဇူးတင်ကြောင်း၊ ဘုရားရှင်၊ အမိမယ်တော်နှင့် ရှင်ဖရန်စစ်တို့၏ ကူညီစောင်မှုဖြင့် ဤစုံစမ်းခြင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြောင်း၊ မီးလောင်ခြင်းကြောင့် သဘာဝတရား ပျက်စီးသွားရခြင်းအတွက်မူ ထိခိုက်ခံစားရကြောင်း၊ ယခုမီးလောင်မှုသည် ရှို့မီးမဟုတ်ဘဲ အပူချိန်မြင့်မားမှုကြောင့်သာ ဖြစ်ကြောင်း”စပိန်ဘာသာစကားဖြင့် ရေးသားခဲ့သည်။

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

Photo courtesy of Redes Sociais / Reprodução

https://bit.ly/3lI563a

Add new comment

2 + 1 =