အီစတာမှာတိုက်ခဲ့တဲ့ မုန်တိုင်းကြောင့်သေကြေသူများအတွက် ဆရာတော်ကြီးများဆုတောင်း

အီစတာမှာတိုက်ခဲ့တဲ့ မုန်တိုင်းကြောင့်သေကြေသူများအတွက် ဆရာတော်ကြီးများဆုတောင်း

အီစတာမှာတိုက်ခဲ့တဲ့ မုန်တိုင်းကြောင့်သေကြေသူများအတွက် ဆရာတော်ကြီးများဆုတောင်း

အီစတာ ဝါကျွတ်အချိန် ဧပြီ ၁၂ နဲ့ ၁၃ မှာ အမေရိကားတောင်ပိုင်းမှာတိုက်ခတ်ခဲ့ တဲ့ ဆိုးရွားသည့် မုန်တိုင်းကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ရတာကြောင့် အမေရိကားမှ ကက်သလစ်ဆရာတော်ကြီးများက ဆုတောင်းမေတ္တာ ပို့ပေးခဲ့ကြပါတယ်။

အီစတာ တနင်္လာနေ့ဟာ ၀မ်းနည်းစရာနေ့ဖြစ်နေခဲ့ကြောင်း နှင့် ဒီမုန်တိုင်းဟာ Albama, Texas, မြောက် Carolina, Louisiana, အနောက် Virginia နဲ့ Tennessee ဒေသတွေကို ထိခိုက်ပျက်ဆီးစေခဲ့တာပါ။

ကိုဗစ် ၁၉ ကြောင့် ဒါဟာ ပိုပြီးခက်ခဲတဲ့ အခြေအနေ တရပ်ဖြစ်ျပမဲ့ ချစ်ခင်သူတွေသေဆုံးလို့၀မ်းနည်းသူတွေဆီ  မုန်တိုင်းသင့်သူတွေဆီကို အကူအညီ ပေးသွားမည်ဖြစ်ကြောင်းနှင့် အထူးဆုတောင်းပေးပါကြောင်းကို ဆရာတော်ကြီးများမှ ပြောကြားခဲ့ပါကြောင်း CNA သတင်းအရ သိရှိရပါတယ်။

 

By Sr Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Office of Rep. Chuck Fleischmann

 

https://bit.ly/2K5cG6e

Add new comment

2 + 16 =