Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အီစတာပွဲတော်ကျင်းပနေကြတဲ့ အရှေ့ပိုင်းခရစ်ယာန်အသင်းတော်များအား ပုပ်ဖရန်စစ် နုတ်ခွန်းဆက်
အီစတာပွဲတော်ကျင်းပနေကြတဲ့ အရှေ့ပိုင်းခရစ်ယာန်အသင်းတော်များအား ပုပ်ဖရန်စစ် နုတ်ခွန်းဆက်
လာတင်း ဝိနည်းကိုလိုက်တဲ့ ကက်သလစ် အသင်းတော်ဟာ ဝါကျွတ်ပြီးဒုတိယတနင်္ဂနွေနေ့ ဂရုဏာရှင်ယေဇူးပွဲနေ့ကို ကျင်းပပေမယ့် အရှေ့ပိုင်းကက်သလစ် အသင်းတော် နဲ့ သြသိုဒေါသ်စ့် အသင်းတော်များကတော့ တပတ်နောက်ကျပြီး အီစတာပွဲကိုကျင်းပတာမို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အီစတာ နုတ်ခွန်းဆက်လိုက်တာဖြစ်ပါတယ်။
ဂရုဏာရှင်ယေဇူးပွဲတော်နေ့ကို ဗာတီကန် ကနေ မီတာ ၂၀၀ အကွာမှာရှိတဲ့ ဘုရားကျောင်းတော်မှာ တနင်္ဂနွေနေ့က ဟောကြားခဲ့ပြီး ဂရုဏာရှင်ယေဇူးနှင့်ပတ်သက်ပြီး မြွက်ကြားရာမှာ သနားခြင်းဆိုတာ နှလုံးသားထဲက လာိခြင်းဖြစ်ကြောင်း မွန်မြတ်သောဂရူဏာသနားခြင်းသည် ရှင်ပြန်ထမြောက်သော သခင်ခရစ်တော်၏ နှလုံးသားမှ လာခြင်းဖြစ်ကြောင်း၊ နှစ်သိမ့်ခြင်းနဲ့ ခွင့်လွှတ်ခြင်းပြရန်အတွက် ဒဏ်ရာတော်မှ ယိုစီးကျလာသည့်သနားခြင်းဖြင့် အမြဲကြိုဆိုနေကြောင်းဆိုကာ ကိုဗစ်အချိန်ကာလမှာ တခြားသော တိုင်းတပါးသားများနှင့်လည်း တလုံးတဝတည်းရှိကြောင်းကို ပြသခြင်းဖြင့် ခရစ်တော်၏ သနားကြင်နာခြင်းကို ထင်ဟပ်စေမည်ဖြစ်ကြောင်း မြွက်ကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ကက်သလစ်အသင်းတော်နဲ့ သြသိုဒေါသ်စ့်အသင်းတော်များ ဟာ ဧပြီ ၁၉ ရက်မှာမှ အီစတာပွဲ ကျရောက်တဲ့အတွက်လည်း အရှင်သူမြတ်က နုတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။
ချစ်လှစွာသောအရှေ့တိုင်းအသင်းတော်မှ ညီအကိုမောင်နှမတို့။ အခုလိုခက်ခဲတဲ့ကာလမှာ၊ ရှင်ပြန်ထမြောက်သောယေဇူးရှင်ထံမှ ကျေးဇူး နဲ့ မျှော်လင့်ချက် ကို သိမှတ်ပြီး ကြီးမြတ်သော ကျေးဇူးလက်ဆောင်တော်အဖြစ် သတ်မှတ်ကြရအောင်ပါလို့ အရှင်သူမြွက်ကြားခဲ့သည်ကို Vatican သတင်းအရ သိရှိရပါသည်။
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်
Add new comment