အီစတာနဲ့ မွေးနေ့အတွက်နုတ်ဆက်ရန် ပါပါးဘဲန်ဆီ သို့ ပါပါးဖရန်စစ်အလည်အပတ်ကြွရောက်

အီစတာနဲ့ မွေးနေ့အတွက်နုတ်ဆက်ရန် ပါပါးဘဲန်ဆီ သို့ ပါပါးဖရန်စစ်အလည်အပတ်ကြွရောက်

အီစတာနဲ့ မွေးနေ့အတွက်နုတ်ဆက်ရန် ပါပါးဘဲန်ဆီ သို့ ပါပါးဖရန်စစ်အလည်အပတ်ကြွရောက်

 

လာမယ့် သန့်ရှင်းသောစနေနေ့ကြီးမှာ ကျရောက်မယ့် အနားယူသွားပြီဖြစ်သော ပုပ်ရဟန်းမင်းကြီး ၁၆ ဆက်မြောက်ဘယ်နဒစ် အရှင်သူမြတ်ရဲ့ သက်တော် ၉၅ နှစ်ပြည့် မွေးနေ့အတွက် နှင့်အီစတာပွဲတော်အတွက် ကြိုတင်နုတ်ဆက်ရန်အတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ပါးပါးဘဲန် သတင်းသုံးရာ Mater Ecclesiae Monastery သို့ ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းမှာ ကြွရောက်ခဲ့ကြောင်းကို  ဗာတီကန်သတင်းတိုက်ရဲ့ ဒါရိုက်တာ မာတေးယို  ဘရူးနီ က အတည်ပြုခဲ့ပါတယ်။

ကိုဗစ် ၁၉ အခြေအနေကြောင့်မှလွဲပြီး သမိုင်းတလျှောက်မှာ ပါပါးဖရန်စစ်ဟာ ပါပါးဘဲန်ဆီကို အီစတာ ရောက်တိုင်း ကြွရောက်နုတ်ဆက်လေ့ရှိကြောင်း

ခဏတာမျှ အတူတကွဆုတောင်းခြင်း ၊ စကားစမြည်ပြောဆိုနူတ်ဆက်အပြီးမှာတော့ ပါပါးဖရန်စစ်ဟာ ၎င်းသတင်းသုံးရာ Casa Santa Marta သို့ပြန်လည်ကြွသွားခဲ့ပါတယ်။ 

လာမည့်ဧပြီလ ၁၆ ရက်နေ့ ဟာ ပါးပါဘယ်နဒစ်ရဲ့ ၉၅ နှစ်မြောက်မွေးနေ့ ရက်မြတ်ဖြစ်မှာပါ။

၁၉၂၇ ခုနှစ် လွန်ခဲ့တဲ့ ၉၅ နှစ်ခန့်က ဂျိုးဇက်ရာဇင်ဂါ အမည်နဲ့ ပါပါးဘယ်နဒစ်ဟာ ၎င်းရဲ့ ဇာတိမြို့ဖြစ်တဲ့ Bavaria မှာ ၊ သန့်ရှင်းသော စနေနေ့ကြီးမှာပင် ဆေးကြောခြင်းစက္ကရမင်တူးမဂ်လာကို ခံယူခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3jAkApW

 

Add new comment

16 + 1 =