အီဂျစ်နိုင်ငံ၌ မယ်တော်၏ဧရာမဆင်းတုတော်ကြီးအားထားရှိခွင့်ကိုအီဂျစ်အစိုးရခွင့်ပြု

အီဂျစ်နိုင်ငံ၌ မယ်တော်၏ဧရာမဆင်းတုတော်ကြီးအားထားရှိခွင့်ကိုအီဂျစ်အစိုးရခွင့်ပြု

အီဂျစ်အစိုးရသည် (၉) မီတာရှိသော မယ်တော်မာရီယား၏ဧရာမ ကြေးဆင်းတု တော်ကို Asyut ပြည်နယ်၊ Dronka ဘုရားကျောင်းကြီး၌ထားရှိဖူးမြော်ခွင့်ပြုလိုက်သည်။

ယခုကောင်းချီးပေး၍ထားရှိဖူးမြော် သောမယ်တော်မာရိယာ၏ဆင်းတုတော်သည် အီဂျစ်နိုင်ငံအတွင်း၌အကြီးဆုံးဆင်းတု တော်ဖြစ်ပါသည်။ ဤဆင်းတုတော်ကို ပန်းပုပညာရှင်ပရောဖက်ဆာ Gerges Algawly မှအနုစိပ်၍လက်ရာပြောင်မြောက်စွာထွင်းထုထားသည်။ ပန်းပုပညာရှင်သည် Minia တက္ကသိုလ်၏အနုပညာများဆိုင်ရာအဖွဲ့၏အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။

ယခုကဲ့သို့တည်ဆောက်နိုင်ရန် (၂) နှစ်အချိန်ယူခဲ့ရသည်။ ဆင်းတုတော်ကို (၃) နှစ်ကြာထွင်းထုခဲ့ရပြီး မြို့တော်ကိုင်ရိုမှတည်ထားမည့် Asyut မြို့သို့ အပိုင်းလိုက်သယ်ယူပို့ဆောင်ခဲ့ရသည်။ စုံစေ့ပြီးမှသာတစ်ဖန်ပြန်လည်တပ်ဆင်ခဲ့ရသည်။

ယခုကဲ့သို့တည်ထားဖူးမြော်ခွင့်ပြုခြင်းသည် ဘုရားကျောင်သို့လာရောက်ဘုရား ဖူးကြသူများ၊ ဒေသခံများအားကျေနပ်အားရဖွယ်ဖြစ်စေခဲ့သည်။ နှစ်စဉ် Dronka ရှိမယ်တော့်ဗိမာန်တော်သို့ ဘုရားဖူးများစွာလာရောက်လေ့ရှိသည့်နေရာလည်းဖြစ်သည်။

ယခုနှစ်၏ ဩဂုတ်လ (၂၁) ရက်နေ့ကလည်း ကော့ပ်တစ်ခရစ်ယာန်များ၊ အီသီယိုးပီးယားနှင့် Eritrea မှခရစ်ယာန်ကိုယ်စားလှယ်များသည် ယခုပွဲတော်ကိုအောင်မြင်ဘေးကင်းစွာကျင်းပရန် (၁၅) ရက်ကြာ၀ါရှောင်ဆုတောင်းခြင်းပြီးဆုံးသောနေ့လည်းဖြစ်သည်။

ဒေသအတွင်း ဩဂုတ်လ (၂၁) ရက်နေ့၌ သန့်ရှင်းသောအိမ်ထောင်စု အီဂျစ်ပြည်သို့ထွက်ပြေးခိုလှုံသည့်ပွဲနေ့ကိုကျင်းပလေ့ရှိသည်။ ဤပွဲသည် ဘုရားဖူးလွန်စွာများပြားသောဒေသန္တရခရစ်ယာန်တို့၏ပွဲတစ်ပွဲလည်းဖြစ် သည်။ ဤနေရာသည် သန့်ရှင်းသောအိမ်ထောင်စု (ယေဇူး၊ မာရိယာ၊ ဂျိုးဇက်) တို့အီဂျစ်ပြည်၌ခိုလုံလာစဉ်ကအခြေချနေထိုင်ခဲ့သောနေရာတစ်ခုလည်းဖြစ်သည်။

ယခုအခါအီဂျစ်အစိုးရသည် သန့်ရှင်းသောအိမ်ထောင်စုအီဂျစ်ပြည်သို့ထွက်ပြေးတိမ်းရှောင်၍လုံခြုံစွာနေထိုင်ခဲ့သောနေရာကို ဘုရားဖူးများအားဆွဲဆောင်နိုင်သည့်နေရာ (၂၀) ခုကိုထည့်သွင်းလုပ်ဆောင်ရန် အတွက်စီမံကိန်းကြီးချထားသည်။ ဤနေရာသည် မြောက်ဆီနာရီဒေသမှသည်ကိုင်ရိုအထိရှည်လျားသည်။ ထို့အတူ တောင် Minia နှင့် Asyut သည်သန့်ရှင်းသောအိမ်ထောင်စုခေတ္တရပ်နားခဲ့သောနေရာ၌ပါ၀င်သည်။

ဤစီမံကိန်းကြီးအား အီဂျစ်အစိုးရသည် ယဉ်ကျေးမှုနှင့်ခရီးသွား၀န်ကြီးဌာနနှင့်ပူးပေါင်း၍လုပ် ဆောင်နေသည်ဟုသိရသည်။ ဤသို့ပြုလုပ်ရခြင်းမှာဘာသာရေးသမိုင်းအမွေအနစ်များကိုဖော်ထုတ်ရန်နှင့်ထိန်းသိမ်းစောင့်ရှောက်ရန်လည်းဖြစ်သကဲ့သို့ ဘာသာရေးခရီးသွားလုပ်ငန်းများဒေသအတွင်းဖွံ့ဖြိုးလာရန်ဖြစ်သည်ဟုဆိုပါသည်။

သမ္မာကျမ်းစာအထောက်အထားအရ သန့်ရှင်းသောအိမ်ထောင်စုသည် ပါလက်စတိုင်းမှအီဂျစ်ပြည်သို့ မင်းဟေရုဒ်၏ရန်မှထွက်ပြေးတိမ်းရှောင်လာခဲ့သည်။ သန့်ရှင်းသောအိမ်ထောင်စု၏ (၃) နှစ်တာခိုလုံခဲ့သောကာလ၌ လက်ရှိအီဂျစ်နိုင်ငံအတွင်းမှ (၁၁) နေရာသို့ပြောင်းရွေ့နေထိုင်ခဲ့သည်။

သန့် ရှင်းသောအိမ်ထောင်စု၏အီဂျစ်သို့ခရီးစဉ်သည် မြောက်ဆီနာရီမှသည် Asyut ၌အခြေချအဆုံးသတ်ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/SYo4

Add new comment

3 + 7 =