အီဂျစ်နိုင်ငံရှိ ကော့ပတစ်ခရစ်ယာန်များအတွက် အာဏာပိုင်များကဘုရားကျောင်းဆောင် ဆောက်လုပ်ခွင့်ပေး

အီဂျစ်နိုင်ငံရှိ ကော့ပတစ်ခရစ်ယာန်များအတွက် အာဏာပိုင်များကဘုရားကျောင်းဆောင် ဆောက်လုပ်ခွင့်ပေး

အီဂျစ်နိုင်ငံရှိ ကော့ပတစ်ခရစ်ယာန်များအတွက် အာဏာပိုင်များကဘုရားကျောင်းဆောင် ဆောက်လုပ်ခွင့်ပေး

အီဂျစ်နိုင်ငံရှိ ကော့ပတစ်ခရစ်ယာန်များအတွက် ဘုရားကျောင်းဆောင် ဆောက်လုပ်ခွင့်ကို အာဏာပိုင်များက အတားအဆီးမရှိ ဆောက်လုပ်ခွင့်ပေး၍ မြို့ပြရှိ ယုံကြည်သူများ ဝမ်းသာလျက်ရှိကြသည်။

ဖေဖော်ဝါရီ ၅ ရက်က အရှေ့တိုင်း ဆရာတော် Patriarch Tawadros II ကမြို့တော်ကိုင်ရို၏အစွန်အဖျားရှိ El Salam မြို့ရှိ ဘုရားကျောင်းအသစ်၌ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုကို ကြေညာခဲ့ပြီး ဤကဲ့သို့ လုပ်ဆောင်ခြင်း ၏ရည်ရွယ်ချက်ဟာ နိုင်ငံသားအပါအဝင်ခရစ်ယာန်များအားလုံး သူတို့၏ရပ်ရွာများတွင် ဘာသာရေးဝတ္တရားများကို ပါဝင် တက်ရောက်ခွင့်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်တယ်။

၎င်းဟာ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ မီးရထားဘူတာများ၊ တူးမြောင်းများနှင့် အစိုးရအဆောက်အဦများအနီးတွင် ဘုရားကျောင်းများဆောက်ခြင်းကို ကန့်သတ်ထားသည့် ရှေးအိုတိုမန်ခေတ်ဥပဒေနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး

ဘုရားကျောင်းသစ်ကို အပျိုစင်ကညာမာရီယားအားဆက်ကပ်အပ်နှံထားသော ဘုရားကျောင်းအသစ်အား ကောင်းချီးပေးနေစဉ် ကော့ပတစ် Patriarch မှ သမ္မတ Abdel Fateh Sisiနဲ့ ရဲအရာရှိများ၊ ဘုရားကျောင်း တည်ဆောက်ရာတွင် ကူညီပေးသော အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်။

ဆောက်လုပ်ရေးပရောဂျက်ကို 2019 ခုနှစ်တွင်စတင်ခဲ့သည်။ မြို့ပြလူနေရပ်ကွက်အသစ်တစ်ခုစီတွင် ဗလီတစ်လုံးနဲ့ ဘုရားကျောင်းတစ်ခုစီရှိမည်ဖြစ်တယ်ဆိုတဲ့ သူတို့သတ်မှတ်ချက် စည်းမျဥ်းဥပဒေနဲ့ ညီညွတ်ရမယ်။

ဘုရားကျောင်းအသစ်များ ဆောက်လုပ်ခြင်းနှင့်ပတ်သက်သည့် အော်တိုမန်ခေတ် စည်းမျဉ်းများကို အကောင်အထည်ဖော်ခြင်းကြောင့် အထူးသဖြင့် ကျေးလက်ဒေသများတွင် ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများစွာကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်စေခဲ့တယ်။အဲ့အရာတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းများကို တိုက်ခိုက်ရန် အကြောင်းပြချက်အဖြစ် ဥပဒေကို ဆန့်ကျင်သည့် အစွန်းရောက်အစ္စလာမ္မစ်ဝါဒီများအတွက် ကောင်းမွန်တဲ့ ပစ်မှတ်များ ဖြစ်စေခဲ့သည်။

ဘာသာပြန်- အာဗီအေမြန်မာ

https://bit.ly/3GPfrTW

 

Add new comment

1 + 2 =