အီဂျစ်တရားရုံးက ‘ကော့ပ်တစ်’ ခရစ်ယာန်တစ်ဦးအား ထောင် (၃) နှစ်ပြစ်ဒဏ်ချမှတ်

အီဂျစ်တရားရုံးက ‘ကော့ပ်တစ်’ ခရစ်ယာန်တစ်ဦးအား ထောင် (၃) နှစ်ပြစ်ဒဏ်ချမှတ်

အီဂျစ်နိုင်ငံ၏အရေးပေါ်လုံခြုံရေးအရတရားရုံးတော်က Patrick George Zaki အားထောင် (၃) နှစ်ချ မှတ်ခဲ့သည်။ သူသည် အီဂျစ်နိုင်ငံရှိ ကော့တစ်ပ်ခရစ်ယာန်တစ်ဦးဖြစ်သည်။ ထိုအပြစ်ဒဏ်ချမှတ်ရခြင်းမှာ လွန်ခဲ့သော (၂၀၁၉) က ‘Daraj’ လူမှုကွန်ရက်သတင်းစာမျက်နှာပေါ်၌ ဆောင်းပါးတစ်ပုဒ်ကိုရေးတင်ခဲ့သည်။

ထိုဆောင်းပါး၌ အီဂျစ်နိုင်ငံရှိ ကော့ပ်တစ်ခရစ်ယာတို့၏ဘာသာရေးအခွင့်အရေးချိုးဖောက်ခံရမှု၊ ဆုံး ရှုံးနေမှုများအကြောင်းထည့်သွင်းရေးသားခဲ့သည့်ဆောင်းပါးကြောင့်ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ် သည်။

သူသည် တရားရုံးတော်မှပြစ်မှုထင်ရှားကြောင်းသတ်မှတ်လိုက်သည့် ဇူလိုင် (၁၈) ရက်နေ့ကအပြီး သတ်စီရင်လိုက်သည်။ သူ၏ပြစ်မှုသည် အယူခံ၀င်ခွင့်မရသောပြစ်မှုအမျိုးအစားဖြစ်သည်။ အီဂျစ် သမ္မတ Abdel Fattah El-Sisi တစ်ဦးတည်းသာချုပ်ပိုင်ခွင့်နှင့်ရုတ်သိမ်းခွင့်ပြုထားသောပြစ်မှုမျိုးဖြစ်သည်။

ယခုပြစ်ဒဏ်ချမှတ်ခံထားရသောသူသည် အီတလီနိုင်ငံ၊ ဘိုလိုးညှာတက္ကသိုလ်၌ ပညာသင်ကြားခဲ့သူ တစ်ဦးဖြစ်သည်။ သူ့အားအီဂျစ်နိုင်ငံ၏မြို့တော် ကိုင်ရိုတွင်လွန်ခဲ့သော (၃) နှစ်ကဖမ်းဆီးခဲ့သည်။ သူသည် ပြည်တွင်းမှသတင်းအမှားများကိုဖြန့်‌ေ၀ပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုကိုမငြိမ်မသက်ဖြစ်အောင်ဖန်တီးလုပ်ဆောင်သည်ဟုစွပ်စွဲခံခဲ့ရသည်။

တရားမစီရင်မီ (၂၂) လလုံး၌ သူသည်ညှဉ်းပမ်းနှိပ်စက်မှုကိုတောက် လျှောက်ခံခဲ့ရသည်။ ဇူလိုင်လ (၁၈) ရက်နေ့က ဤလူငယ်အားမတရားပြစ်ဒဏ်ချမှတ်ခဲ့မှုနှင့်စပ်လျင်း၍ဒေသအတွင်းမှ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တို့မှပြင်းပြင်းထန်ထန်ဆန့်ကျင့်ရှုံ့ချခဲ့ကြသည်။ အဆိုပါအဖွဲ့များ၏ပူးတွဲကြေညာချက်၌ ယခုဖမ်းဆီးထိန်းသိမ်းခံလိုက်ရသော Patrick Zaki အားချက်ချင်းလွှတ်ပေးရန်၊ စွဲချက်များအားလုံးကိုလည်းပြန်လည်ရုတ်သိမ်းပေးရန်၊ သူ့အားပိတ်ပင်တားဆီးမှုများအားလုံးကိုလည်းဖြေလျော့ပေးရန်တို့ကိုတောင်းဆိုထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3O4Xw1c

Add new comment

6 + 0 =