အီကွေဒေါနိုင်ငံအား ယေဇူးရွှေနှလုံးတော်ထံ နှစ်ပေါင်း (၁၅၀) ကြာမှပြန်လည်အပ်နှံပူဇော်ခြင်း

အီကွေဒေါနိုင်ငံအား ယေဇူးရွှေနှလုံးတော်ထံ နှစ်ပေါင်း (၁၅၀) ကြာမှပြန်လည်အပ်နှံပူဇော်ခြင်း

အီကွေဒေါနိုင်ငံသည် ယေဇူးရွှေနှလုံးတော်အားအပ်နှံပူဇော်သော ကမ္ဘာပေါ်ရှိပထမဦးဆုံး‌ သောနိုင်ငံဖြစ်သည်။ ယခုနှစ် မတ်လ၌ နိုင်ငံအားတဖန် ယေဇူးရွှေနှလုံးတော်ထံပြန်လည်အပ်နှံခဲ့သည်။ ဤ သို့အပ်နှံပူဇော်ခြင်းကို လွန်ခဲ့သောနှစ်ပေါင်း (၁၅၀) ကပြုလုပ်ခဲ့သည်။

Quito ၏ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် Alfredo José Espinoza Mateus ကမစ္ဆားတရားကိုဦးဆောင်၍ မြို့တော်ရှိ National Vow ဘာစီးလီကာ၌ပူဇော်ခဲ့ပါသည်။ ဆရာတော်ကြီးများ၊ ဘုန်း တော်ကြီးများ မစ္ဆားတရား၌ပါ၀င်ပူဇော်ခဲ့ကြသည်။ ဂုဏ်ကျက်သရေရှိလူကြီးမင်းများဖြစ်ကြသော မြို့တော် ၀န်၊ ဒေါက်တာ Pabel Muñoz၊ ဒေါက်တာ Paola Pabón တို့လည်းတက်ရောက်ခဲ့သည်။

သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်က သူ၏ဩ၀ါဒထဲ၌ စစ်ပွဲများ၊ မှုးယစ်ဆေး၀ါးရောင်း၀ယ် ဖောက်ကားမှု၊ အကြမ်းဖက်တို့၏တိုက်ခိုက်မှုများကြောင့် နိုင်ငံသည်မတည်မငြိမ်ဖြစ်နေရကြောင်း၊ လက်ရှိနိုင်ငံ့အခြေအနေသည် သမ္မာကျမ်းစာလာအဖြစ်အပျက်ဖြစ်သည့် အီဂျစ်နိုင်ငံ၌အတိဒုက္ခအမျိုးမျိုးနှင့်ကြုံခဲ့ရ သော အီစ္စရေးလူမျိုးတို့၏အဖြစ်သနစ်နှင့်တူကြောင်း၊ အီစ္စရေးလူမျိုးတို့သည် အီဂျစ်နိုင်သားတို့၏ဂုဏ်သိ က္ခာမဲ့စွာဖိနှိပ်ခံရ၊ လွတ်လပ်မှုကင်းမဲ့စွာနေထိုင်ခဲ့ကြရကြောင်း၊ ယနေ့ကျွန်ုပ်တို့ကြုံတွေ့နေရသောအခြေအ နေများကြောင့် စိတ်ပျက်မသွားကြရန်၊ လက်ရှိအခက်အခဲအကြပ်အတည်းများကြောင့် လူ့အသက်ကိုသတ် ဖြတ်နေသောသူတို့နှင့်ပူးပေါင်းရပ်တည်လိုစိတ်များမဖြစ်ပေါ်မိစေရန်၊ ကမ္ဘာကြီးသည် သတ်ဖြတ်ခြင်းကိုကျူးလွန်နေသူမျအတွက်ရပ်တည်နေခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့အားချစ်သူ၊ ကျွန်ုပ်တို့အတွက် အသက်ကိုစွန့် သောသူတို့ဖက်၌ရှင်သန်ရပ်တည်သည်။ ကမ္ဘာကြီးသည် ခရစ္စတူးသခင်ဖက်၌ရပ်တည်သည်ဟုဟောကြားခဲ့ သည်။

ယနေ့ကျင်းပသော၀တ်ပြုခြင်းအခမ်းအနားသည် အတူတကွစည်းလုံးစွာရပ်တည်လျှောက်လှမ်းရန်၊ ညီအစ်ကိုမောင်နှစိတ်ဓာတ်မွေးဖွားရန်၊ အခြားသူများအတွက် ကျွန်ုပ်တို့၏အသက်တာကိုပေးအပ်ရန်၊ ယေဇူးသခင်၏နှလုံးသားထဲသို့ အားလုံးအတူတကွ၀င်ရောက်သွားရန်ကိုရည်စူးလုပ်ဆောင်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံတစ်၀ှမ်းလုံးအား ယေဇူးရွှေနှလုံးတော်အား လွန်ခဲ့သည့် (မတ်လ ၂၅၊ ၁၈၇၄) ကလည်း အပ်နှံပူဇော်ခဲ့သည်။ ထိုစဉ်က နိုင်ငံကိုအုပ်ချုပ်သောသမ္မတ Gabriel García Moreno ၏အမိန့်ဖြင့် ဗာတီကန်၏ခွင့်ပြုချက်ကိုတောင်းခံ၍ Quito ဂိုဏ်းချုပ်ဆရာတော် José Ignacio Checa y Barba မှဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကာလက ပြုလုပ်ခဲ့သောအပ်နှံပူဇော်ခြင်းအခင်အကျင်းပန်းချီကားကို ဘာစီးလီကာဘုရားကျောင်း၌ပြသထားပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bitly.cx/wL9ZN

 

Add new comment

2 + 8 =