အိန္ဒိယနိုင်ငံ ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုတွင် ယာယီတဲ ပြိုကျမူ့ကြောင့် ၁၄ ဦးသေ ၅၀ ဒဏ်ရာရ

Jasol ရွာ စာသင်ကျောင်းကွင်ပြင်

အိန္ဒိယနိုင်ငံ ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုတွင် ယာယီတဲ ပြိုကျမူ့ကြောင့် ၁၄ ဦးသေ ၅၀ ဒဏ်ရာရ
ဇွန်လ ၂၄၊ ၂၀၁၉

၂၀၁၉ ဇွန်လ ၂၃ ရက် တနင်္ဂနွေနေ့ က အိန္ဒိယနိုင်ငံ အနောက်တောင်အရပ် ရာဂျတ်စသန် (Rajasthan) ပြည်နယ် Jasol ရွာ စာသင်ကျောင်းကွင်ပြင်တွင် Hindu Rani Bhatiyani ဟိန္ဒူ ဘုရားကျောင်းမှ ဦးဆောင်ပြီး ကျင်းပသော Ram Katha ဘာသာရေးပွဲးတွင် ဘာသာဝင် ၃၀၀ ခန့် စုရုံးနေကြစဉ် မိုးကြိုးပြစ်ခြင်း၊ လေပြင်းတိုက်ခိုက်ခတ်ခြင်း နှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ယာယီတဲ ပြိုကျခဲ့ပြီး ၁၄ ဦးသေ ၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အခင်းဖြစ်ပွားစဉ်တွင် ပြင်းထန်သောလေတိုက်ခတ်ခြင်း မိုးများခြင်းတို့ကြောင့် လူတိုကို အရပ်လေးမျက်နှာ ရှောင်ရှားကြဖို့သတိပေးခဲ့ကြောင်းကိုလည်း ဖော်ပြထားပါသည်။

အချို့မှာ ယာယီတဲ သံဘောင်များနှင့် ရိုက်မိပြီး သေးဆုံးဒဏ်ရာရရှိကြကြောင်း သေဆုံးသူအများစုမှာ လျှပ်စစ်ဓာတ်စီးနေသော ဝါယာကြိုးကြောင့် ဓာတ်လိုက်သေဆုံးရကြောင်း၊ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း၊ ယင်းကဲ့သို့သော အခြေအနေတွင် လျှပ်စစ်မီး လွတ်ထားခြင်း အပေါ် သံသယရှိကြောင်း ရာဂျတ်စသန် (Rajasthan) ပြည်နယ် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အဖွဲ့မှ မေးခွန်းထုတ်ပြန်ခဲ့ပြီး ဆက်လက်စုံစမ်းမူ့များပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ် တာဝန်ရှိသူမှ Reuters သတင်းဌာနသို့ပြေားကြားခဲ့ပါသည်။

ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

https://www.vaticannews.va/en/world/news/2019-06/india-tent-collapse-kills-14-rajasthan.html

#india, #hindu, #feast, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 2 =