အိန္ဒိယ နိုင်ငံတောင်ပိုင် ကီရာလာ Kerala သာသနာနယ် ရေလွှမ်းမိုးမူ အရေးပေါ်ကြေငြာ

အိန္ဒယ နိုင်ငံ တောင်ပိုင်း ဂူဂျာရပ်၊ မဟာရာရှ်တရာ၊ ကာနာတာကာ နှင့် ကီရာလာ ပြည်နယ်တို့တွင် မိုးရာသီ မိုးများ ရေကြီး ရေလွှမ်းမိုးမူ့

အိန္ဒိယ နိုင်ငံတောင်ပိုင် ကီရာလာ Kerala သာသနာနယ် ရေလွှမ်းမိုးမူ အရေးပေါ်ကြေငြာ
သြဂုတ်လ ၁၃၊ ၂၀၁၉

အိန္ဒယ နိုင်ငံ တောင်ပိုင်း ဂူဂျာရပ်၊ မဟာရာရှ်တရာ၊ ကာနာတာကာ နှင့် ကီရာလာ ပြည်နယ်တို့တွင် မိုးရာသီ မိုးများ ရေကြီး ရေလွှမ်းမိုးမူ့ နှင့် မြေပြိုကျမူ့ကြောင့် အနည်းဆုံး ၂၀၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁.၂ သန်းကျော် အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။

အိန္ဒိယ နိုင်ငံ ပြည်နယ် ဆယ်ခုအတွင်းရှိ ခရိုင် (သို့) အရပ်ဒေသ ၁၄ ခု တွင် မိုးများ၊ ရေကြီး၊ ရေလွမ်းမိုးမူ များ နှင့် မြေပြိုမူ့ အကြိမ် တစ်ရာခန့် နေရာအနှံအပြား ဖြစ်ပေါ်ပြီး လူ အများအပြား ပြောက်ဆုံးနေကြောင်းလည်း ဖော်ပြထားပါသည်။

၎င်ပြည်နယ်များ တွင် ကီရာလာ ပြည်နယ် သည် သဘာဝဘေးအန္ဒရာယ် ကို နှစ်စဉ်ဆိုးဝါးစွာ ထိခိုက်ခံစားနေရသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ၂၀၁၈ သြဂုတ် လ အတွင်းကလည်း ယခုကဲ့သို့ မိုးများ ရေးကြီး မြေပြိုမူ့ကြောင့် လူပေါင်း ၄၈၀ သေဆုံးခုရပြီး ယခု နှစ်တွင်လည် အလားတူခံစားရေသော ပြည်နယ် တစ်ခုဖြစ်ပါသည်။

ကီရာလာပြည်နယ် တွင် ကက်သလစ် သာသနာနယ် ၃၂ ခု ရှိပါသည်။ ယင်းသာသနာနယ် ၃၂ ခု အတွင်း ကယ်ဆယ်ရေး စခန်း ၃၀၀ ဖွင်လှစ်ပေးထားပြီး ဒုက္ခရောက်သူ မည်သူကိုမဆို ကြိုဆိုကူညီပေးနေကြောင်း လတ်တလောတွင် လူပေါင်း ၄၅၀၀၀ ကို စနစ်တကျကူညီမူ့ပေးထား ကြောင်း ကီရာလာ လူမူကယ်ဆယ်ရေးတာဝန်ခံ ဘုန်းတော်ကြီး ဂျော့ ဘက်တီးကာတီလ် မှ ဗာတီကန် သတင်းဌာန သို့ ဖုန်းအဆက်အသွယ် ဖြင့် ပြောကြားခဲ့ပါသည်။

အခြားသော ဒေသများတွင်လည်း ကက်သလစ် အသင်းတော်မှ လူမူ့ကူညီရေးဂေဟာများ ဖွင့်လှစ်ပေးထားပြီး အားလုံးကို ကူညီပေးနေကြောင်း ကက်သလစ် အသင်းတော်မှ ဦးဆောင်ပြီး ကယ်ဆယ်ရေး စခန်း တစ်ထောင်ကျော်ကို သာသနာတိုက်နယ်များ၊ စာသင်ကျောင်းများ၊ လူမူရေးစဉ်တာများတွင် ဖွင်လှစ်ပြီးကူညီပေးနေကြောင်း ဖော်ပြထားပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/31zC8aB

Add new comment

2 + 1 =