အိုလံပစ်အားကစားသမားများအား ကက်သလစ်ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန် တိုကျိုဂိုဏ်းချုပ်ဆရာတော်ပန်ကြား

အိုလံပစ်အားကစားသမားများအား ကက်သလစ်ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန် တိုကျိုဂိုဏ်းချုပ်ဆရာတော်ပန်ကြား

အိုလံပစ်အားကစားသမားများအား ကက်သလစ်ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန် တိုကျိုဂိုဏ်းချုပ်ဆရာတော်ပန်ကြား

တိုကျိုဂိုဏ်းချုပ်ဆရာတော် Tarcisio Isao Kikuchi က လက်ရှိဖြစ်ပွားနေသော ကိုးဗစ်ရောဂါ မိမိတို့ကြောင့် သူတစ်ပါးအားကူးစက်မခံရရေး၊ သူတစ်ပါးကြောင့်မိမိတို့ကိုမကူးစက်စေရန်ရှေ့ရူ၍ ဇူလိုင်လ (၁၂) ရက်နေ့ကကြေညာ ချက်တစ်ရပ်ထုတ်ပြန်လိုက်သည်။ ထိုကြေညာချက်ကား တိုကျိုအိုလံပစ်နှင့်မသန်စွမ်းအိုလံပစ်ပွဲတော်သို့ရောက်ရှိလာ မည့်သူများအနေဖြင့် ဤပြိုင်ပွဲအတောအတွင်းဘုရားကျောင်းများသို့သွားရောက်လည်ပတ်ခြင်းကိုမပြုကြရန်မေတ္တာရပ် ထားသည်။ အစောပိုင်း၌ နိုင်ငံအသီးသီးမှရောက်ရှိလာကြမည့်ပြိုင်ပွဲကက်သလစ်ဘာသာတူများအတွက် ဘာသာရေးနှင့် ဆိုင်သောအစီအစဉ်များကိုကြိုတင်ပြင်ဆင်ထားရန်ရည်ရွယ်ခဲ့ကြသော်လည်း နောက်ဆုံး၌ထိုအစီအစဉ်ကိုလည်းပြန် လည်ဖျက်သိမ်းလိုက်သည်ဟုဆရာတော်ကပြောကြားခဲ့သည်။

တိုကျိုမြို့တော်ကြီးသည် အိုလံပစ်ပွဲတော်ကြီးမစတင်မီ နှစ်ပတ်အလိုကပင်အရေးပေါ်အခြေအနေအဖြစ်ကြေ ညာထားပြီဖြစ်သည်။ အိုလံပစ်ပွဲတော်သည် ဇူလိုင် (၂၃) ရက်နေ့၌ကျင်းပမည်ဖြစ်သည်။ ကိုးဗစ်ပိုးကူးစက်ပျံ့ပွားမူကို ကာကွယ်သည့်အနေဖြင့် ပွဲကြည့်ပရိသတ်များလည်း ကြည့်ရူခွင့်ကိုပိတ်ပင်ထားသည်။ ကိုးဗစ်ဆိုးရွားစွာဖြစ်ပွားခဲ့ပြီး နောက်ပိုင်း၌ တိုကျိုဂိုဏ်းချုပ်သာသနာအနေဖြင့် ဘုရား၀တ်ပြုခြင်းများ၌လည်း ပါ၀င်နိုင်သူဦးရေကိုတင်းတင်းကြပ် ကြပ်ကန့်သတ်ထားသကဲ့သို့ တစ်ဦးနှင့်တစ်ဦး၏အကွာအ‌ေ၀းကိုလည်းထိရောက်စွာလိုက်နာစေသည်။ ထို့အတူ မိမိ တို့၏သာသနာအုပ်စုရှိဘုရားကျောင်းများ၌သာ မစ္ဆားတရားကိုပါ၀င်ပူဇော်ရန်လည်းတိုက်တွန်းထားသည်။

သာသနာအုပ်စုအနေဖြင့် မစ္ဆားတရားတစ်ပါးစီ၌ ပါ၀င်ပူဇော်ကြသော ဘာသာတူဦးရေကိုလည်း မှတ်တမ်း ကောင်းစွာပြုစုထားမည်ဖြစ်သည်။ သို့မှသာကျန်းမာရေး၀န်ကြီးမှတစ်စုံတစ်ခုအကြောင်းကြောင့်မေးမြန်လာသောအခါ မှတ်တမ်းမှတ်ရာအချက်အလက်များဖြင့်ဖြေကြားပေးနိုင်မည်ဖြစ်သည်။ ဘာသာရေး၀တ္တရားများဖြည့်ဆည်းခြင်း၌မစ္ဆား တရားပါ၀င်ပူဇော်ခြင်းသည်လည်းတစ်ချက်ဖြစ်နေလင့်ကစား တိုကျိုဂိုဏ်းချုပ်သာသနာ၌မူ အခြေအနေကြောင့်မတက် မနေရအဖြစ်ပြန်လည်ထုတ်ပြန်ထားခြင်းမရှိသေးပေ။ နိုင်ငံ၏လူဦးရေသန်း (၂၀) ရှိသည့်အနက် ကက်သလစ်ဘာသာ၀င် (၁၀၀၀၀၀) သိန်းရှိသည်။

ဇူလိုင် (၁၃) ရက်နေ့က ဒေသအာဏာပိုင်များ၏သတင်းထုတ်ပြန်ချက်အရ တိုကျိုမြို့တော်ကြီး၌ ကိုးဗစ်ကြောင့် ဆေးရုံ၌ ဆေး၀ါးကုသမူခံယူနေရသောလူနာ (၁၉၈၆) ဦးရှိကြောင်း၊ ထိုဆေးကုသခံနေသူများအနက် (၅၈) ဦးမှာအခြေ အနေဆိုး၀ါးကြောင်း၊ (၂၀၁၉) တရုတ်နိုင်ငံ၊ ၀ူဟန်မှစတင်ပျံ့နှံ့လာသော ကိုးဗစ်ပထမလှိုင်းမှသည်ယနေ့ထိတိုင် ကိုး ဗစ်ဖြင့်အသက်ဆုံးရှုံးခဲ့သောဦးရေမှာ (၂၂၅၈) ဦးရှိကြောင်းသတင်းထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံလူဦးရေ၏ (၂၈) ရာခိုင်နှုန်းသည် အနည်းဆုံးကိုးဗစ်ကာကွယ်ဆေးကိုတစ်ကြိမ်ထိုးနှံ့ပြီးကြသူများဖြစ် ကြောင်းရိုက်တာသတင်းဌာနတွင်ဖော်ပြထားသည်။ ‘ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်သည် ဆက်လက်လုပ် ဆောင် လျှက်ရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်လည်းကာကွယ်ဆေးထိုးထားပြီးသကဲ့သို့ ထိုးခြင်းမထိုးခြင်းနှင့်စပ်လျင်း၍ ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သည်။ အဖြစ်မနေထိုးမှရမည်ဟုလည်း စံပြုသတ် မှတ်ခြင်းလည်းမပြု။ ကာကွယ်ဆေးမထိုးထား၍ စုပေါင်းမစ္ဆားပူဇော်ခြင်း၌ပါ၀င်ခွင့်မပြုနိုင်ဟုလည်း ခွဲခြားခြင်းမျိုးမရှိ။ အိုလံပစ်ပွဲသည် ဇူလိုင် (၂၃) ရက်နေ့၌စတင်မည်ဖြစ်သော်လည်း မသန်စွမ်းအိုလံပစ်ကိုမူ ဩဂုတ်လ (၂၄) မှ စက်တင် ဘာလ (၅) ရက်နေ့အထိကျင်းပမည်ဖြစ်ရာ အဆိုပါပွဲပြီးဆုံးသည်အထိ ပြိုင်ပွဲလာဧည့်သည်များ ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ကြည့်ရူခြင်းမပြုသည့်သတ်မှတ်ချက်သည်အကျုံး၀င်ဦးမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်ကိုသာ ကာကွယ်စောင့်ရှောက်ရန်မဟုတ်။ ဘုရားသခင်ထံမှကိုအခြားသောသူများရရှိထားသည့် အသက်၏ကောင်းကြီးတော်ကို လည်းကာကွယ်ရန်ကျွန်ုပ်တို့၌တာ၀န်ရှိသည်’ ဟုတိုကျိုဂိုဏ်းချုပ်ဆရာတော်က ရှင်းပြခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3z2zpqP

Add new comment

1 + 1 =