Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အိုင်ဝါမှ ကက်သလစ်များက မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီထောက်ပံ့
အိုင်ဝါမှ ကက်သလစ်များက မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီထောက်ပံ့
လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အကြာက အမေရိကန်ပြည်ထောင်စုတွင် တိုက်ခိုက်ခဲ့သော ဒယ်ရက်ခိုအမည်ရိ မုန်တိုင်းကြောင့် ဒုက္ခရောက်နေသောသူများကို ဒေသရှိ ကက်သလစ်အဖွဲ့အစည်းများက အကူအညီပေးခဲ့သည်။
သြဂုတ်လ၁၀ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းသည် အိုင်ဝါပြည်မယ်နှင့် အီလီနွိုက်ပြည်နယ် မြောက်ပိုင်းကို လွန်စွာ အထိနာစေခဲ့သည်။လူအချို့ သေဆုံးခဲ့ပြီး အရေးပေါ်စားသောက်ဖွယ်များ ပြတ်လပ်ခဲ့သည်။
တစ်နာရီလျှင် မိုင်၁၀၀နှုန်းဖြင့် တိုက်ခတ်ခဲ့သော ဟာရီကိန်းငယ်အမျိုးအစားဖြစ်ပြီး မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပွားခဲ့သည်။
Davenportသာသနာရှိ ကက်သလစ်ကရုဏာရေးအဖွဲ့၏ဒါရိုက်တာ Kent Ferrisက "စိုက်ခင်းများ ပျက်စီးခြင်း၊သစ်ပင်များ ကျိုးကျခြင်းများ ဖြစ်ပွားခဲ့ပြီး အစားအသောက်များ၊ရေသန့်နှင့်အရေးပေါ်ပစ္စည်းများ ဝေငှပေးနိုင်ခဲ့ကြောင်း၊မုန်တိုင်းတိုက်ခတ်သော်လည်း သန့်ရှင်းသော ဝိညာဥ်တော်သည် ကြင်နာခြင်းလေပြေကို နှလုံးသားထဲတွင် တိုက်ခတ်စေကြောင်း" ပြောကြားခဲ့သည်။
Dabuqueကက်သလစ်သာသနာသည်လည်း အကူအညီလိုအပ်သူများအတွက် ရံပုံငွေ ရှာဖွေပေးခဲ့သည်။ထိုမုန်တိုင်းကြောင့် အိမ်ခြေ၈၃၀၀ပျက်စီးပြီး စိုက်ခင်း ဧကသန်း၁၀ ပျက်စီးခဲ့သည်။
အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီး ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ သန်း၃၀၀ကျော် ရှိသည်ဟုဆိုသည်။
ဘာသာပြန် - Agnes Lawh Lun
Photo courtesy of: Darrell Werning via National Weather Service (public domain)
Add new comment