အိုင်ယာလန်​မြောက်ပိုင်းမှ ငြိမ်းချမ်း​ရေး​ဖော်​ဆောင်သူ ကွယ်လွန်သွားသဖြင့် ပုပ်ရဟန်းမင်းကြီးက ဝမ်းနည်း​ကြောင်း​ပေးပို့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ​​မြောက်ပိုင်းအိုင်ယာလန်မှ John Humeဟူသည့် နိုင်ငံ​ရေးသမားနှင့် ငြိမ်းချမ်း​ရေးလှုပ်ရှားသူ ကွယ်လွန်သွားသည့်အတွက် လွန်စွာဝမ်းနည်းမိပါ​ကြောင်း ​ဖော်ပြခဲ့သည်။

ဂျွန်သည် အိုင်ယာလန်​မြောက်ပိုင်းဒေသရှိ နိုင်ငံ​ရေးပဋိပက္ခများကို ​ဖြေရှင်းရန်ကြိုးပမ်း​ဆောင်ရွက်ခဲ့သည့်အတွက် ၁၉၉၈တွင် ငြိမ်းချမ်း​ရေးနိုဗယ်ဆုကို ချီးမြင့်ခြင်းခံရသည်။သူသည် ကွယ်လွန်ချိန်တွင် အသက် ၈၃နှစ်ရှိပြီဖြစ်ပြီး ဘိုးဘွားရိပ်သာတွင် နာတာရှည်​ရောဂါဖြင့် ကွယ်လွန်သည်ဟုသိရသည်။

"အရှင်သူမြတ် ဖရန်စစ်သည် မစ္စတာ ဂျွန်ဟူမွးကွယ်လွန်သည့်အတွက် ဝမ်းနည်းပါ​ကြောင်း၊ကျန်ရစ်သူမိသားစုနှင့် ဝမ်းနည်းပူ​ဆွေး​နေရသူအားလုံးအတွက် ဆု​တောင်း​ပေးပါ​ကြောင်း"ဗာတိကန် အတွင်း​ရေးမှူး ကာဒီနယ် ပါရိုလင်းက ​ရေးသားခဲ့သည်။ပုပ်ရဟန်းမင်းကြီး​ပေးပို့​သော သဝဏ်လွှာကို ဗုဒ္ဓဟူး​နေ့တွင် ပြုလုပ်​သော စျာပနအခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

ဘာသာပြန် - Agnes Lawh Lun

https://bit.ly/33NmSeu

Add new comment

5 + 14 =