အိုင်ယာလန်နိုင်ငံ၌ စက်တင်ဘာ (၁၄ မှ ၁၆) အထိ ‘ကားတိုင်လမ်းလျှောက်’ လှုပ်ရှားမှုပြုလုပ်

အိုင်ယာလန်နိုင်ငံ၌ စက်တင်ဘာ (၁၄ မှ ၁၆) အထိ ‘ကားတိုင်လမ်းလျှောက်’ လှုပ်ရှားမှုပြုလုပ်

အိုင်ယာလန်နိုင်ငံမှကက်သလစ်ဘာသာတူများသည် ‘The Walk the Cross’ (ကားတိုင်လမ်း လျှောက်) သည့်လှုပ်ရှားမှုကို စက်တင်ဘာ (၁၄ မှ ၁၆) ရက်နေ့အထိပြုလုပ်ကြသည်။

ဤလမ်း လျှောက်လှုပ်ရှားမှု၌ စိတ်အားထက်သန်သောဘာသာတူများသည် မိမိတို့နှင့်အတူ ခရီးတစ်လျှောက်၌ သစ် သားလက်၀ါးကပ်တိုင်ကိုထမ်းကြသည်။ လှုပ်ရှားမှု၏ရည်ရွယ်ချက်မှာ ဆုတောင်း၊ နောင်တတရားယူခြင်းနှင့်ဧ၀ံဂေလိတရားပြန့်ပွားခြင်းသည်အရေးကြီးကြောင်းသိရှိစေရန်ဖြစ်သည်။

ဤလှုပ်ရှားမှုကြီးကျင်းပသည့် မိုင်အရှည်မှာ (၃၃) မိုင်ခရီးဖြစ်ပြီး အပိုင်း (၄) ပိုင်းပိုင်းထားသည်။ ၄င်းတို့မှာ အိုင်ယာလန်အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့ဖြစ်သည်။ ဤဘုရားဖူးခရီးစဉ်အတွင်း Clonmacnoise ဟုခေါ်သော ‘သန့်ရှင်းသောနေရာ’ ၌မိမိတို့ကိုယ်စီထမ်းလာသော လက်၀ါးကပ်တိုင်များကိုစိုက်ထူကြသည်။

ဤဘုရားဖူးခရီးစဉ်ကို စက်တင်ဘာလ (၁၄) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် မစ္ဆားပူဇော်ခြင်းဖြင့်အစပြုပြီး ကိုယ်တော်မြတ်ဖူးမြှော်ခြင်းနှင့်ကောင်းချီးမင်္ဂလာခံယူခြင်းအစီအစဉ်လည်းတစ်ပါ တည်းပါ၀င်သည်။ ထိုနောက် ဘုရားဖူးများအားလုံးခရီးစဉ်ကိုစတင်ကြသည်။

နေ့စဉ်ဘုရား ဖူးခရီးစဉ်မစမီ မစ္ဆားတရားပါ၀င်ပူဇော်၍အစပြုသည်။ ခရီးစဉ်စထွက်မည့်ဘုရားကျောင်းမှ Roscrea ရှိ St. Cronans ဘုရားကျောင်းမှ Birr သို့ဆက်လက်လျှောက်ပြီး St. Brendan ဘုရားကျောင်း၌ တစ်ထောက်နားသည်။ နောက်နေ့မနက် မစ္ဆားပူဇော်ပြီးသည်နှင့်ဘုရားဖူးခရီး စဉ်၏နောက်ဆုံးစုရပ်ဖြစ်သော Clonmacnoise သို့အရောက်လျှောက်ကြသည်။

ထိုနေရာမှ ခရီးစဉ်၏နောက်ဆုံးစုရပ်သို့ရောက်ရန် (၃) မိုင်ခရီးကျန်သေးသည်။ ထိုနောက်ဆုံးစုရပ်သို့ရောက်သောအခါ အပိုင်း (၄) ပိုင်းမှကိုယ်စာလှယ်များက လက်၀ါးကပ်တိုင်များကိုစုကြသည်။

ဤလှုပ်ရှားမှုကိုလူသိများလှသော Camino de Santiago (ဆန်တီယေဂိုသို့လမ်းလျှောက်ခြင်း) ဘုရားဖူးခရီးစဉ်မှအတွေးရလာခဲ့ခြင်းဖြစ်သည်။ ထိုခရီးစဉ်သည် စပိန်နိုင်ငံရှိ စိန့်ယာကုပ်၏ဗိမာန်တော်၌အဆုံးသတ်လေ့ရှိသည်။ ဤလှုပ်ရှားမှု၌ပါ၀င်လိုသူများအတွက် ဖုန်း၊ အီးမေးလ်၊ လူမှုကွန်ရက်တို့မှအမည်စာရင်းများကို ကြိုတင်ကောက်ခံခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/ViNR

Add new comment

11 + 0 =