အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌လူ့အသက်ကိုကာကွယ်ကြရန်တောင်းဆိုသောလှုပ်ရှားမှုကြီး၌လူထောင်သောင်းနှင့်ချီပါ၀င်

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌လူ့အသက်ကိုကာကွယ်ကြရန်တောင်းဆိုသောလှုပ်ရှားမှုကြီး၌လူထောင်သောင်းနှင့်ချီပါ၀င်

ကိုယ်၀န်ဖျက်ချခြင်းကိုဆန့်ကျင်ပြီး လူ့အသက်ကိုကယ်တင်ရေးကိုအားပေးထောက်ခံသူများ၏လှုပ် ရှားမှုကို (ဇူလိုင် ၁) ရက်နေ့က အိုင်ယာလန်နိုင်ငံ၏မြို့တော် ဒါဗလင်၌ကျင်းပခဲ့သည်။

လှုပ်ရှားမှု၌ပါ၀င်သူများကနိုင်ငံအတွင်း ကိုယ်၀န်ဖျက်ချမှုမြင့်တက်နေ၍လျော့ချနိုင်ရန် ကိုယ်၀န်မဖျက်ချမီ (၃) ရက်စောင့်ဆိုင်းရန်အစိုးရကိုတောင်းဆိုခဲ့သည်။

ဤလှုပ်ရှားမှုကြီး၌ လူပေါင်း (၃၀၀၀) နီးပါးပါ၀င်ခဲ့ကြောင်း၊ သတ်မှတ်ထားသောစုရပ်မှ ဒေသစံတော်ချိန်မွန်းလွဲ (၁) နာရီ၌စတင်ခဲ့ပြီး သတ်မှတ်ထားသောနေရာသို့စီတန်းသွားခဲ့ကြသည်။ သတ်မှတ်ထားသောနေရာအရောက်၌ နိုင်ငံရေးပုဂ္ဂိုလ်များဖြစ်ကြသော Peadar Toibin၊ TD Mattie McGrath တို့လည်းဟောပြောခဲ့ကြသည်။

ကိုယ်၀န်ဖျက်ချခြင်းကိုလွယ်ကူစွာမပြုလုပ်စေဘဲ ဆွဲဆန့်ထားခြင်းအားဖြင့်ထိုအတောအတွင်း ကိုယ်၀န်ဆောင်အမျိုး သမီးသည် ဤကလေးအား မွေးဖွားရန်အခြားဖြစ်နိုင်ခြေရှိသည့်နည်းလမ်းများကိုလည်းတွေ့ရှိသွားနိုင်၊ ဆုံးဖြတ်ရွေး ချယ်နိုင်သည်။

ယခင်နှစ်က ကိုယ်၀န်ဖျက်ချသည့်ရာခိုင်နှုန်းမှာ (၂၂) ရာခိုင်နှုန်းအထိထိုးတက်သွားခဲ့သည်။ ကိန်းဂ ဏာန်းအတိအကျဖြင့်ပြရလျှင် (၈၁၅၆) ကြိမ်ရှိခဲ့ပြီး (၂၀၂၁) ခုနှစ်က (၆၇၀၀) မှုမှမြင့်တက်လာခြင်းဖြစ် သည်။ ဤမြင့်တက်လာမှုသည် ခြိမ်းခြောက်မှုအကြီးအကျယ်ဖြစ်သည်။ ကိုယ်၀န်ဖျက်ချရန်လာသောအမျိုး သမီးများအား (၃) ရက်စောင့်ဆိုင်းစေရခြင်းမှာ မှတ်တမ်းအရ (၂၀၁၉-၂၀၂၂) အတွင်း မှုပေါင်း (၄၀၀၀) ကျော်၌ ကိုယ်၀န်ဖျက်ချရန်ရောက်ရှိလာသောကိုယ်၀န်ဆောင်များသည် ထိုစောင့်ဆိုင်းစေသည့်အတောအ တွင်းသေချာစွာပြန်လည်စဉ်ခြင်ပြီးနောက် ကိုယ်၀န်ဖျက်ချရန်ထပ်မံရောက်မလာတော့ပေ။

အိုင်ယာလန်နိုင်ငံသားတို့၏ကိုယ်၀န်ဖျက်ချခြင်းဥပဒေအား (၂၀၁၉) ခုနှစ်ကပြင်ဆင်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/46wFNZa

Add new comment

11 + 0 =