အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ရဟန်းတော် များမှကားရပ်နားသောနေရာ၌အာပတ်ထိုင်ဖြေပေးနေကြ

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ရဟန်းတော် များမှကားရပ်နားသောနေရာ၌အာပတ်ထိုင်ဖြေပေးနေကြ

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ရဟန်းတော် များမှကားရပ်နားသောနေရာ၌အာပတ်ထိုင်ဖြေပေးနေကြ

ကိုဗစ် (၁၉) ကာကွယ်ရေးလမ်းညွှန်ချက်ထဲတွင်လူချင်းသုံးပေမှခြောက်ပေခွာ၍နေရမည်ဖြစ် သည်။ အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့ မှဘုန်းကြီးတစ်ပါး၏ကားရပ်နားသည့်နေရာတွင်အာပတ်ထိုဖြေ ပေးသောပုံသည်လူမူကွန်ရက်တွင်အတော်ပျံ့နှံ့ခဲ့သည်။ ထိုဘုန်းကြီးမှာဖာသာရ် ပက်ဖြစ်သည်။ သူနှင့် သူ၏ဘ၀တူဘုန်းတော်ကြီးများသည်တစ်ရက်လျင်နှစ်ကြိမ်အာပတ်ဖြေနားထောင်ပေးသည်။ အပတ် ဖြေနားထောင်တိုင်း ဘုန်းကြီးနှင့်ဘာသာတူသည်သုံးပေအကွာတွင်နေ၍ဖြေဆိုပေးသည်။

ရောဂါဘေး ဆိုးကြီးဤမျှခြိမ်းခြောက်နေသော်လည်းမိမိတို့၏သိုးများ အတွက်မိမိတို့၏အသက်ကိုမငဲ့ဘဲသိုးထိန်းတစ်ပါး၏အမူတော်ကိုကျေပြွန်ရန်သာမဟုတ်ဘဲ၊ အသက်နှင့်လဲ၍ဖြည့်ဆည်းစောင့်ရှောက်ပေးနေသော ကြောင့်လူမူကွန်ရက်တွင်ချီးကျူးခြင်းကိုခံနေရသည်။ ဤသို့မိမိတို့သိုးများ၏ဝိညာဉ်ရေးကိုစောင့် ရှောက်ပေးနေသောသာသနာအုပ်စုမှာစိန့် မာခ်ဖြစ်ပြီး၊ ဒါဗလင်၏မြောက်ပိုင်းရှိ တာလတ်မြို့ဖြစ်သည်။ ဤသို့ပြုလုပ်ရခြင်းမှာထူးခြားသောလုပ်ရပ်မဟုတ်။ ဘုန်းတော်ကြီးများ၏၀တ္တတရားများကိုဖြည့်ဆည်း ခြင်းဖြစ်သည်။

ထူးခြားခြင်းမဟုတ်ဘဲကွဲပြားသည်မှာဘုရားကျောင်းထဲ၌မဟုတ်ဘဲကျယ်ပြောသော ကားရပ်သည့်နေ ရာ၌ဖြစ်ခြင်းပင်။ အာပတ်ဖြေခြင်းကိုဤသို့ပြုလုပ်ရသည့်အကြောင်းအရင်းများရှိပါ သည်။ ကိုဗစ် (၁၉) မကူးစက်ရေးလမ်းညွှန်ချက်အတိုင်း လည်းလုပ်ဆောင်နိုင်ခြင်း၊ ၄င်းထက်ပိုသောသ တင်းမှာဘုရားကျောင်းသည်အခြေအနေအရလေးဖက်နံရံကာသောနေရာ၌သာမဟုတ်။ ဤနေ ရာ၌ လည်းဖြစ်သည်ဟူသည့်အသိပင်ဖြစ်သည်။ ဘုန်းတော်ကြီးများအဖြင့်ဤသို့အခွင့်အရေးပေးထားသော လည်းဘာသာတူများအနေဖြင့် ရော ဂါကိုကြောက်သောကြောင့်တစ်ယောက်စ၊ နှစ်ယောက်စမျှသာမျှော် လင့်ထားခဲ့၍ဖတ်ရန်စာအုပ်ယူသွားခဲ့သည်။ လက်တွေ့၌မူယူသွားသောစာ အုပ်ပင်ဖွင့်ချိန်မရှိအောင်အာ ပတ်ဖြေနားထောင်ပေးခဲ့ရသည်။

အာပတ်ဖြေနားထောင်းပေးသောကာလ၌အာပတ်ဖြေခြင်းစက္ကရာမင်တူးကို ပထမကိုယ်တော်မြတ်ပြီးသည်နှင့်မဖြေခဲ့သည်မှာယခုမှနောက်တစ်ကြိမ်လာရောက်ဖြေဆိုသူများလည်းရှိကြောင်း၊ အာပတ်ဖြေရန်စိတ်ဖြစ်ပေါ်လာ၍လာဖြေကြသူများလည်းရှိ၍ဘုန်းကြီးများအနေဖြင့် အလွန်ကျေနပ်ခဲ့ရကြောင်း၊ ယခုကဲ့သို့ကပ်ရောဂါဆိုးကြီးအတော အတွင်းစွန့်စား ၍ အာပတ်ဖြေလိုသူ များအားအခွင့်အရေးပေးခဲ့ခြင်းနှင့်စပ်လျင်း၍အပြစ်တင်ခြင်းထက်၊ အကောင်းမြင်ကြသည်ကိုလူမူကွန် ရက်၊ သတင်းစာများ၊ ရုပ်မြင်သံကြားများမှပြန်လည်ကြားသိရသည်။

အခြားနိုင်ငံများကဲ့သို့အိမ်ပြင် ထွက်ခွင့်မရှိသည့်ဥပဒေထုတ်ပြန်လိုက်သည့် အချိန်မှစ၍အိုင် ယာ လန်နိုင်ငံ၏ ဘုရား၀တ်ပြုခြင်းပိတ်ထားခဲ့ရသည်။ ဘာသာရေး၀တ္တရားကိုမဖြည့်ဆည်းနိုင်၍မျက်ရည်မျက်ခွက်ဖြစ်နေရသောဘာသာတူ များ လည်းရှိကြောင်း၊ ဘုန်းတော်ကြီးတစ်ပါးအနေဖြင့်ဘာသာတူများနှင့်သိုက်သိုက်၀န်း၀န်းမစ္ဆားပူဇော် လာခဲ့ရာယခုဘာသာတူများမပါဘဲမစ္ဆားပူ ဇော်ရသည်မှာဘုန်းတော်ကြီးအနေဖြင့်မိမိတို့ဘာသာတူများ မစ္ဆားတရားပူဇော်ခြင်း၌ပါ၀င်သည်ကိုတောင့်တ တတ်လာရန်နှင့်ဘာသာတူများ လည်းမိမိတို့၏ဘာသာ ရေး၀တ္တရားများကိုပို၍စိတ်အားထက်သန်စွာပါ၀င်တတ်ရန်အပြောင်းအလဲဖြစ်စေသင့်ကြောင်းနှင့်ဤအ ခြေအနေ ကြောင့်ဘာသာရေး၊ စက္ကရာမင်းတူများနှင့်ကင်းဝေးနေခဲ့သောဘာသာတူများစွာဘုရားရိပ်၊ တရားရိပ်သို့ပြန်လည်ခိုလာကြသည် ကိုလည်း ကြုံခဲ့ကြောင်းပြောကြားခဲ့ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cho6jT

Add new comment

4 + 4 =