အိုင်ယာလန်နိုင်ငံတွင် မေလ (၁၀) ရက်မှစ၍ လူထုနှင့်မစ္ဆားပြန်လည်ပူဇော်တော့မည်။

အိုင်ယာလန်နိုင်ငံတွင် မေလ (၁၀) ရက်မှစ၍ လူထုနှင့်မစ္ဆားပြန်လည်ပူဇော်တော့မည်။

အိုင်ယာလန်နိုင်ငံတွင် မေလ (၁၀) ရက်မှစ၍ လူထုနှင့်မစ္ဆားပြန်လည်ပူဇော်တော့မည်။

            ကိုးဗစ်ကူးစက်ရောဂါကြောင့် အိုင်ယာလန်နိုင်ငံသည်လည်း ဘုရား၀တ်ပြုခြင်းများကိုပိတ်ထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် လာမည့် မေလ (၁၀) ရက်‌နေ့မှစ၍ ကက်သလစ်ဘာသာ၀င်များသည် မစ္တားတရားပြန်လည်ပါ၀င်ပူ ဇော်ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ မစ္ဆားတစ်ပွဲလျှင် ဘာသာတူလူဦးရေ (၅၀) ဦးသာပါ၀င်ခွင့်ပြုမည်ဖြစ်ကြောင်း ၀န်ကြီး ချုပ် Taoiseach Micheál Martin ကပြီးခဲ့သော ကြာသပတေးနေ့၊ ဧပြီ (၂၉) ရက်နေ့က တရား၀င်ကြေညာခဲ့သည်။ သို့သော် အခြားသောဘာသာရေးအခမ်းအနားများဖြစ်သည့် ပထမကိုယ်တော်မြတ်ပင့်ခြင်း၊ ခရစ္စမားအားပေးခြင်းများကိုမူ မကျင်းပသေးရန်ကို မေတ္တာရပ်ခံထားသည်။       

            အိုင်ယာလန်နိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော အင်္ဂလန်နိုင်ငံ၌ (၂၀၂၁၊ ဇန္န၀ါရီလ ၄) ရက်၊ စကော့တလန်နိုင် ငံ၌ (၂၀၂၁၊ မတ်လ ၂၄) ရက်၊ မြောက်အိုင်ယာလန်တွင် (၂၀၂၁၊ မတ်လ ၂၆) ရက်နေ့များမှစ၍ လူထုပါ၀င်လျှက် မစ္ဆားတ ရားပူဇော်ခြင်းများကို အကန့်အသတ်ဖြင့် ပြန်လည်ဖြေလျော့ခဲ့ကြသည်။ အိုင်ယာနိုင်ငံသည် လပေါင်းများစွာဆက်လက် ပိတ်ပင်ထားခဲ့သည်။ ယခင်လအစောပိုင်း၌ အိုင်ယာလန်ဆရာတော်ကြီးများက အစိုးရအနေဖြင့်လူထုဖြင့်မစ္ဆားတရားပူ ဇော်ခြင်းကို ရာဇ၀တ်မူကျူးလွန်သကဲ့သို့ ဖိနှိပ်နေသည်ဟုခံစားရကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။  

            ကြေညာချက်အမှတ် (၁၇၁၊ ၂၀၂၁) အရလက်ရှိ၌ မည်သည့်လူစုလူ‌ေ၀းမျှမလုပ်ရန်၊ သို့သော် ချွင်းချက်ဖြင့်လူဦး ရေကန့်သတ်လုပ်ခွင့်ပြုထားသည့် အခမ်းအနားအချို့ပါရှိသည်။ ၄င်းတို့မှာမစ္ဆားတရားပူဇော်ခြင်း၊ လက်ထပ်ထိမ်းမြှား ခြင်း၊ စျာပနအခမ်းအနားများကျင်းပခြင်းတိ့ဖြစ်သည်။ ဤကြေညာချက်စာအမှတ်သည် အစိုးရအတွက် လိုအပ်လျင်လို အပ်သကဲ့သို့ နေ့စဉ်ကြေညာချက်ထုတ်ပြန်နိုင်ခွင့်ကိုပေးထားခြင်းဖြစ်သည်။ နောက်ပိုင်း၌ ဤကြေညာချက်သည် ဥပဒေ တစ်ခုကဲ့သို့တည်မြဲလာသည်ကို ဘာသာရေးခေါင်းဆောင်များက သတိထားမိလာသောအခါ ဂိုဏ်းချုပ်ဆရာတော်ကြီး Eamon Martin က ကျန်းမာရေး၀န်ကြီးနှင့်တွေ့ဆုံဆွေးနွေးရန်တောင်းဆိုခဲ့သည်။  ဧပြီလ (၁၉) ရက်နေ့တွင် တွေ့ဆုံ ခွင့်ရခဲ့ပြီး၊ အစိုးရ၏ကြေညာချက်စာအမှတ် (၁၇၁၊ ၂၀၂၁) ကိုလုံး၀ကန့်ကွက်ကြောင်းပြောဆိုခဲ့သည်။ အဆိုပါ ကြေညာ ချက်နှင့်ပတ်သက်၍ အိုင်ယာလန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ပို၍ရှင်းလင်းပြတ်သားပြီး၊ တရား၀င်သော အကြံပြုချက်ကိုတောင်းခံသွားမည်ဖြစ်ကြောင်း ထိုတွေ့ဆုံပွဲအပြီးတွင် ထုတ်ပြန်ကြေညာခဲံသည်။       

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Pixabay/ Google Images

https://bit.ly/3u9Yaj0

 

Add new comment

12 + 4 =