အိုင်ယာလန်ကက်သလစ်ဆရာတော်ကြီးများက မြန်မာနိုင်ငံ၊ အရှေ့အ လယ်ပိုင်း နှင့် အိုင်ယာလန်မြောက်ပိုင်းငြိမ်းချမ်းရေး အတွက်တောင်းဆို

အိုင်ယာလန်ကက်သလစ်ဆရာတော်ကြီးများက မြန်မာနိုင်ငံ၊ အရှေ့အ လယ်ပိုင်း နှင့် အိုင်ယာလန်မြောက်ပိုင်းငြိမ်းချမ်းရေး အတွက်တောင်းဆို

အိုင်ယာလန်ကက်သလစ်ဆရာတော်ကြီးများက မြန်မာနိုင်ငံ၊ အရှေ့အ လယ်ပိုင်း နှင့် အိုင်ယာလန်မြောက်ပိုင်းငြိမ်းချမ်းရေး အတွက်တောင်းဆို

အိုင်ယာလန် မှ ကက်သ လစ် ဆရာတော်ကြီးများအဖွဲ့ချူပ်မှ ဂျွန်လ ၁၆ ရက်နေ့က ပြီးဆုံးခဲ့သော ၎င်းတို့၏ အထ​ွေထွေညီ လာခံအပြီးမှာ မြန်မာ နိုင်ငံ၊ အရှေ့အလယ်ပိုင်း နှင့် အိုင်ယာလန်မြောက်ပိုင်းငြိမ်းချမ်းရေး အ တွက်ကို တောင်းဆိုချက်ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်တားမြစ်မှုတေကြောင့် ဗီဒီယို အွန်လိုင်း အစီအစဉ်ဖြင့်သာ ပြုလုပ်ခဲ့ကြတဲ့ ဒီအစည်းအဝေးကြီးမှာ လက်ရှိမြန်မာပြည်၏ အဖြစ်အခြေအနေတွေကို ဆွေးနွေးခဲ့ကြကြောင်း

ဖေဖော်ဝါရီလ ကထဲက မြန်မာပြည်သားများဟာ ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်ခဲ့ကြပေမဲ့ စစ်ကောင် စီမှ အမျိုးမျိုးဖိနှိပ်ခဲ့ကြောင်း ကို ၎င်းတို့ သိရှိပါတယ်လို့ ဆရာတော်ကြီးများက မှတ်ချက်ပြုပါတယ်။

မြန်မာပြည်သားများ၏ အသံနှင့် ဆန္ဒတို့ကိုလေး စားပြီး ဖိနှိပ်ခြင်းများ၊ အကြမ်းဖက်မှုများရပ်တန့်ပါရန်ကို အိုင်ယာလန် ကက်သလစ်ဆရာ တော်ကြီးများက တောင်းဆိုခဲ့ကြတာပါ။

၎င်းအပြင် အရှေ့အလယ်ပိုင်း၊ အစ္စရေး နဲ့ ပါလက်စတိုင်း အကြားမှာဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေ ရပ်တန့်ရန်ကို၎င်း၊ အိုင်ယာလန် မြောက်ပိုင်း မှ တင်းမာမှုအခြေအနေများကို အပြီးသတ်နိုင်ရန်နှင့် နိုင်ငံရေး ၊ လူမှုရေး ခေါင်းဆောင်များအား ကြမ်းတမ်းသည့်စကား များမသုံးကြပဲ လူတိုင်းအနားဂတ် ကို မျှော်လင့်နိုင်မယ့် ငြိမ်းချမ်းခြင်းဆီဉီးတည်နေတဲ့ အပြန် အလှန်ဆွေးနွေးဖလှယ်ခြင်းတွေပြုရအောင် ဆရာတော်ကြီးမျာက ဖိတ်ခေါ်လိုက်ပါတယ်။

အိုင်ယာလန် ဘာသာဝင်များကိုလည်း မိမိကိုယ်ကိုယ်နဲ့ တပါးသူအား ကာကွယ်ဘို့ ကိုဗစ်ကာကွယ် ဆေးထိုးကြဘို့နှိုးဆော်တိုက်တွန်းထားပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3xoigXO

Add new comment

5 + 15 =