အိမ်ယာမဲ့များအားကူညီရန် ခုနစ်နှစ်အရွယ်မိန်းကလေးငယ် စတင်

အိမ်ယာမဲ့များအားကူညီရန် ခုနစ်နှစ်အရွယ်မိန်းကလေးငယ် စတင်

အမေရိကန်နိုင်ငံ Rhode Island ဒေသတွင်နေထိုင်သော ၇နှစ်အရွယ်မိန်းကလေးသည် သူ၏ကိုယ်ပိုင်တီထွင်မှုဖြင့် အိမ်ယာမဲ့များအား ကူညီရန်ကြိုးစားလျက်ရှိသည်။

Scarlett Raucci ဟုအမည်ရသည့် ထိုမိန်းကလေးသည် ကျောက်စရစ်ခဲများ၊ ခရုခွံများစသည့် ပစ္စည်းများအပေါ်တွင် ဆေးရောင်များဖြင့် အလှဆင် ၍ ရောင်းချခဲ့သည်။ သူမနေ ထိုင်သော သာသနာနှင့်သူမ၏ အဖွားတက်ရောက်သော ဘု ရားကျောင်းမှ ဘာသာတူများကပါ သူမ၏လုပ်ငန်းတွင် ကူ ညီပေးလာကြသည်။ ကျောင်းထိုင်ဘုန်းတော်ကြီးကလည်း "ခရစ်ယာန်အသက်တာတွင် ရှိအပ်သော ကိုယ်ချင်း စာတရား"ဟု ချီးကျူးခဲ့သည်။

၂၀၁၉ ခုနှစ်က သူမသည် သူမ၏အဖွားနှင့်အတူ လမ်း လျှောက်ထွက်လာရင်း ကမ်း ခြေတွင် ပင်လယ်ရေ၏ ဆေး ကြောသန့်စင်ခြင်းခံရသော ပစ္စည်းမျိုးစုံကို တွေ့ခဲ့သည်။ပင်လယ်ခရုခွံ၊ ဘူး၊ ကျောက်စ ရစ်ခဲစသည်တို့ကို ကောက် ယူ ၍ သူမ၏ ဆင်းရဲသားတို့အားကူညီခြင်း အစီအစဉ်ကို စတင်ခဲ့သည်။ ယခုအခါ သူမ၏ သူ ငယ်ချင်းတစ်ယောက်သည်လည်း ဆင်းရဲသားများဆောင်းရန် ဦးထုပ်များကို ရက်လုပ်နေသည်။

သူမသည် လွန်ခဲ့သော ၂၀၂၀ အတွင်း ဒေါ်လာ ၁၁၅၀ ခန့်ရှာဖွေနိုင်ခဲ့ပြီး ဆင်းရဲသားအိမ်ခြေမဲ့များအား ခြေအိတ်

နှင့်အထဲခံအင်္ကျီ အစုံ ၄၅၀ ကို ဝေပေးနိုင်ခဲ့သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Greg Brave | Shutterstock

https://bit.ly/2MhNXzN

Add new comment

13 + 2 =