အိမ်မှာနေရင်း ပုတီးစိတ်ကြရန် ဘာသာဝင်သားသမီးများအား ပုပ်ဖရန်စစ် အားပေးတိုက်တွန်း

အိမ်မှာနေရင်း ပုတီးစိတ်ကြရန် ဘာသာဝင်သားသမီးများအား ပုပ်ဖရန်စစ် အားပေးတိုက်တွန်း

အိမ်မှာနေရင်း ပုတီးစိတ်ကြရန် ဘာသာဝင်သားသမီးများအား ပုပ်ဖရန်စစ် အားပေးတိုက်တွန်း

ဘာသာ၀င်သားသမီးများအနေနဲ့ အမိမယ်တော်ကို ချစ်ခင်ခြင်း အားကိုးခြင်း သဒ္ဒါကြည်ညိုခြင်းကိုပြသောအားဖြင့် အထူးသဖြင့် မေလ မှာ အိမ်ထဲမှာနေပေမဲ့ စိတ်ပုတီး စိတ်ကြရန်ကို ဧပြီ ၂၅ ရက် ရဟန္တာစိန့်မာကု ပွဲနေ့၌ ထုတ်ဝေသော စာစောင်မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က အားပေးတိုက်တွန်းလိုက်ပါတယ်။

မိသားစု လိုက်ပုတီးစိတ်ဆုတောင်းခြင်း အစဉ်အလာသည် အလွန်မွန်မြတ်ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်ကြောင့် အိမ်တွင်းအောင်းရသည့်အတွက် ဝိညာဉ်ရေးရှုထောင့်မှ ပိုမိုခွန်အားယူနိုင်ဘို့ မိသားစုလိုက်ပိုပြီး ဆုတောင်းခြင်း ပုတီးစိတ်ခြင်းကို ပြုကြရန် အားပေးထားတာပါ။

တဉီးတည်းဖြစ်စေ မိသားစု အလိုက်ဖြစ်စေ စိတ်ပုတီးစိတ်ခြင်းအလေ့အထ ဟာ အလွန်လှပ မွန်မြတ်ကြောင်း

ရိုးရိုးလေး ပူတီးစိတ် ဆုတောင်းနိုင်ကြသလို အင်တာနက်မှာလည်း စိတ်၀င်စားဖွယ် ပုတီးစိတ်ခြင်းကို လမ်းညွှန်ထားတဲ့ အချက်တွေရှိ​တဲ့အတွက် တမူထူးထူးခြားခြားလေး လုပ်ပြီးလည်းဆုတောင်းနိုင်ကြောင်း

မဟ်တော်ရဲ့ နှလုံးတော်မှာ သားတော်ယေဇူး၏ မျက်နှာတော်ကို ထောက်ရှုဆုတောင်းခြင်းအားဖြင့် ဝိညာဉ်ရေး၌ ပို၍ ခိုင်မာကျစ်လစ်သော မိသားစု အခက်အခဲများကို ကျော်လွှားနိုင်တဲ့ မိသားစု များဖြစ်စေမည်ဖြစ်ကြောင်း

၄င်းအနေနှင့် အားလုံးကို အထူးသဖြင့် ဒုက္ခ ရောက်နေသူများအတွက် သတိယ ဆုတောင်းပေးနေကြောင်းနှင့် ၄င်းအတွက်လည်း ဆုတောင်းပေးကြပါရန် အရှင်သူမြတ် ပုပ်ဖရန်စစ်က တောင်းဆိုကာ ၄င်း၏ စာကို အဆုံးသတ်ခဲ့တာဖြစ်​ကြောင်းကို Vatican News အရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/2Y7txgS

Add new comment

3 + 16 =