အိန္ဒိယ ခရစ်ယာန်များ ကိုဗစ်ရောဂါကိုအောင်နိုင်ရန် အစာရှောင်ခြင်း၊ ဆုတောင်းခြင်း ပြုလုပ်။

အိန္ဒိယ ခရစ်ယာန်များ ကိုဗစ်ရောဂါကိုအောင်နိုင်ရန် အစာရှောင်ခြင်း၊ ဆုတောင်းခြင်း ပြုလုပ်။

အိန္ဒိယ ခရစ်ယာန်များ ကိုဗစ်ရောဂါကိုအောင်နိုင်ရန် အစာရှောင်ခြင်း၊ ဆုတောင်းခြင်း ပြုလုပ်။

ကိုးဗစ်ကပ်ရောဂါကြောင့်နိုင်ငံ၏ကျန်းမာရေးး စောင့်ရှောက်မှုသည်လည်း အကြပ်တည်းနှင့်ရင်ဆိုင်ရပြီး၊လူအမြောက်အများသည်လည်းရောဂါကူးစက်ခံရ၍ လူများစွာသေကြေကြခြင်းကြောင့်ဤကပ်ဘေးတို့မှ လွတ်မြောက်နိုင်ရန်အတွက် တစ်ရက်တာ အစာရှောင်ဆုတောင်းခြင်းကို အိန္ဒိယနိုင်ငံမှ ခရစ်ယာန်များ ပြုလုပ်ခဲ့ကြပါသည်။

အိန္ဒိယ နိုင်ငံ၏ ဆရာတော်ကြီးများညီလာခံ(စီဘီစီဘီ)တွင် အစာရှောင်ဆုတောင်းခြင်းကို မေလ၏ ပထမသောကြာနေ့၌ ပြုလုပ်ရန် သတ်မှတ်ခဲ့သည်။ ဘုံဘေမြို့မှ ဆရာတော်ကြီးများညီလာခံ၏ ဥက္ကဌဖြစ်သော ကာဒီနယ် အော်ဇွယ်ဂရာ့စီယာ့စ် သည် တနိုင်ငံလုံးရှိ ဆရာတော်ကြီးများအား မိမိတို့ကျောင်းဆောင်များ၌ရှိသောဘုရားခန်း သို့မဟုတ် ဘုရားကျောင်းတော်ကြီးတွင် အတူတကွ စုရုံးပြီး ဆုတောင်းကြရန် တောင်းဆိုခဲ့ပါသည်။

ဘုံဘေ ဂိုဏ်းချုပ်သာသနာအတွက် ကာဒီနယ်မှ ဆုတောင်းခြင်းကို ပြင်ဆင်ခဲ့သည်။ ထိုဆုတောင်းခြင်း၌ ခေတ္တခဏတိတ်ဆိတ်စွာနေ၍ ဘုရားကို အာရုံပြုခြင်း၊ အထွေထွေ ဆုတောင်းခြင်း၊ ရှင်မာဿဲဧဝံဂေလိကျမ်းမှ သခင်ခရစ်တော် ရေပေါ်လမ်းလျှောက်ခဲ့ခြင်းကျမ်းပိုဒ်ကို ဖတ်ရှုပြီးထောက်ရူခြင်းနှင့် အမိမယ်တော်သခင်မထံ၌ ဆုတောင်း ဝတ်ပြုခြင်းဖြင့် ဆုတောင်းခြင်းကို အဆုံးသတ်ခဲ့ကြသည်။

နိုင်ငံတော်အတွက်ဆုတောင်းမေတ္တာများ

ကမ္ဘာတဝှမ်း ရောဂါပြန့်ပွားနေသော အချိန်ခါသမယတွင် စိုးရိမ် ပူပန်ခြင်းနှင့် ကြောက်ရွံ့ခြင်းကိုရင်ဆိုင်နေကြသော ကျွန်ုပ်တို့အားလုံးတွက် ဆုတောင်းပါ၏ ဟု ဆုတောင်းခြင်းအစတွင် ပြောဆိုခဲ့ပါသည်။

ရှေ့တန်းမှာအားသွန်ခွန်စိုက်အလုပ်လုပ်နေကြသော ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဆရာများနှင့်ဝန်ထမ်း၊ မိသားစုဝင်များ၊သူငယ်ချင်းမိတ်ဆွေများ၊ မသိကျွမ်းသောမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရင်း သင်တို့ ဘေးကင်းလုံခြုံပြီး၊ ကျန်းမားရေးကောင်းမွန်ရန်နှင့် ခွန်အားများရရှိရန်ဆုတောင်းပေးပါသည်။ ထို့အပြင် ဆုံးဖြတ်ချက်များကိုတာဝန်ယူကာလုပ်ဆောင်နေကြသော ခေါင်းဆောင်များ၊ ဥပဒေရေးရာ၌တာဝန်ရှိသူများသည်လည်း ဘုရားရှင်၏ လမ်းညွန်မှုကို ရရှိပြီး မြင့်မြတ်သောစိတ်ထားဖြင့်ကိုယ်ကျိုးစွန့်ကာလုပ်ဆောင်နိုင်ရန် နှင့် သိပ္ပံပညာရှင်အဖွဲ့သည်လည်း ဤကပ်ဘေးကို ထိန်းချုပ်နိုင်သော နည်းလမ်းများ ရှာဖွေတွေ့ရှိနိုင်ရန် ဆုတောင်းမေတ္တာဖြင့် ပူဇော်ပါသည်။ အမိကမ္ဘာမြေကြီးသည် လူသားများ၏ လုပ်ရပ်များကြောင့် ပျက်စီးယိုယွင်းမှုများနှင့် ပင်ပန်းနွမ်းနယ်နေမှုများမှ ပြန်လည်ကျန်းမာကောင်းမွန်လာရန် ဆုတောင်းမေတ္တာကို အထူးပင် လိုအပ်လျှက်ရှိပါသည်။ အချို့သောဆရာတော်ကြီးများသည်လည်း စိပ်ပုတီးစိတ်ဆုတောင်းခြင်းနှင့် ကျမ်းစာထောက်ရူခြင်းအပြင် ကိုယ်တော်မြတ်ဖူးခြင်းကိုလည်း ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ခဲ့ကြပါသည်။

"ခရစ်ယာန်ဂိုဏ်းများ၏ ဆောင် ရွက်ချက်"

အချို့သောခရစ်ယာန်အသင်းတော်များသည်လည်း india ကက်သလစ်ဆရာတော်များ၏ အစီအစဉ်တွင်ပါဝင်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံတခုလုံးနှင့်ဆိုင်သောအသင်းတော်ကောင်စီနှင့် အိန္ဒိယနိုင်ငံ၏ ဧဝံဂလိတရားတော်နောက်လိုက်အဖွဲ့ များသည် ခရစ်ယာန်လူဦးရေ သန်းငါးရာကျော်ကို ကိုယ်စားပြုသော အသင်းတော် (၃၅၀) ဖြင့် ဖွဲ့သည်းထားသည့် တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော်ကောင်စီအသင်းဝင်များဖြစ်ပြီး ထိုအသင်းတော်များသည် ဝါရှောင် ဆုတောင်းခြင်း၌ ပါဝင်ခဲ့ကြကြောင်း (စီဘီစီအိုင်)မှ ပြောကြားခဲ့သည်။

(WCC) နှင့်အာရှတိုက်၏ ခရစ်ယာန်ညီလာခံတွင် “အိန္ဒိယနိုင်ငံရှိ လူပေါင်းများစွာ၏အသက်ဆုံးရှုံးရခြင်းနှင့် ဒုက္ခအခက်ခဲများကြားတွင် သင်တို့နှင့်အတူ ကျွန်ုပ်တို့ဆုတောင်းမေတ္တာ၌ တစ်လုံးတစ်ဝတည်းရှိ
နေကြောင်း” အိန္ဒိယလူမျိုး ခရစ်ယာန်များ၏ ဘာသာရေးဆိုင်ရာစာစောင်၌ ရေးသားဖော်ပြထားပါသည်။ ဗုဒ္ဓဟူးနေ့အစောပိုင်းတွင်အိန္ဒိယနိုင်ငံရှိ အသင်းတော်များမှ ခရစ်ယာန်များနှင့် သူတို့၏ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲခြင်းနှင့် ဆုတောင်းမေတာဖြင့်ပြည့်ဝလျက် တစ်လုံး တစ်ဝတည်းရှိကြောင်းကို ပြသခဲ့ကြပါသည်။

ကပ်ရောဂါကြောင့် ပုံစံအမျိုးမျိုးဖြင့် ထိခိုက်ခဲ့ကြသောသူများကို အားပေးကူညီနှစ်သိမ့်နိုင်ရန် မေလ (၇)ရက်နေ့တွင်လာရောက်ဆုတောင်းကြသောသူများတစ်ဦးချင်းကို သော်လည်းကောင်း၊အသင်းအဖွဲ့လိုက်သော်လည်းကောင်း စုပေါင်းဆုတောင်းခြင်းများ၌ အသုံးပြုရန်အတွက် ဝမ်းနည်းငိုကြွေးခြင်း၊ မျော်လင့်ခြင်းနှင့် ခွန်အားဖြစ်စေသောဆုတောင်းမေတ္တာများ စာရွက်များထုတ်ဝေကာ ဆုတောင်းခြင်းတွင် လိုအပ်သောပစသည်းများကို WCC မှ ပြင်ဆင်ပေးခဲ့ပါသည်။

"ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းခြင်းအမှု ပြုရန်တိုက်တွန်းခြင်း"

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် စိတ်ပျက်ဝမ်းနည်းဖွယ် ကျန်းမာရေးအခြေအနေဆိုးနှင့်ကြုံတွေ့ရင်ဆိုင်နေရသောအိန္ဒိယနိုင်ငံရှိလူများအားလုံးကို သူ၏ ရင်းနှီးမှုနှင့်တစ်လုံးတစ်ဝတည်းရှိကြောင်းကိုပြသရန် စာတစ်စောင်ကို ကာဒီနယ် ဂရားစီယား(စ်)ထံ ကြာသာပတေးနေ့တွင်ပို့ခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးသည် ဖျားနာသောသူများ၊ ကွယ်လွန်သွားသောသူများနှင့် ကျန်ရစ်သူမိသားစုများ အားလုံး ဘုရားရှင်၏ကုသမူ၊ နှစ်သိမ့်ခြင်းကျေးဇူးခံစား ရရှိရန် ဆုတောင်းပေးရင်း မမောမပန်းကူညီပေးနေကြသောကျန်းမာရေး ဝန်ထမ်းများ၊ကူညီပံ့ပိုးမူအမျိုးပေးနေသောသူများကို ပုပ်ရဟန်းမင်းကြီး မှ အသိအမှတ်ပြုဂုဏ်ပြုကြောင်းနှင့် အစေခံခြင်းအားလုံးတွင် ချစ်ခြင်းမေတ္တာပြကာ တစ်လုံးတစ်ဝတည်းရှိနေပေးသည့်အတွက် ကက်သလစ်အသင်းတော်ကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။
လူနေမှုဘဝနှင့် လုပ်ငန်းခွင်များပုံမှန်အခြေအနေပြန်လည်ရောက်ရှိရန်နှင့် ကပ်ရောဂါအမြန်ဆုံးပြီးဆုံးသွားရန် အမိမယ်တော်မှ ဘုရားရှင်ထံပန်ကြားပေးဖို့ရန်အတွက် မယ်တော်၏လဖြစ်သောမေလတွင် အိန္ဒိယနိုင်ငံရှိ ခရစ်ယာန်များအတူစုရုံးကြသည့်နည်းတူ ၎င်းလကို တစ်ကမ္ဘာလုံးနှင့်ဆိုင်သောဆုတောင်းဝတ်ပြုမှု မာရသွန်ပွဲကျင်းပဖို့ရန် ပုပ်ရဟန်းမင်းကြီးမှ သတ်မှတ်ထားပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ မယ်တော်၏ရင်ပြင်တော် (၃၀)ခုကိုသတ်မှတ်ထားပြီး ၎င်းရင်ပြင်တခုစီ၌ရှိသောဘာသာတူများမှ တစ်ရက်စီ ဆုတောင်းဝတ်ပြုမှုကို ဦးဆောင်သွားရန်နှင့် ထိုဆုတောင်းသောနေ့တိုင်းသည် သီးခြားရည်ရွယ်ချက်များထည့်သွင်းသွားရန်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးသည် ရောမတွင်ရှိသော စိန်ပီတာရင်ပြင်ရှိ ဘာစီးလီကားဘုရားကျောင်းမှ "ရာသက်ပန်ကူညီခြင်း" ဟုခေါ်သော ဘုရားစင်ပေါ်တွင် မေလ တစ်ရက်နေ့၌ “စိပ်ပုတီး မာရသွန်”ဖွင့်ပွဲကို ကျင်းပခဲ့ပါသည်။ စိပ်ပုတီးစိပ်ခြင်းအစီစဥ်ကို ညနေ (၆:၀၀)နာရီ၊ ရောမစံတော်ချိန် ညနေ(၄:၀၀)နာရီတွင် ဗာတီကန်သတင်းမှ တိုက်ရိုက် ထုတ်လွင့်ပေးပါသည်။ မေလ(၇) ရက်နေ့တွင် ဖိလစ်ပိုင်ရှိ ရေကြောင်းခရီးများတွင်အထူးမှိုင်းမတော်မူသော ငြိမ်းချမ်းခြင်း၏မယ်တော် ရင်ပြင်မှ စိတ်ပုတီးစိပ်ခြင်းကိုပြုလုပ်ခဲ့ပါသည်။

ဘာသာပြန်- Sr. Rita Roi, SJA

Photo courtesy of : AFP or Licensors

https://bit.ly/3uyUzLB

Add new comment

1 + 4 =