အိန္ဒိယ ကက်သလစ်သီလရှင်တစ်ပါး အမျိုးသမီးများနှင့် ဆိုင်သော ဥပဒေကို ရေးဆွဲနိုင်ခဲ့သည့်အတွက်ဂုဏ်ပြုခံရ

အိန္ဒိယ ကက်သလစ်သီလရှင်တစ်ပါး အမျိုးသမီးများနှင့် ဆိုင်သော ဥပဒေကို ရေးဆွဲနိုင်ခဲ့သည့်အတွက်ဂုဏ်ပြုခံရ

အိန္ဒိယ ကက်သလစ်သီလရှင်တစ်ပါး အမျိုးသမီးများနှင့် ဆိုင်သော ဥပဒေကို ရေးဆွဲနိုင်ခဲ့သည့်အတွက်ဂုဏ်ပြုခံရ

 

            အိန္ဒိယမှကက်သလစ်သီလရှင်တစ်ပါးလည်းဖြစ်ပြီး၊ အထက်လွှတ်တော်၌ လည်းပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သည့် သီလရှင်သည် အမျိုးသမီးသီးသန့်ဥပဒေစာအုပ်ကို ပထမဦးဆုံးရေးဆွဲပြဌာန်းနိုင်ခဲ့သည့်အတွက်ဂုဏ်ပြုခံရသည်။

ဂုဏ်ပြုလက်မှတ်ကို အထက်လွှတ်တော်ကိုယ်စားတာ၀န်ရှိသောအဖွဲ့မှ စစ္စတာရ် Jessy Kurian အားပေးအပ်ခဲ့သည်။ သူသည် အိန္ဒိ ယနိုင်ငံ၌ ဤဆုကိုပထမဦးဆုံးရရှိသော ကက်သလစ် သီလရှင် ဖြစ်သည်။ ယခုကဲ့သို့အသိအမှတ်ပြုခံရခြင်းအတွက် ပျော်ရွှင်ကျေနပ်မှုဖြစ်ရကြောင်း ဤဆုချီးမြှင့်ခံ ရခြင်းနှင့်စပ်လျင်း၍ သူ၏ခံစားချက်ကိုပြောကြားခဲ့သည်။

ဤဆုချီးမြှင့်သည့် အခမ်းအနားကို အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေပြဌာန်းသောနေ့ဖြစ်သည့်နို၀င်ဘာလ (၂၆) ရက်နေကအထက်လွှတ်တော်တွင်ကျင်းပခဲ့သည်။ အဆိုပါစာအုပ်ကို (၂၀၀၉) ခုနှစ်ကထုတ်ဝေဖြန့်ချီခဲ့သည်။ ထို့စာအုပ်တစ်အုပ်ကိုအထက်တန်းတရားသူကြီးဖြစ်သော Ms. Sheila Dikshit အားလည်းကောင်း၊ Delhi ၏အခြေခံဥပဒေဆိုင်ရာအဖွဲ့အားလည်း ကောင်းပေးအပ်ခဲ့သည်။ စစ္စတာရ်ကိုယ်တိုင်သည်လည်း လူနည်းစုပညာရေးအဖွဲ့အစည်းကော်မရှင်၏အဖွဲ့၀င်လည်းဖြစ်သည်။

စာအုပ်ထဲ၌ အမျိုးသမီးနှင့်ဆိုင်သော အိန္ဒိယနိုင်ငံ၏တရားရုံးအသီးသီးမှမှတ် ချက်များအား လုံးပါ ၀င်သည်။ စာအုပ် ကိုထုတ်ဝေရခြင်းမှာ အမျိုးသမီးများအားပညာပေးရန်နှင့် ၄င်းတို့၏အခွင့် အရေးနှင့် အကြမ်းဖက်စော်ကားခံရသည့်အခါ တရားဥပဒေနှင့်အညီတရားစွဲဆိုနိုင်သော ဥပဒေများကိုသိရှိ ပညာပေးရန်ဖြစ်သည်ဟုဆိုသည်။

ဤဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းသည် သူ့တစ်ဉီးကိုယ်သာ ပျော်ရွှင်မှုပေးသည်မဟုတ်ဘဲ ယခုကဲ့သို့စာပေ ရေးသား၍ အမျိုးသမီးများအားလည်းပညာပေးခြင်းနှင့်၄င်းတို့၏အ ခွင့်အရေးကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်သည်ကိုအားပေးကြောင်းပြသရာရောက်သည်ဟုလည်းအဆိုပါစစ္စတာရ်က ပြောကြားခဲ့သည်။ ဤစာအုပ်သည် သူ၏တရား၀င်စာပေဖြင့်ပညာပေးသောအစီအစဉ်ဖြစ်ပြီး၊ ဦးတည် ချက်မှာအစိုးရမဟုတ်သောနိုင်ငံသားအခွင့်အရေးများ အမျိုးသမီးထုထံသို့ ယုံကြည်စွာ အပ်နှံခြင်းဖြစ်သည်။

စစ္စတာရ်သည် အပယ်ခံ၊ စွန့် ပစ်ခံအမျိုးသမီးများအားတရား၀င်ကူညီပေးနေသူလည်းဖြစ်သည်။ သူသည် စာအုပ်သေး (၁၇) အုပ်ကိုရေးသားခဲ့ပြီး၊ စာ အုပ် (၃) အုပ်နှင့်အမျိုးသမီးများ၊ လူမှုရေးရာ၊ ဥပဒေအကြောင်းအရာများနှင့်ပတ်သက်သော ဆောင်းပါးပေါင်း (၃၀၀) ကျော်ကိုရေးသားထားပြီး၊ Indian Currents, The New Leader, and Matters India တို့တွင်ဖော်ပြခြင်းခံခဲ့ရသူဖြစ်သည်။    

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ozdiG9

Add new comment

3 + 12 =