အိန္ဒိယ ကက်သလစ်ကိုယ်ကာယအလှမယ် ‘Telangana’ ဆုချီးမြှင့်ခံရ

အိန္ဒိယ ကက်သလစ်ကိုယ်ကာယအလှမယ် ‘Telangana’ ဆုချီးမြှင့်ခံရ

အိန္ဒိယ ကက်သလစ်ကိုယ်ကာယအလှမယ် ‘Telangana’ ဆုချီးမြှင့်ခံရ

            အိန္ဒိယအားကစားသမားလည်းဖြစ်ပြီး၊ ကိုယ်ကာယအလှမယ်တစ်ဦးဖြစ်သူသည် ‘Telangana’ ဆုကိုချီးမြှင့် ခံခဲ့ရသည်။ ဤဆုကို နို၀င်ဘာလ (၂၆) ရက်နေ့ကချီးမြှင့်ခဲ့သည်။ သူသည် Telangana ပြည်နယ်မှဖြစ်ပြီး၊ ပြည်နယ်၏ဂုဏ်ဆောင်သောကြောင့်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သူ၏အမည်မှာ Alica Joe ဖြစ်သည်။ ဤဆုရရှိခြင်းမှာ လူထု၏မဲ အပေါ်မူတည်၍ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်ဟုဆိုသည်။

ဆု၌ကဗျည်းရေးထိုးပေးထားသည်မှာ ဘုရားသခင်ကိုကျေးဇူးကြောင်း၊ (၂၂) နှစ်ကြာ ကြိုးစား လာခဲ့ပြီးနောက် ယခုကဲ့သို့ချီးမြှင့်ခြင်းခံရသည့်အတွက် အလွန် မင်္ဂလာ ရှိလာသည်၊ ဂုဏ်လည်း ယူမိကြောင်း၊ အောင်ခြင်း၏အသီးအပွင့်ကိုစတင်ခံစားနေရပြီဖြစ်ကြောင်း၊ သူ၏မိဘနှစ်ပါးကို လည်းကျေးဇူးတင် ကြောင်း၊ ၄င်းတို့၏အားပေးအားမြောက်မှုကြောင့်သာလျှင် ဤလမ်းခရီးဖောက် လျှောက်နိုင်ခဲ့ကြောင်း၊ သူ၏ပြည်နယ်သားများနှင့်လည်း၀မ်းသာပျော်ရွှင်ရကြောင်း၊ အဘယ် ကြောင့်ဆိုသော် ၄င်းတို့၏မဲပေးရွေးချယ်ခဲ့မှုကြောင်းရရှိ ခဲ့ကြောင်း၊ သူ၏အားကစားနယ်ပယ်၌  မိသားစု ဝင်အချို့အပါအဝင် မိတ်ဆွေအချို့ကပင် သူ့အားစိတ်ဓာတ်ကျအောင်ပြောဆိုပြုမှုခဲ့ကြသူများရှိကြောင်း။ ယနေ့ ဤချီးမြှင့်လိုက်သောဆုတံဆိပ်ဖြင့် ဂုဏ်ယူ၀င့်ကြွားနိုင် ပြီဖြစ်သည်။

သူသည် ကိုယ်တိုင်ကစားသကဲ့သို့ Joe အားကားစားသင်တန်းကျောင်း၏အုပ်ချုပ်သူနှင့်နည်းပြဖြစ် သည်။ သူ၏မျှော်မှန်းချက်ကား အရည်အသွေးပြည့်မှီသောအားကစား သမားများမွေးထုတ် ပေးရန်ဖြစ်သည်။ လက်ရှိ ၌ သင်တန်းသား (၄၀) ကျော်ကိုသင်တန်းနည်းပြပြု လုပ်နေ‌ကြောင်းနှင့် ကျောင်းသူကျောင်းသားများမှာ (၃-၁၅) အရွယ်များဖြစ်ကြသည်။ ၀ူရူးအားကစားပြိုင်ပွဲ၌ သူသည် ကမ္ဘာ့နံပါတ် (၅) အဆင့်ရှိသူဖြစ်သည်။ သင်တန်းကိုကြီး ကြပ်ရခြင်းမှာ အမျိုးသမီးများ မိမိကိုယ်မိမိ ကာကွယ်တတ်ရန်ဖြစ်သည်။ ဤဆုကိုချီးမြှင့်ရာ၌သူရဲခေါင်းတို့၏ကိုယ် ကျိုးမဖက်သောသူများ၊ အသင်းအဖွဲ့များအား ၄င်းတို့၏ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံသောကြောင့် ချီးမျြင့်ခဲ့သည်။ 

ဤဆုကို အကြောင်းအရာနှစ်ခုဖြင့်ချီးမြောက်လေ့ရှိပါသည်။ ‘Achievers’ နှင့် ‘Emerging’ ဆုဟုခေါ်ပြီး၊ ကဏ္ဍ အ သီး၌ အထူးချွန်ဆုံးအားကစားသမားများကိုချီးမြှင့်လေ့ရှိသည်။ သူသည် ဒုတိယအမျိုးအစား ကိုလက်ခံ ရရှိခဲ့သည်။ သူသည် အိန္ဒိယနိုင်ငံ၏တောင်ပိုင်း၊ Golconda, Hyderabad ရှိ စိန့်မိုက်ကယ် သာသနာ အုပ်စုမှဖြစ်သည်။ သူသည် စိန့်အဲန်ကောလိပ်၌ စီးပွားရေးနှင့်ကျောင်းပြီးထားသူဖြစ်သည်။ သူသည် (၂၀၁၉) ခုနှစ် အိန္ဒိယကက်သလစ် ဆရာတော် ကြီးများချီးမြှင့်သောဆုကိုလည်း ထိုနှစ်၏ အောက်တို ဘာလ (၁၇) ရက် ကလက်ခံရရှိခဲ့သည်။ သူသည် အရည်အချင်း ပြည့်မှီသောနည်းပြနှင့်ဒိုင်လူကြီး တစ်ဦးလည်းဖြစ်သည်ဟုဆိုသည်။         

 

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rTQpj0

Add new comment

11 + 5 =