အိန္ဒိယ၌ ကားမတော်တဆမှုကြောင့် မာသာရ်ထရီးဇာအသင်းဘာရာသာရ်တစ်ပါးပျံလွန်ပြီး အခြား (၅) ပါးဒဏ်ရာရ

The ambulance in which the MC brothers were travelling on Sept 15, 2022 (Photo supplied)

အိန္ဒိယ၌ ကားမတော်တဆမှုကြောင့် မာသာရ်ထရီးဇာအသင်းဘာရာသာရ်တစ်ပါးပျံလွန်ပြီး အခြား (၅) ပါးဒဏ်ရာရ

ပြီးခဲ့သော စက်တင်ဘာလ (၁၅) ရက်နေ့က အိန္ဒိယ၌ ကားမတော်တဆမှုကြောင့် မာသာရ်ထရီး ဇာအသင်းဘရာသာရ်တစ်ပါးပျံလွန်ပြီး အခြား (၅) ပါးမှာဒဏ်ရာရရှိခဲ့သည်။ ပျံလွန်သွားသောဘာရာသာရ်မှာ သက်တော် (၆၀) ရှိပြီဖြစ်သည်။ ဒဏ်ရာရသော (၅) ပါးအ နက်တစ်ပါးမှာအလွန်စိုးရိမ်ရ သည့် အခြေအနေ၌ရှိနေပြီး ကားမောင်းသူလည်းဖြစ်သည်။ ပျံလွန်သွားသောဘာရာသာရ်၏စျာပနကိုစက်တင် ဘာလ (၁၇) ရက်နေ့ကကျင်းပပြီးစီပြီဖြစ်သည်။ ၄င်းတို့သည် ရွာတစ်ရွာမှပြန်လာကြသည်။ ကားပေါ်၌ ဘရာသာရ် (၁၀) ပါးပါကြသည်။ ၄င်းတို့အနက် (၄) ပါးမှာ စက်တင်ဘာလ (၁၀-၁၅) ရက်နေ့အထိ ယာယီကတိသစ္စာကိုထပ်မံပြုရန်ပြင်ဆင်နေသူများဖြစ်သည်။

စက်တင်ဘာ (၁၅) ရက်နေ့ အဆိုပါပြင်ဆင်သည့်သင်တန်းပြီးဆုံးသောအခါ ထိုဒေသအနီးအနား ရှိ ရေတံခွန်သို့လည်ပတ်ရန် ကားနှစ်စီးဖြင့်သွားခဲ့ကြသည်။ အခင်းဖြစ်ပွားသည်မှာ လည်ပတ်ပြီးအပြန် တွင်ယခုကဲ့သို့အဖြစ်နှင့်ကြုံခဲ့ရသည်။

အဆိုပါရေတံခွန်ကို ‘Hundru Falls’ ဟုခေါ်ပြီး Ranchi ခရိုင်တွင်ရှိသည်။ ဤရေတံခွန်သည် အိန္ဒိ ယနိုင်ငံ၏ (၃၄) ခုမြောက်ဖြစ်ပြီး အမြင့်ဆုံးလည်းဖြစ်သည်။ ကားသည် ဟန်ချက်မထိန်နိုင်တော့ဘဲ အနီးအနားရှိသစ်ပင်ကို၀င်တိုက်လိုက်ဟန်ရှိသည်။ ကျန်သောဘရာသာရ်များလည်း ဒဏ်ရာပြင်းထန် ကြသည်။

ထိုကားပေါ်၌လိုက်ပါသွားကြသောဘာရာသာရ်များမှာ

(၁) Benjamin Biswas (၄၇) နှစ်၊ (၂) Roshan Minj (၂၁) နှစ်၊ (၃) Ranjith Kullu (၄၅)၊ (၄) Rajesh Kerketta (၄၀)၊ (၅) Tobias Xaxa (၂၀)၊ (၆) Anthony Toppo (၅၀) တို့ဖြစ်ကြသည်။

၄င်းတို့သည် ခေါင်းနှင့်ခြေများ၌ထိခိုက်ခဲ့ကြသည်။ ကားမောင်း သူမှာလက်ကျိုးသွားပြီး၊ ကျန် (၈) ပါးမှာနံရုံးများကျိုးသွားခဲ့ကြသည်။ သို့သော် ကားမောင်းသူသာလျှင် Ranchi ဆေးရုံ၏အထူးကြပ်မတ်ဆောင်၌ကုသမှုကိုခံယူစေပြီး ကျန်ထိခိုက်ဒဏ်ရာရသူများကို Ranchi ခရိုင် ဆေးရုံသို့ပို့ပေးလိုက်ကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DPN1eJ

Add new comment

7 + 0 =