အိန္ဒိယ၌ ကက်သလစ်တက္ကသိုလ်အား ကိုးဗစ်ကုသနေရာအဖြစ်ဖွင့်လှစ်

အိန္ဒိယ၌ ကက်သလစ်တက္ကသိုလ်အား ကိုးဗစ်ကုသနေရာအဖြစ်ဖွင့်လှစ်

အိန္ဒိယ၌ ကက်သလစ်တက္ကသိုလ်အား ကိုးဗစ်ကုသနေရာအဖြစ်ဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ Kolkata မှစိန့်ဇေးဗီးယားကက်သလစ်တက္ကသိုလ်အား ကိုးဗစ်ရောဂါကူးစက်မှုရှိမရှိစောင့်ကြည့် ရမည့်သူများထားရှိသောအဆောင်အဖြစ် ဖွင့်လှစ်ခွင့်ပေးလိုက်သည်။

ဤတက္ကသိုလ်သည် ဂျက်ဆွီစ်ဘုန်းတော်ကြီးများ တာ၀န်ခံဖွင့်လှစ်ထားသည်။ တက္ကသိုလ်၏ လက် ထောက်မော်ကွန်းထိန်းဖြစ်သော ဖာသာရ် Felix Raj, S.J., က ချို့တဲ့ နွမ်းပါးသောရွာများ၌ မိသားစု၀င်များသည် အလွန်ကျဉ်းသောအိမ် ၌နေထိုင်ကြရပြီး၊ ပူးပူးကပ်ကပ်ရှိလွန်းလှကြောင်း၊ ထို့ ကြောင့် သံသ ယရှိလူနာများကိုအိမ်၌ ထားရှိခြင်းထက် ယခုကဲ့သို့စီစဉ်ထားပေးသောနေရာ၌ နေထိုင်စေခြင်းသည်ရောဂါ ရှိခဲ့သော် ဆက်လက်မကူးဆက်ရန်ကာကွယ်ရာရောက်မည်ဖြစ် ကြောင်း၊ ပြည်သူတို့၏ဝေဒနာခံစားနေမှုကို မိမိတို့နှင့်မဆိုင်သကဲ့သို့ လက်ပိုက်ကြည့်နေ၍မရကြောင်း၊ စိန့်ဇေးဗီးယားတက္ကသိုလ် ပြည်သူတို့၏ဘ၀ဒုက္ခများကို အမြဲကူညီပေးခဲ့ ကြောင်း ဤသို့ဖွင့်လှစ်ခွင့်ပြုရခြင်းနှင့်ပတ်သက်၍ရှင်းပြ သည်။

စိန့်ဇေးဗီးယားတက္ကသိုလ်သည် သံသယရှိစောင့်ကြည့်လူနာဆောင် သုံး ဆောင်ကို ကုတင် (၉၀) လုံးဖြင့် Asansol သာသနာ၏ အကူ အညီကိုရယူကာ စီစဉ်သွားမည်ဖြစ်သည်။ ဤနေရာသည် တစ်ထောက်နားပြီး ရောဂါစစ် ဆေးသည့်နေရာဖြစ်သည်။ ရောဂါရှိမှသာ ဆေးရုံသို့ပို့ဆောင်ကုသခံယူရမည်ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာထားရှိပေး မည့်ပစ္စည်းများမှာ ကုတင်၊ အောက်စီဂျင်ဗူး၊ ပိုးသတ် ဆေး၊ ကျွမ်းကျင်သူနာပြုများနှင့်ဆရာ၀န်များအသင့်စောင့်ရှောက် ပေးမည်ဖြစ်သည်။

Calcutta ဟုလူသိများသောဒေသအခေါ် Kolkata ၌ယခုတစ်ကြိမ်ပြန်လည်ဖြစ်ပွားသော ကိုးဗစ် ကူးစက်မူ နှုန်းသည် အိန္ဒိယ၌လူနေထူထပ်သောမြို့တစ်မြို့ဖြစ်သကဲ့ သို့ ရောဂါကူးစက်မှုနှုန်းလည်း မြင့်မားလျှက်ရှိသည်။ Kolkata တည်ရှိသော Bengal (ဘင်ဂါ) အနောက်ဖက်၌ မေလ (၁၃) ရက်နေ့ တစ်ရက်တည်း၌ ရောဂါကူးစက်သည့် လူနာသစ် (၂၀၈၃၉) ဦးရှိခဲ့သည်။ အိန္ဒိယတစ်နိုင်ငံလုံး၌ ကူးစက်လူများလွန်းသောကြောင့် ကုတင်၊ အသက်ရူကိရိယာ၊ အောက်စီဂျင်ဗူးမလုံ လောက်မူများရှိနေသည်။ ရောဂါကြောင့်သေဆုံးသူဦးရေမှာ Delhi နှင့် Bengaluru နှစ်မြို့တည်း၌ ပင်လျှင် မီးသဂြိုလ်ရန်ပင်စောင့်ဆိုင်းနေရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ရောဂါဖြင့်သေဆုံးသူဦးရေ တစ်နေ့ပျမ်းမျှ (၃၅၀၀) ခန့်ရှိကြောင်း၊ ရောဂါဖြင့်ဆုံးပါးခဲ့သူ စု စုပေါင်းမှာ (၂၆၂၀၀၀) ဦးခန့်ရှိပြီဖြစ်ကြောင်း၊ ဤအရေအတွက်သည် စာရင်းဇယားဖြင့်သေချာစွာမပြုစုနိုင်သေးသည် များလည်းရှိသေးသည်။

ကမ္ဘာကျန်းမာရေးအဖွဲ့၏ ပြေ ာရေးဆိုခွင့်ရှိသူဖြစ်သော Tarik Jasarevic က ယခုကဲ့သို့သေဆုံး သူမြင့်တက်လာရခြင်းမှာ အိန္ဒိ ယ၌ တွေ့ရှိသော ကိုးဗစ် (၁၉) မျိုးစေ့သစ်ကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Shutterstock

https://bit.ly/2RdLedR

Add new comment

11 + 5 =