အိန္ဒိယအရှေ့ပိုင်းပြည်နယ်၏၀န်ကြီး Naveen Patnaik ရဟန်းမင်းကြီးနှင့်တွေ့ဆုံ

အိန္ဒိယအရှေ့ပိုင်းပြည်နယ်၏၀န်ကြီး Naveen Patnaik ရဟန်းမင်းကြီးနှင့်တွေ့ဆုံ

အိန္ဒိယအရှေ့ပိုင်းပြည်နယ်၏၀န်ကြီး Naveen Patnaik ရဟန်းမင်းကြီးနှင့်တွေ့ဆုံ

အိန္ဒိယအရှေ့ပိုင်းပြည်နယ်၏၀န်ကြီး Naveen Patnaik သည် ဇွန်လ (၂၂) ရက်နေ့က ရဟန်းမင်းကြီးနှင့်ဗာတီ ကန်တွင်တွေ့ဆုံခဲ့သည်။

ဤသို့တွေ့ဆုံခဲ့ရသောကြောင့် အလွန်ကျေနပ်ရပါကြောင်း၊ လှိုက်လှဲနွေးထွေးသောကြိုဆိုမှုအ တွက်လည်းကျေးဇူးတင်ကြောင်းနှင့်ကျန်းမာရေးအမြန်ပြန်လည်ကောင်းမွန်လာစေရန်နှင့်သက်တော်ရှည်ပါစေရန်လည်း ဆန္ဒပြုကြောင်းဖြင့် ၀န်ကြီးက သူ၏လူမှုကွန်ရက်ပေါ်တွင်ရေးတင်ထားသည်။

၀န်ကြီးသည် Odisha ၏ကိုယ်စား ရဟန်းမင်းကြီးအား အသက်ပင်ကိုဖော်ညွှန်းရေးဆွဲထားသော ပန်းချီကား တစ်ချပ်ကိုလက်ဆောင်ပေးခဲ့သည်။ အဆိုပါပန်းချီကားသည် Odisha ၏အနုပညာလက်ရာ အလွန်ပြောင်မြောက်လှ သောပန်းချီကားဖြစ်သည်ဟုဆိုသည်။

၀န်ကြီးနှင့်တွေ့ဆုံရသည့်အတွက် ဗာတီကန်၌ရောက်ရှိနေသော ကက်သလစ်ဘုန်းတော်ကြီး များ၊ သီလရှင်များမှာအလွန်ကျေနပ်ခဲ့ကြရသည်။ ၀န်ကြီး ကျန်းမာစေကြောင်းလည်းဆုတောင်းပေးခဲ့သည်။

၀န်ကြီး သည် (၁၁) ကြာခရီးစဉ်၌ ယခုကဲ့သို့ ရဟန်းမင်းကြီးနှင့်လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သူသည် ရောမမှဒူဘိုင်းသို့အ ထူးကိုယ်စားလှယ်များနှင့်ခရီးသွားနေခြင်းဖြစ်သည်။ ၀န်ကြီးသည် ရောမရှိ ကမ္ဘာ့စားသောက်ကုန်လုပ်ငန်း၏ ရုံးချုပ်ရှိ ရာသို့လည်းသွားရောက်လည် ပတ်ပြီး၊ အဆင့်ဆင့်ထုတ်လုပ်ပုံအကြောင်း၊ ကျန်းမာရေးနှင့်ညီညွှတ်အောင်ထုတ်လုပ်နည်း နှင့်သဘာ၀ဘေးနှင့်ကြုံသည့်အခါများ၌အရေး ပေါ်ဖြေရှင်းနိုင်ရန်ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OCRofK

Add new comment

5 + 7 =