အိန္ဒိယသမ္မတသစ်သည် အခြေခံဥပဒေဆိုင်ရာနိုင်ငံသားအခွင့်အရေးများကိုမြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များမျှော်လင့်နေကြ

အိန္ဒိယသမ္မတသစ်သည် အခြေခံဥပဒေဆိုင်ရာနိုင်ငံသားအခွင့်အရေးများကိုမြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များမျှော်လင့်နေကြ

အိန္ဒိယနိုင်ငံမှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များသည် အသစ်ရွေးချယ်ခံထားရသောသမ္မတက နိုင်ငံသားအ ခွင့်အရေးများ အထူးသဖြင့် ဌာနေပြည်သူများ၏အခွင့်အရေးကို တိုးမြှင့်လုပ်ဆောင်လိမ့်မည်ဟုမျှော်လင့်နေကြသည်။

ပြီးခဲ့ သော ဇူလိုင် (၂၁) ရက်နေ့က Draupadi Murmu အား သမ္မတအဖြစ်ရွေးကောက်တင်မြောက်နိုင်ခဲ့သည်။ သူသည်လူမျိုးနွယ်စုအမျိုးသမီးမှပထမဦးဆုံးသမ္မတဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ၏သမ္မတသမိုင်း၌ ဒုတိယအမျိုးသမီးသမ္မတဖြစ်လာသူဖြစ်သည်။ သမ္မတအာဏာကို ဇူလိုင် (၂၅) ရက်နေ့ကလွှဲအပ်ခံယူခဲ့သည်။ သူသည် အိန္ဒိယနိုင်ငံ၏ (၁၅) ဦးမြောက်သမ္မတဖြစ် လာခြင်းလည်းဖြစ်သည်။ အထွေထွေရွေးကောက်ပွဲကို ဇူလိုင် (၁၈) ရက်နေ့ကကျင်းပခဲ့သည်။

သူသည် အသက် (၆၄) နှစ်ရှိပြီဖြစ်သည်။ သူကိုယ်တိုင်သည်လည်း လူမျိုးနွယ်စုမှဖြစ်၍ ဌာနေပြည်သူများ၏ဆုံးရှုံး နေသောအခွင့်အရေးများကိုမြင့်တင်လုပ်ဆောင်ပေးမည်ဟုမျှော်လင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဌာနေ လူမျိုးနွယ်စုများအနေဖြင့် အဖက်ဖက်မှအခွင့်အရေးများစွာချိုးဖောက်ဆုံးရှုံးခံနေရသည်။ ဥပမာအားဖြင့် ပညာရေး၊ အ လုပ်အခွင့်အလမ်းများ၊ လုပ်ပိုင်ခွင့်များတို့၌ အခွင့်အရေးအလွန်နည်းပါးကြသည်။ အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော် ကြီး များအဖွဲ့ချုပ်၏အတွင်းရေးမှူးဖြစ်သော ဖာသာရ် Nicholas Barla ကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လူမျိုးနွယ်စုဆိုင်ရာတာ၀န်ခံစစ္စတာရ် Lalita Roshni Lakra ကလည်း ရေ၊ မြေ၊ သစ်တောများကိုသာအားထားရှင်သန်နေကြသော ဌာနေပြည်သူများ၏အခွင့်အရေးမဆုံးရှုံး စေဘဲ တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးသမ္မတသစ်အနေဖြင့်လည်း လူမျိုးနွယ်စု၏အမျိုးသမီးအခွင့်အရေး ကိုလည်းကာကွယ်မြှင့်တင်လုပ်ဆောင်သင့်ကြောင်းပြောကြားသည်။ ထို့အတူ အမျိုးသမီးသမ္မတသစ်နှင့်စပ်လျင်း၍ ဘာ သာရေးခေါင်းဆောင်များလည်း အပြုသဘောဆောင်သောအမြင်နှင့်မျှော်လင့်ချက်များထားရှိလျှက်ရှိသည်။

ကက်သလစ်ဘာသာတူတစ်ဦးဖြစ်ပြီး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော John Dayal ကလည်း အမျိုးသမီးသမ္မတသစ်အနေဖြင့် လူနည်းစုဘာသာ၀င်များဖြစ်ကြသော မွတ်စလင်၊ ခရစ်ယာန်နှင့်အခြားဘာ သာ၀င်များအား သူ့အပေါ်ထားရှိသော မျှော်လင့်ချက်များကို စိတ်ပျက်အောင်လုပ်လိမ့်မည် မဟုတ်ဟုမျှော်လင့်ရပါကြောင်း မကြာခင်နှစ်များမှစ၍ မွတ်စလင်နှင့်ခရစ်ယာန်ဘာသာ၀င်တို့သည် နာကျင်ဖွယ်ရာ အကြမ်းဖက်မှုများ၊ အမုန်းဖက်သော စကားများဖြန့်‌ဝေခြင်းနှင့်အစွန်းရောက်ဟိန္ဒူဘာသာ၀င်အစွန်းတို့၏ရန်လိုအမြင်မကြည်လင်မှုကြောင့်ရန်လိုမှုများဖန်တီးရာသားကောင်များကဲ့သို့ဖြစ်လာခဲ့သည်။ လူနည်းစုဘာသာ၀င်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများသည် အလွန်စိုး ရိမ်စရာအခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံ၏သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေအရ နိုင်ငံအမြင့်ဆုံးရာထူးကိုပိုင်ဆိုင်ထားသည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ဂိုဏ်းချုပ်ဆရာတော် John Barwa က ပြည်သူတို့သည် အမျိုးသမီးသမ္မတသစ်အား ယုံကြည်စွာ အပ်နှံထားသည်။ ယခုကဲ့သို့လူမျိုးနွယ်စုမှအမျိုးသမီးတစ်ဦးသည် နိုင်ငံတော်၏အမြင့်ဆုံးရာထူးကိုထမ်းဆောင်ရန်ရွေး ကောက်ခံရခြင်းသည် ဌာနေလူမျိုးစုများအဖို့အလွန်ဂုဏ်ယူစရာဖြစ်သည်။ ဌာနေလူမျိုးစုများသည် အိန္ဒိယနိုင်ငံ၏လူဦး ရေ (၁.၄) ဘီလီယံအနက် (၈.၆) ရာခိုင်နှုန်းရှိသည်။

လက်ရှိအမျိုးသမီးသမ္မတသစ်အား (ဇွန်လ ၂၀၊ ၁၉၅၈) ခုနှစ်၊ Odisha ခရိုင်၊ Mayurbhanj ၌မွေးဖွားခဲ့သည်။ နိုင်ငံထဲသို့ခြေစုံပစ်၀င်မီက သူသည် ကျောင်းဆရာမတစ်ဦးလည်းဖြစ်၊ Odisha ၌ပရောဖက်ဆာလည်းဖြစ်ခဲ့သည်။ နောက် ပိုင်း၌ သူသည်စည်ပင်၀န်ကြီးဌာနဘက်သို့ပြောင်းသွားခဲ့ပြီး၊ ဥပဒေရေးဆွဲရေးအဖွဲ့၏အဖွဲ့၀င်အဖြစ်သက်တမ်းနှစ်ခုကြာ တာ၀န်ထမ်းဆောင်ခဲ့သည်။ ထို့နောက် Odisha ၏၀န်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသည်။ သူသည် (၂၀၁၅ မှ ၂၀၂၁) အထိ Odisha နှင့်မ‌‌ဝေးလှသည့် Jharkhand ၏ဒေသအစိုးအဖြစ်လည်းတာ၀န်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3TqXO4s

Add new comment

8 + 4 =