အိန္ဒိယလူမျိူး ယေဇူးအသင်းဂိုဏ်း (Jesuit) ဝင် ဘုန်းတော်ကြီးတပါး ပညာရေးဆိုင်ရာ ဆု ရရှိ

အိန္ဒိယလူမျိူး ယေဇူးအသင်းဂိုဏ်း (Jesuit) ဝင် ဘုန်းတော်ကြီးတပါး ပညာရေးဆိုင်ရာ ဆု ရရှိ

အိန္ဒိယလူမျိူး ယေဇူးအသင်းဂိုဏ်း (Jesuit) ဝင် ဘုန်းတော်ကြီးတပါး ပညာရေးဆိုင်ရာ ဆု ရရှိ

ကိုးလ်ကတ္တားမြို့ St.Xavier တက္ကသိုလ် မှ အဓိပတိ ဘုန်းတော်ကြီး Fr.John Felix Raj သည် အိန္ဒိယနိုင်ငံထိပ်တန်းဟင်ဒီသတင်းဌာနမှ ပေးအပ်သော " ABP Ananda Shiksha Ratna ( ဝမ်းမြောက်ဖွယ် ပညာရေး ရတနာ) ဟုခေါ်သော ပညာရေးဆိုင်ရာဆုကို ဇွန်လ ၁၀ ရက်နေ့က လက်ခံရရှိခဲ့ပါတယ် ။

ဆုချီးမြှင့်ခြင်း အခမ်းအနားကို အိန္ဒိယနိုင်ငံအရှေ့ပိုင်း ,အနောက်ဘန်ဂေါ်လ် Kolkata ရှိ Swabhumi တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဘုန်းတော်ကြီး Felix ဟာ ပညာရေးဆိုင်ရာကျွမ်းကျင်သူ ၊စီးပွားရေးပညာရှင် နှင့် ပရဟိတသမား ဂျေးဇဝစ် ဘုန်းတော်ကြီး တပါးဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တွင်လည်း ဩစတြေးလျား နိုင်ငံမှ သူ​၏ ထူးချွန်ပြောင်မြောက်သည့် ဆက်ကပ်မှု နှင့် ပညာရေးနှင့်စီမံခန်ခွဲရေးကဏ္ဍတို့တွင် သူ့ဘဝတလျောက်လုံးအောင်မြင်စွာ စွမ်းဆောင်နိုင်မှု တို့အတွက် " Hall of Fame" ခေါ် ဆုကို သူ့အား ပေးအပ်ခဲ့ပါတယ်။

ဘုန်းတော်ကြီးသည် ပညာရေးတွင်သူ​၏ ပေးဆပ်လုပ်ကိုင်မှု အတွက် အခြားများစွာသော ဆုပေါင်းများစွာကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်။

Calcutta ဂိုဏ်းချုပ်သာသနာ မှလည်း သူ့အားဂုဏ်ယူ ချီးမွမ်းခဲ့ပြီး ဇေးဗီးယန်း များအတွက် ဂုဏ်ယူဖွယ်အခိုက်အတန့်ဖြစ်ကြောင်း နှင့် ပညာရေးဆိုင်ရာ ကဏ္ဍ များတွင် ဦးဆောင်လမ်းညွှန်ခဲ့ပြီး ကာလကြာမြင့်စွာ အထောက် အကူ ပေးခဲ့သည့်အတွက်လည်း Fr. Felix Raj အား ကျေးဇူးအထူးတင်ပါကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3zB1Uzu

Add new comment

7 + 0 =