အိန္ဒိယရှိကာမဲလိုက်သာသနာပြုအသင်း နှစ် ၅၀ ၌ လူပေါင်း (၁) သိန်းကိုဆေးကြောခြင်းပေးခဲ့

အိန္ဒိယရှိကာမဲလိုက်သာသနာပြုအသင်း နှစ် ၅၀ ၌ လူပေါင်း (၁) သိန်းကိုဆေးကြောခြင်းပေးခဲ့

အိန္ဒိယရှိကာမဲလိုက်သာသနာပြုအသင်း နှစ် ၅၀ ၌ လူပေါင်း (၁) သိန်းကိုဆေးကြောခြင်းပေးခဲ့

"ကာမယ်လိုက်အသင်း’ ဟုခေါ်ပြီး အတိုကောက်အားဖြင့် (OCD) ဟုခေါ်သော သာသနာပြုအသင်းသည် အိန္ဒိ ယနိုင်ငံ၏ တောင်ပိုင်း Andhra နှင့် Telangana ပြည်နယ်အတွင်း နှစ်ပေါင်း (၅၀) သာသနာပြုခဲ့ရာ ထိုနှစ်များအတွင်း လူပေါင်း (၁) သိန်းကိုဆေးကြောခြင်းပေးနိုင်ခဲ့ပါတယ်။

၄င်းတို့သာသနာပြုနေသော သာသနာ၌လည်း Khammam ဟု ခေါ်သော ဂိုဏ်းချုပ်သာသနာတစ်ခုကိုလည်း မွေးဖွားနိုင်စေခဲ့ပါတယ်။

ဤမှတ်ကျောက်ကား ကာမဲလိုက်သာသနာပြုဘုန်းတော်ကြီးအသင်းတို့၏ ‘ရွှေရတု’ မင်္ဂလာအခမ်း အနား၏ဂုဏ် ယူစရာတစ်ခုဖြစ်စေခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသို့ကာမယ်လိုက်အသင်းသာသနာပြုနေခဲ့သည့် ‘ရွှေရတု’ နှစ်ပတ်လည်နေ့ကို ဇွန်လ (၈) ရက်နေ့ကကျင်းခဲ့ကြတာပါ။

အဆိုပါဂျူဗလီမစ္ဆတရားသို့ ဂိုဏ်းချုပ်ဆရာတော် Anthony Poola ၊ဆရာတော် Maipan Paul၊ ဆရာတော် Udamala Bala၊ ဆရာတော် Polimera Jayarao၊ မွန်ဆီညှော် Anthonappa Chowrappa၊ Kurnool သာသအတွက် ရဟန်းမင်းကြီးကိုယ်စားခန့်အပ်ထားသောဘုန်းတော်ကြီးတို့ပါ၀င်ပူဇော်ခဲ့ကြပါတယ်။

ဆရာတော် Paul ကနှစ် (၅၀) အတွင်း အသင်းမှစွမ်းဆောင်နိုင်ခဲ့သည်များကိုဖော်ထုတ်ခဲ့သည့်အပြင် အသင်း၏ ကြိုးစားအားထုတ်မှုဖြင့် ဧ၀ံဂေလိတရား၏တန်ဖိုး၊ ကိုယ်ကျင့်တရား၊ ငြိမ်းချမ်းရေးနှင့်အသင်းအဖွဲ့အတွင်း သဟဇာတရှိ မှုတို့ိကိုလည်းထုတ်ဖော်ကျေးဇူးတင်ခဲ့ပါတယ်။

Palvancha, Khammam ရှိ အမိမယ်တော်၏ဗိမာန်တော်၌ ဦးပဉ္ဇင်း (၆) ပါးအားလည်း ထာ၀ရရဟန်းသိက္ခာတင်ပေးခဲ့ကြောင်း၊ ‘၀ါကြီးရဟန်းတော်များသည် အမွေထားခဲ့ပြီဖြစ်၍ ရဟန်း သစ်များဆက်လက်၍ ရှေ့သို့သယ်ဆောင်ရန် မဆုတ်မနစ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊

သန့်ရှင်းသောဆီတော်လူးမှတ် ခံများသည် ယေဇူးသင်၏နှလုံးတော်နှင့်တူကြရမည်။ ယေဇူးသခင်နှင့်အတူ လောကမှသည်သံသရာခရီးထိပြုနိုင်ရန် နှစ် နှင့်ချီကြာပြုပြင်ပုံသွင်းခြင်းကိုခံခဲ့သည်။ သူတော်စင်တို့ဘ၀၌ပျော်ရွှင်မှုသည် ဥစ္စာပေါများကြွယ်၀ခြင်း၊ နည်းပညာများ၊ သက်တာင့်သက်သာရှိသောဘ၀မျိုး၌မတည်။

ဘုရားသခင်၏လူမျိုးတော်တို့ကို ဘုံကောင်းကျိုးအတွက်ရည်စူး၍ လူများ ကိုစည်းရုံးရမည်။ ပညာပေးရမည်’ ဟုပြောကြားခဲ့တာပါ။

သစ်လွင်စွာသိက္ခာတင်ခဲ့သောရဟန်းတော်များမှာ Devanandam, Joachim Bandi, Ratnaraju Abbadasari, Raviteja နှင့် Vijay Talari တို့ဖြစ်ကြကြောင်း

ဘုရားသခင်၏ကျေးဇူးတော်၊ သနားခြင်းနှင့်ချစ်ခြင်းဖြင့် လူ့အသိုင်းအ၀ိုင်းကိုအစေ ခံရန် ဘ၀ကိုဆက်ကပ်အပ်နှံ၍ ရဟန်းဖြစ်လာခဲ့ပါသည်’ ဟုရဟန်းသစ်ဘုန်းတော်ကြီး Joachim Bandi ကပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှအကြီးဆုံးပြည်နယ်ဖြစ်သော Andhra Pradesh သည် ကာမယ်လိုက်အသင်းသာသနာပြုနေသော သာသနာနယ်ဖြစ်ကာ သာသနာပြုခြင်းကို (၁၉၇၁) ၌ ကာမဲလိုက်ဘုန်းတော်ကြီး (၃) ပါးဖြင့်အစပြုခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံအတွင်း ၄င်းတို့၏ဗဟိုဌာနမှာ Kothagudem ၌ဖြစ်ပါတယ်။ ယခုအခါ သာသနာနယ်များစွာကိုပြန်လည် တိုးချဲ့နိုင် ခဲ့ပြီဖြစ်ကြောင်း ၄င်းတို့ဟာ Andhra Pradesh နှင့် Telangana ပြည်အတွင်း သာသနာ (၁၂) ရှိသည့်အနက် သာသ နာ (၁၀) ခုတွင် သာသနာပြုလျှက်ရှိပါတယ်။

၄င်းတို့ဟာ ရွာပေါင်း (၂၅၀) ကိုကြည့်ရှု‌စောင့်ရှောက်ပေးနေရကြောင်း (၁၉၉၀) အစောပိုင်းကစ၍ ကာမယ်လိုက်သာသနာပြုများသည် ဒေသခံခေါ်တော်မှုခြင်းများရရှိရန်ကြိုးစားအားထုတ်ခဲ့ပါတယ်။

ဧဝံဂေလိတရားဟောကြားခြင်းများ၌ ဦးစားပေးလုပ်ဆောင်နေခဲ့သောကြောင့် ဒေသခံခေါ်တော်မှုခြင်းကိုစတင် ရန်အနည်းငယ်နောက်ကျခဲ့​ေုကြာင်း ထို့အတူ ဘာသာ၀င်အသစ်များဖြစ်၍လည်း ချက်ချင်းလက်ခံရန်စောင့်စိုင်းခဲ့ခြင်း လည်းဖြစ်ကြောင်း၊ လက်ရှိ၌ ကာမဲလိုက်ရဟန်းလောင်းကိုရင် (၃၄) ပါးရှိပြီး၊ အခြေခံရဟန်းလောင်း‌ ကျောင်းသား (၃၆) ဦး ရှိကြောင်း ချို့တဲ့နွမ်းပါးကျောင်းသားများကျောင်းတက်ရောက်နိုင်ရန်ကျောင်း (၇) ကျောင်းကိုဖွင့်လှစ်ကြီးကြပ်နေသည်။ အထူးသဖြင့် ‌ေ၀းလံခက်ခဲသောဒေသမှကလေးများ၏ပညာရေးအတွက်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးအမျိုးသား ဘော်ဒါဆောင် (၉) ခုရှိပြီး၊ မိန်းကလေး၊ ယောကျင်္ားလေး (၂၅၀) အား ကျောင်းအိပ်ကျောင်းစားထားပေးကြောင်း

၄င်း တို့ဟာ အပယ်ခံ၊ အစွန့်ပစ်ခံကလေးများဖြစ်ကြသည်။ ၄င်းတို့အား အတန်းပညာများ၊ အတတ်ပညာများ၊ လက်မှုပညာ များကို သင်ကြားပေးသည်။ ကျောင်းထွက်လိုက်ကြသော လူငယ် (၂၅၀) ခန့်အား မိမိတို့ခြေပေါ်ရပ်တည်နိုင်ရန် အသက် မွေး၀မ်းကျောင်းပညာများဖြစ်သော လက်သ မား၊ လျှပ်စစ်၊ ရေရှာဖွေသည့်သင်တန်းများကို အိန္ဒိအစိုးရ၏အသိအမှတ် ပြုလက်မှတ်များကို ဘော်ဒါဆောင်မှတရား၀င်ထုတ်ပေးလေ့ရှိကြောင်း၊ အတိတ်ကိုဂုဏ်ပြုလျှင် အနာဂတ်သည် အားအင် ပြည့်လာသည်။ ထိုအခါ မျက်မှောက်ကာလသည် ပျော်ရွှင်စရာဖြစ်သည်။ ရွှေရတုပွဲတော်သည် ကျေးဇူးတော်ချီးမွမ်းရ သည့်နှစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးတင်စရာများစွာရှိသောကြောင့်ဖြစ်သည်ဟု ဒေသန္တရအကြီးအကဲ ဖာသာရ် Jayaraju Bollikonda ကပြောကြားခဲ့ပါတယ်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3tCu6hL

Add new comment

2 + 11 =